စဥ့်ကူး၊ လက်ပန်လှရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၃၀ ဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိ

မတ် ၁၅ – ၂၀၂၅
GG (VOM)

မန္တလေးတိုင်း၊ စဥ့်ကူးမြိုနယ်၊လက်ပန်လှရွာမှာ မတ် ၁၄ ရက်နေ့ မနေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၃၀ ဝန်းကျင် သေဆုံးကာ အခြား ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့သိရပါတယ်။

မတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၁၇ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊လက်ပန်လှရွာရှိ စျေးအနီးက အဆောက်အဦပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လေကြောင်းတိုက်ခိုက်တာဟုတ်ပါတယ်။ ၂လုံးချတာ သေတဲ့လူလည်းများတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ တချို့ဆိုရုပ်လုံးကိုမပေါ်ဘူး ၅နာရီကျော်မှ ဝင်ကူရဲတာ ဒဏ်ရာပြင်းထန်သူတွေထဲက အခြေအနေမကောင်းသူတွေရှိသေးတယ်” လို့ လက်ပံလှရွာ လူမှုရေးလုပ်နေသူကို မနေ့ညအချိန်
vomက ဆက်သွယ်ချိန်တုန်းက ပြောဆိုထားပါတယ်။

လက်ရှိမှာ လက်ပန်လှရွာမှာ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် ဒေသခံတွေကို ချိတ်ဆက်မေးမြန်းနိုင်ဖို့ ခက်ခဲနေတဲ့အတွက် ထိခိုက်ဒဏ်ရာရနဲ့ ပျက်စီးမှုအခြေအခြေအနေတွေကို အတိအကျမသိရသေးပေမယ့် ဖြစ်စဥ်ဓာတ်ပုံတွေအရတော့ အဆောက်အဦးတွေလည်း မီးလောင်ပျက်စီးနေတာတွေ့ရပါတယ်။

မန္တလေးPDF ကတော့ လက်ပန်လှရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေက အရပ်သားပြည်သူတွေဖြစ်ကြောင်း ပြောဆိုထားပြီး နစက ဘက်ကတော့ လေကြောင်းကနေကျဲချတိုက်ခိုက်ခဲ့တဲ့နေရာက PDF စခန်းချတဲ့နေရာဖြစ်တယ်လို့ ပြောဆိုအသိပေးထားပါတယ်။

မတ် ၄ ရက်နေ့ကလည်း လက်ပန်လှရွာမှာပဲ လေကြောင်းတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေကာ ထိခိုက်ဒဏ်ရာရသူလည်းရှိခဲ့ပြီး
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း လက်ပန်လှရွာမှာ လေကြောင်းတိုက်ခံရပြီး တယောက်သေကာ နှစ်​ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နစကဘက်ကတော့ သတင်းအမှားဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

လက်ပန်လှရွာကိုတော့ PDF တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။

Photo – Soe Thuya Zaw

Related posts

Leave a Comment

VOM News

FREE
VIEW