မုဒုံနယ်က ပြည်သူစစ်ခေါင်းဆောင်ပိုင်း တချို့ ဖမ်းဆီးခံရပြီး ၊ ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေပါသွား

မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ် ၊ ကမာဝက်မြို့ ၊ စိန်တောင်ရပ်ကွက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းရဲ့နေအိမ်တွေကို ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဝင်ရောက်လာပြီးနောက် ပြည်သူ့စစ် ခေါင်ဆောင်ပိုင်းက လူသုံးယောက်နဲ့ အတူ သူ့တို့ကိုထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းတဲ့ ဖြစ်စဥ်တခု ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဒီနေ့လယ်ပိုင်းက ဖြစ်တာက စိန်တောင်ရပ်ကွက်မှာနေတဲ့ ဦးပန် ၇၂ နှစ် ၊ ( ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်) ဆိုသူဟာ သူ့အိမ်မှာရှိနေတုန်း PDF ၁၀ ယောက်က သူ့ကိုယ်…

Read More

ဖားကန့်နယ် တာမခန်မြို့သစ်မှာ ရှို့မီးကြောင့် အိမ်ခြေတဝက်နီးပါး ပျက်စီးဆုံးရှံး

  မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးကျေးရွာအုပ်စု ၊ တာမခန်မြို့သစ် ကျေးရွာမှာရှိတဲ့ လူနေရပ်ကွက် တချို့က နေအိမ်တွေကို ဒီကနေ့မနက်ပိုင်း ၈ နာရီခွဲ ဝန်းကျင်က စလို့ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တာမခန် ဒေသခံတယောက်က ” ဒီမနက်ပိုင်းက တာမခန်မြို့သစ်ကျေးရွာ ရပ်ကွက် ၁. ၊ ၃ နဲ့ ၄ ရပ်ကွက်တွေမှာ မီးစလောင်တယ် ၊ မီးက အခု နေ့လယ်ပိုင်းအချိန်ထိ မငြိမ်းသေးဘူး ၊ တာမခန်နယ်မှာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်စလို့ တိုက်ပွဲတွေဖြစ်တယ် ၊ ရွာခံအများစုက နီးစပ်နေရာတွေမှာ…

Read More

ထားဝယ်မြို့နယ် ရောင်းမော်ရွာ တိုက်ပွဲမှာ နှစ်ဘက်သေဆုံး မှုတွေ များပြား

  မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ၊ ရောင်းမော် ကျေးရွာနားမှာ မနေ့ (မတ် ၂ ရက်) ကစလို့ ဒီကနေ့မနက်ထိ နစက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေ များပြားစွာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ရောင်းမော်ရွာမှာ ဘာစခန်းမှ မရှိဘူး ၊ အခုဖြစ်တဲ့ တိုက်ပွဲက နယ်မြေရှင်းလင်းရေး (လှုပ်ရှား) လာတဲ့ စစ်ကြောင်းနဲ့ PDF တွေ တိုက်ကြတာဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ မနေ့ကတော့ နှစ်ဘက် အသေအပျောက်ရှိတယ်လို့ ကြားရတယ်…

Read More

ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခုက နစကစခန်းတွေကို AA ထိုးစစ် အရှိန်မြှင့်နေ

မတ် ၃ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခုမှ နစကစခန်းတွေကို ထိုးစစ် အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မတ် ၃ ရက်၊ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက လက်နက်ချ အညံ့မခံသေးတဲ့ နစကရဲ့ စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ရက်တွေနည်းတူ ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ “လက်နက်ကြီးသံတွေကတော့ နေ့စဉ်နဲ့အမျှ ဆူညံနေတာပဲ။ ခုရက်ပိုင်း ပိုစိတ်လာတယ်။ တိုက်ပွဲတွေက တနေကုန်လိုလို ဖြစ်နေတာ။ ပစ်ခတ်သံတွေ ကြားနေရတာလည်း ညအထိပဲ” လို့ မောင်တောမြို့မှ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ့လို…

Read More

အမေရိကန် အနောက်ပိုင်းမှာ နှင်းမုန်တိုင်း အကြီးအကျယ် တိုက်ခတ်၊ နှင်းထု ၁၀ ပေထိ ကျဆင်းနိုင်

