အမေရိကန် အနောက်ပိုင်းမှာ နှင်းမုန်တိုင်း အကြီးအကျယ် တိုက်ခတ်၊ နှင်းထု ၁၀ ပေထိ ကျဆင်းနိုင်

 

ဝါရှင်တန်၊ မတ်-၃-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားနဲ့ နီဗားဒါးတို့မှာ နှင်းမုန်တိုင်း အကြီးအကျယ် တိုက်ခိုက်နေပါတယ်။

နှင်းမုန်တိုင်းကြောင့် လမ်းတွေပိတ်ဆို့နေပြီး နှင်းလျှောစီးအပန်းဖြေစခန်းတွေ ပိတ်ထားရကာ ကယ်လီဖိုးနီးယားမှာ နေအိမ် သုံးသောင်းသုံးထောင်ကျော်နဲ့ နီဗားဒါးမှာ နှစ်သောင်းလေးထောင်ကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။

နှင်းမုန်တိုင်းဟာ အထူးသဖြင့် ဆီရာနီဗားဒါးဒေသမှာ ပြင်းထန်နေပြီး လေပြင်းတိုက်ခတ်မှုဟာ တနာရီကို ကီလိုမီတာ ၃၀၀ ကျော်ထိရှိနေပါတယ်။ နှင်းမုန်တိုင်းကြောင့် ၇၅ မိုင်ရှည်လျားတဲ့ Interstate 80 အဝေးပြေးလမ်းမကြီးကို ပိတ်ထားရပါတယ်။

နီဗားဒါးပြည်နယ် နယ်စပ်အနီး ကယ်လီဖိုးနီးယားရှိ ထရပ်ကီးမှာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေတဲ့ ကားတွေဆီကိုရောက်ဖို့ ခက်ခဲစွာ သွားလာနေရပါတယ်။

နှင်းမုန်တိုင်းကြောင့် ဆီးနှင်များ သုံးမီတာ ( ၁၀ ပေ) ထိကျဆင်းနိုင်ကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။ ဒေသခံတွေအနေနဲ့ သီတင်းပတ်ကုန်ရက်တွေမှာ နေအိမ်မှာသာနေကြဖို့နဲ့ ခရီးသွားတာတွေမပြုကြဖို့ တိုက်တွန်းထားပါတယ်။

Ref: BBC

Photo:Getty Images

 

Related posts

✕
VOM News

FREE
VIEW