ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေကို လက်လွှဲရယူလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်က ဂါဇာကမ်းမြှောင်ကို လက်လွှဲယူမှာဖြစ်ပြီး ဒါကိုဆက်လုပ်သွားမယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ ဒါကို အမေရိကန် ပိုင်ဆို်ငမှာပါလို့ သူကပြောပါတယ်။ ပါလက်စတိုင်းတွေအနေနဲ့ ဂါဇာကနေ တခြားနိုင်ငံတွေကိုလည်း သွားရောက်အခြေချနိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့် ဒီကိစ္စအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံတွေက ငြင်းဆန်ထားပါတယ်။ ဂျော်ဒန်နဲ့ အီဂျစ်ကတော့ ပါလက်စတိုင်းတွေ ပြန်လည်နေရာချထားရေး အယူအဆကို ပယ်ချထားပြီး ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကတော့ မိမိတို့ပိုင်နက်ဟာ မိမိတို့ပိုင်နက်သာဖြစ်ရမယ်လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ထရန့်ရဲ့ အစီအစဉ်ဟာ သမိုင်းကြောင်းကို ပြောင်းလဲနိုင်ပြီး စိတ်ဝင်စားဖွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာဒေသမှ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ဖယ်ရှားရှင်းလင်းရေးပြီး စီးပွားရေးပြန်လည်တည်ဆောက်ကာ စစ်အတွင်း ယိုယွင်းနေတဲ့နယ်မြေကို မယုံနိုင်စရာ ပြောင်းလဲပြမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟာဟု ထရန့်သမ္မတဖြစ်လာပြီးနောက် အိမ်ဖြူတော်ကိုလာရောက်တဲ့ ပထမဆုံးခေါင်းဆောင်ဖြစ်ပြီး အစ္စရေး-ဟားမတ်စ်အပစ်ရပ် ဒုတိယအဆင့် နဲ့ အခြားကိစ္စတွေကို ဒေါ်နယ်ထရန့်နဲပ ဆွေးနွေးခဲ့ပါတယ်။
ဂါဇာအရေးနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်ရဲ့ မှတ်ချက်အပြီးမှာတော့ ပါလက်စတိုင်းကို နိုင်ငံတအဖြစ် အသိအမှတ်မပြုရင် အစ္စရေး ဆက်ဆံရေးထူထောင်မှာမဟုတ်ဘူးလို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကလည်း ထုတ်ဖော်ပြောကြားလားပါတယ်။
Ref:CNA
Photo:Reuters