  ဝါရှင်တန်၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားနဲ့ နီဗားဒါးတို့မှာ နှင်းမုန်တိုင်း အကြီးအကျယ် တိုက်ခိုက်နေပါတယ်။ နှင်းမုန်တိုင်းကြောင့် လမ်းတွေပိတ်ဆို့နေပြီး နှင်းလျှောစီးအပန်းဖြေစခန်းတွေ ပိတ်ထားရကာ ကယ်လီဖိုးနီးယားမှာ နေအိမ် သုံးသောင်းသုံးထောင်ကျော်နဲ့ နီဗားဒါးမှာ နှစ်သောင်းလေးထောင်ကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ နှင်းမုန်တိုင်းဟာ အထူးသဖြင့် ဆီရာနီဗားဒါးဒေသမှာ ပြင်းထန်နေပြီး လေပြင်းတိုက်ခတ်မှုဟာ တနာရီကို ကီလိုမီတာ ၃၀၀ ကျော်ထိရှိနေပါတယ်။ နှင်းမုန်တိုင်းကြောင့် ၇၅ မိုင်ရှည်လျားတဲ့ Interstate 80 အဝေးပြေးလမ်းမကြီးကို ပိတ်ထားရပါတယ်။ နီဗားဒါးပြည်နယ် နယ်စပ်အနီး ကယ်လီဖိုးနီးယားရှိ ထရပ်ကီးမှာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေတဲ့ ကားတွေဆီကိုရောက်ဖို့ ခက်ခဲစွာ သွားလာနေရပါတယ်။ နှင်းမုန်တိုင်းကြောင့် ဆီးနှင်များ သုံးမီတာ ( ၁၀ ပေ) ထိကျဆင်းနိုင်ကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။ ဒေသခံတွေအနေနဲ့ သီတင်းပတ်ကုန်ရက်တွေမှာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (မတ် – ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၈၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နစကဘက်က ကန့်ကွက်ပေမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းပါလီမန်မှာ ကျင်းပနေ

  ဘန်ကောက်၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) ထိုင်းပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေးမှုကို နစကဘက်က ကန့်ကွက်ထားပေမယ့် မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းပါလီမန်မှာ မနေ့ကမတ် ၂ ရက်က စပြီး နှစ်ရက်ကြာ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ သက်ဆိုင်သူတွေအားလုံး အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေတခုအတွက် လမ်းခင်းပေးမှာပါလို့ ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ရန်ဆီမန်ရိုမီက ပြောပါတယ်။ ဆွေးနွေးပွဲမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ပေမယ့်လည်း နစက ဘက်က ကိုယ်စားလှယ် ပါဝင်ခြင်းမရှိပါဘူး။ ထိုင်းပါလီမန်မှာ ဆွေးနွေးမှုဟာ ထိုင်း-မြန်မာ ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖန်တီးတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နစကဘက်က ကန့်ကွက်ထားပြီး ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ့် ဘယ်လိုလုပ်ရပ်ကိုမဆို မလုပ်ရေးအတွက် ပါလီမန်ကို တားဆီးပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက စာပေးပို့ ထားပါတယ်။…

Read More

ဂါဇာဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမေရိကန် ပထမဆုံးပေးပို့

  ဂါဇာစီးတီး၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်ဟာ ဂါဇာကမ်းမြှောင်ဒေသအတွက် ပထမဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်လေယာဉ်သုံးစင်းပေါ်ကနေ လေထီးနဲ့ ချပေးခဲ့ပါတယ်။ ဂျော်ဒန်လေတပ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အဲဒီကူညီရေးမှာ စားနပ်ရိက္ခာ သုံးသောင်းကျော်ကို ပေးပို့နိုင်ခဲ့ပြီး အမေရိကန်ဟာ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူဘောင်ကို သဘောတူဖို့ အကောင်အထည်ဖော်နေပြီလို့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ လေကြောင်းကနေ အခုလို ထောက်ပံ့မှုဟာ အကူအညီတွေပိုမိုပေးဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး အခြားသော နည်းလမ်းတွေနဲ့လည်း အကူအညီတွေ ပေးပို့ သွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်နဲ့ ဂျော်ဒန်အပါအဝင် အခြားနိုင်ငံတွေက ဂါဇာဒေသအတွက် အရင်ကတည်းက အကူအညီတွေ ပေးပို့ခဲ့ပေမယ့် အမေရိကန်ရဲ့ ပေးပို့မှုကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Ref:BBC Photo: AP  

Read More

စစ်ကိုင်းတိုင်းက တိုက်ပွဲတွေကြားမှာ ပိတ်မိနေပြီးနောက် အခုထိ ဆက်သွယ်မရတဲ့ ဝန်ထမ်းပေါင်း သုံးရာဝန်းကျင်ရှိနေ

မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၀ ကျော်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့တဲ့ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အခုထိ ဆက်သွယ်မရပဲ ပျောက်ဆုံးနေတဲ့ ဝန်ထမ်းပေါင်း သုံးရာ ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းတိုင်း ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဝန်ထမ်းတယောက်က ” မနေ့ ( မတ် ၂ ရက်)က တနေ့ရက်တည်းမှာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နဲ့ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဝန်ထမ်းတချို့နဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဒေသတွင်း…

Read More
VOM News

FREE
VIEW