သီပေါ နားမခေါ်ရွာမှာ စွန့်ပစ်ထားတဲ့ မိန်းက‌လေးသုံးယောက် အလောင်းတွေ့

မတ် ၅၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ရွာ၊ တာလုံ တံတားအနီးမှာ စွန့်ပစ်ထားတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလးကလာင်း သုံးလောင်းကို တွေ့ရှိခဲ့ကြာင်း ဒေသခံတွဆီက သိရပါတယ်။
“သတ်ခံရတာ တပတ်ကျော်ပါပြီ။ ကိုယ်တုံးလုံးအနေအထားနဲ့စွန့်ပစ်ခံရတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
သေသွားတဲ့ မိန်းက‌ေလး တွေဟာ အမည်၊ နေရပ်လိပ်စာ နဲ့ ဘယ်သူ ဘယ်ဝါတွေလဲ ဆိုတာ မသိပေမယ့် KTV မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ လို့ ယူဆရတယ် လို့ သူက ပြောပါတယ်။
သီပေါ တံတားရဲ့ အရှေ့ဘက်ခြမ်း နားမခေါ်၊ ပန်ညု၊ ဆောင်ကြဲ၊ ဆိုင်ကျောက်၊ တကြောလုံး လက်ရှိ MNDAA (ကိုးကန့်)က ထိန်းချုပ်ထားတာ လို့ သူက ပြောပါတယ်။
“သီပေါ နားမခေါ် တာလုံတံတားနားမှာ စွန့်ပစ်သွားတဲ့ မိန်းက‌ေလး ရုပ်အလောင်း ၃ လောင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်ဆိုတဲ့ သံသယရှိတယ်” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
လာရောက် စွန့်ပစ်ချိန်မှာ မောင်းပြန်သေနတ်တေွကိုင်ဆောင်ထားတဲ့ အမျိုးသား ၇ ယောက် လိုက်ပါလာတဲ့ ဟိုင်းလပ်လို ကားတစီး နဲ့ လားရှိုးလမ်းဘက် ကနေ လာရောက် ပစ်ချသွားပြီးနောက် လားရှိုးဘက်ကို ပြန်လည် မောင်းသွားတယ် လို့ ဆိုပါတယ်။
“ကလေးမလေးတေွ က KTV မှာ လုပ်တယ်။ ဟက်ပီးဝါးတား စွဲနေတဲ့ ကလေးမလေးတေွပါ။ လားရှိုးမှာလည်း K တွေ ပေါ။ အကုန်ရပါတယ်။ လွယ်လွယ်ပါပဲ။ သေဆုံး အလောင်းက ရှမ်း လူမျိုးနဲ့ တယောက်က အစပ် (ကပြား)။” လို့ သူက ပြောပါတယ်။
အဲဒီ စွန့်ပစ်ခံရတဲ့ မိန်းကလေး အလောင်းတွေလည်း ပြီးခဲ့တဲ့လက MNDAA ရဲဘော် ၂ ယောက် အချင်းချင်း မ ကိစ္စနဲ့ ပစ်သတ်တဲ့ အမှုကနေ ဆက်နွှယ်ပြီး ဖြစ်တာလို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ မိုင်းယော်တိုက်နယ်၊ နားပင်ရွာ ရှင်လောင်းပွဲထဲ ရောက်ရှိနေတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် လုံးမွန်းကျေးရွာမှာ တပ်စွဲထားတဲ့ MNDAA တပ်သားနှစ်ဦးက အပြိုင်လိုက်ကြိုက်ရာက ရန်ဖြစ်ကြပြီး အချင်းချင်းသေနတ်ဖြင့်ပစ်သတ်ခဲ့ကြရာ တပ်သားတဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ အဲဒီ မိန်းကလးငယ်ကို လက်ရှိအထိ MNDAA ဘက်က ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ အသက်မပြည့်သးတဲ့ မိန်းကလးငယ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ၁၂ ဖွဲ့က မတ်လ ၁ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့မှာ K ရောင်းချဖို့ အဓိက ရည်ရွယ်တဲ့ KTV တွေ ပိုများလာပြီး လောင်းကစား၊ မူးယစ်ဆးဝါး‌ေတွလည်း အလွယ်တကူ ဖြစ်လာတဲ့အပြင် ပြည့်တန်ဆာ လုပ်တဲ့ မိန်းကလး‌ေတွလည်း လမ်းပေါ်မှာ ဖုန်းနံပတ်ကတ်တွေ ပေါ်တင် ဖြန့်ဝေ လာတဲ့ အထိ ဖြစ်လာနေတယ်လို့ ဒေသခံတွက ‌ေပြာပါတယ်။
KTV များလာတာနဲ့ အမျှ အလုပ်အကိုင် ရှားပါးမှု‌ေကြာင့် အရွယ်မရောက်သးတဲ့ ဆယ်ကျော်သက် မိန်းကလးငယ်တွေ အပါအဝင် မိန်းကလေး တချို့KTV တွေမှာ အလုပ်လုပ် နေကြရတာလို့ ဆိုပါတယ်။
Photo :CJ

Related posts

Leave a Comment

VOM News

FREE
VIEW