ဂါဇာဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမေရိကန် ပထမဆုံးပေးပို့

 

ဂါဇာစီးတီး၊ မတ်-၃-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်ဟာ ဂါဇာကမ်းမြှောင်ဒေသအတွက် ပထမဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်လေယာဉ်သုံးစင်းပေါ်ကနေ လေထီးနဲ့ ချပေးခဲ့ပါတယ်။

ဂျော်ဒန်လေတပ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အဲဒီကူညီရေးမှာ စားနပ်ရိက္ခာ သုံးသောင်းကျော်ကို ပေးပို့နိုင်ခဲ့ပြီး အမေရိကန်ဟာ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူဘောင်ကို သဘောတူဖို့ အကောင်အထည်ဖော်နေပြီလို့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

လေကြောင်းကနေ အခုလို ထောက်ပံ့မှုဟာ အကူအညီတွေပိုမိုပေးဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး အခြားသော နည်းလမ်းတွေနဲ့လည်း အကူအညီတွေ ပေးပို့ သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်နဲ့ ဂျော်ဒန်အပါအဝင် အခြားနိုင်ငံတွေက ဂါဇာဒေသအတွက် အရင်ကတည်းက အကူအညီတွေ ပေးပို့ခဲ့ပေမယ့် အမေရိကန်ရဲ့ ပေးပို့မှုကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Ref:BBC

Photo: AP

 

Related posts

Leave a Comment

VOM News

FREE
VIEW