ထရန့်ရဲ့ဦးဆောင်မှုနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဇီလန်စကီးပြော

ကိဗ်ယက်၊ မတ်-၅-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဦးဆောင်မှုအောက်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒါဟာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံကြစဉ် စကားအချေအတင်များခဲ့ပြီး အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ယာယီရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ပြီးနောက်မှာ ယူကရိန်းသမ္မတရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။
အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့ အပေါ် လွန်စွာစိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ထရန့်ကတော့ ယူကရိန်းသမ္မတဟာ ဆွေးနွေးရေးစားပွဲဝိုင်းထိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဝေဖန်ထားပါတယ်။ ဒါအပြင် စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းမှာ ကိုင်ထားစရာကတ်မရှိဘူးလို့ ပြောပါတယ်။
ယူကရိန်းအနေနဲ့ အမေရိကန်နဲ့ တွင်းထွက်သယံဇာတဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့နဲ့ စစ်ပွဲအဆုံးသတ်ဖို့ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ကိုလည်း အဆင့်သင့်ရှိတယ်လို့ ဇီလန်စကီးကပြောပါတယ်။
ပထမအဆင့် အကျဉ်းသားတွေ လဲလှယ်ဖို့နဲ့ ဝေဟင်မှာ ဒုံးကျည်တွေ တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို ရပ်ဆိုင်းဖို့နဲ့ ရုရှားက ဆန္ဒရှိရင် ပင်လယ်ပြင်မှာပါ ချက်ချင်းအပစ်ရပ်မယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ဒါဆိုရင် နောက်ထပ်အဆင့်တွေအားလုံးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ပြီး ခိုင်မာတဲ့ နောက်ဆုံးသဘောတူညီချက်ကိုရဖို့ အမေရိကန်လက်တွဲသွားမယ်လို့ဆိုပါတယ်။ အိမ်ဖြူတော်မှာ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း သူက ပြောပါတယ်။
အရာရာမှန်ကန်အောင်လုပ်ဖို အချိန်တန်ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးလိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW