အီရတ်နိုင်ငံ တိုက်ဂရစ်မြစ်အတွင်း ရေယာဉ်နစ်မြုပ် လူ၁၀၀ နီးပါးသေဆုံး

မိုလ်ဆူး၊ မတ်၂၂ – ၂၀၁၉

မျိုးဆက် (VOM)

အီရတ်နိုင်ငံ မိုဆူးမြို့ရှိ တိုက်ဂရစ်မြစ်အတွင်း မတ် ၂၁ ရက်က ခရီးသည်တင် ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့လို့ လူပေါင်း၁၀၀နီးပါး သေဆုံးသွားပါတယ်။

သေဆုံးသူအများစုမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ အီရတ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဲဒီ ရေယာဉ်ဟာလူပေါင်း၂၀၀နီးပါး တင်ဆောင်လာတယ်လို့ ယူဆရတယ်ဆိုပါတယ်။

အဲဒီ ရေယာဉ်ဟာ နှစ်သစ်ကူးပွဲတော်ကျင်းပရာ နေရာတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ကျွန်းတစ်ကျွန်းဆီကို ဦးတည်သွားရောက်စဉ် နစ်မြှပ်ခဲ့တာဖြစ်ပါတယ်။

ရေယာဉ်ပေါ်လိုက်ပါလာသူအများစုဟာ ရေမကူးတတ်ကြဘူးလို့ မိုလ်ဆူးမြို့ပြကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ လူပေါင်း ၉၄ဦးထဲမှာ ကလေးငယ်၁၉ဦးနဲ့ အမျိုးသမီး၆၁ဦးထက်မနည်း ပါဝင်ပြီး လူ ၅၅ဦးကိုတော့ ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

ရေယာဉ်ဟာ ခရီးသည်တွေအလွန်အကျွံတင်ဆောင်ခဲ့ပြီး ရေတွေဟာ သင်္ဘောပေါ်အထိဝင်ရောက်လာပြီး တိမ်းမှောက်သွားတယ်လို့ လိုက်ပါသွားတဲ့ ခရီးသည်တစ်ဦးကဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ရှာဖွေဖို့အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လုပ်ဆောင် နေကြပါတယ်။

ဒီမတော်တဆမှုမတိုင်မီ မိုလ်ဆူးရေကာတာ ဖွင့်ထားတဲ့အတွက် တိုက်ဂရစ်မြစ်ရဲ့ ရေပမာဏတိုးလာမှာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက သတိပေးထားပြီး အချို့သူတွေကတော့ ရေယာဉ်မောင်းသူတွေဟာ ဒီအကြံပေးချက်တွေကို လျစ်လျူရှုတယ်လို့ စွပ်စွဲနေကြပါတယ်

။ Ref: BBC Photo : Getty Images

#voiceofmyanmar #နိုင်ငံတကာသတင်း #ရေယာဉ်နစ်မြုပ်

Related posts

✕
VOM News

FREE
VIEW