တောင်ကိုရီးယားမှာ စာသင်ချိန်အတွင်း ဖုန်းသုံးခွင့် တားမြစ်တဲ့ ဥပဒေ ပြဋ္ဌာန်းလိုက်ပြီ

ဆိုးလ်၊ ဩဂုတ်-၂၇-၂၀၂၅
ရတီ (VOM)
တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသားတွေကို စာသင်ချိန်အတွင်း မိုဘိုင်းလ်ဖုန်းတွေနဲ့ စမတ်ကိရိယာတွေ အသုံးပြုတာ တားမြစ်တဲ့ ဥပဒေကြမ်းကို အတည်ပြုချမှတ်လိုက်ပြီး ကလေးတွေနဲ့ ဆယ်ကျော်သက်အကြားမှာ စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်မယ့် နောက်ဆုံးနိုင်ငံဖြစ်လာပါတယ်။
ဒီဥပ‌ဒေဟာ ၂၀၂၆ ခုနှစ် မတ်လမှစတင်ကာ လာမယ့်နှစ်ပညာရေးနှစ်ကစပြီး စတင်သက်ဝင်မှာ ဖြစ်ကာ စမတ်ဖုန်းစွဲလမ်းမှုကို ထိန်းချုပ်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ လဒ်ဖြစ်ကာ သုတေသနတွေအရ ဒီလိုစွဲလန်းမှုဟာ ဆိုးကျိုးတွေ သက်ရောက်တယ်လို့ ညွှန်ပြနေပါတယ်။
စမတ်ဖုန်းအသုံးပြုမှုဟာ ကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်ကို ထိခိုက်စေပြီး စာလေ့လာဖို့ အချိန်တွေလည်း လေလွင့်စေတယ်လို့ ဥပဒေပြုသူတွေ၊ မိဘတွေနဲ့ ဆရာတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။
ဒီဥပ‌ဒေအရ ဘယ်လိုကန့်သတ်မှုတွေ ချမယ်ဆိုတာ အသေးစိတ်မသိရသေးပေမယ့် ကျယ်ပြန့်သောအကျိုးဆက်တွေနဲ့ စွဲလမ်းမှုရဲ့ အဓိကအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။
ဒီကနေ့မွန်းလွဲပိုင်းမှာ မဲပေးဆုံးဖြတ်မှုမှာ လွှတ်တော် အမတ် ၁၆၃ ယောက်အနက် ၁၁၅ ယောက်က ထောက်ခံမဲပေးခဲ့ပြီး ဥပဒေကြမ်းကို အတည်ပြုခဲ့တာပါ။ တောင်ကိုရီးယားရှိ ကျောင်းအများစုဟာ စမတ်ဖုန်းတားမြစ်ခြင်းတွေကို ယခင်ကတည်းက ပုံစံတမျိုးမျိုးနဲ့ အကောင်အထည်ဖော်နေခဲ့ပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားဟာ ဒီလိုကန့်သတ်တဲ့ ပထမဆုံးနိုင်ငံတော့ မဟုတ်ပါဘူး။ ဖင်လန်နဲ့ ပြင်သစ်ကဲ့သို့သော နိုင်ငံအချို့ဟာလည်း ငယ်ရွယ်တဲ့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတွေမှာ စဖန်ဖုန်းသုံးတာကို တားမြစ်မှုရှိပါတယ်။
အီတလီ၊ နယ်သာလန်နဲ့ တရုတ်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံအချို့ကတော့ အခြေခံပညာ ကျောင်းအားလုံးမှာ စမတ်ဖုန်းအသုံးပြုမှုကို ပိတ်ပင်တားမြစ်ထားပြီး တောင်ကိုရီးယား အခုလို တားမြစ်မှုကို ဥပ‌ဒေအဖြစ် တားမြစ်မယ့် နိုင်ငံအနည်းငယ်ထဲမှာ ပါဝင်လာပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားမှာ စမတ်ဖုန်းစွဲလမ်းမှုဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေတင် မဟုတ်ပါဘူ ။ ၂၀၂၄ ခုနှစ် အစိုးရစစ်တမ်းအရ နိုင်ငံ့လူဦးရေ ၅၁ သန်းအနက် လေးပုံတပုံခန့်ဟာ စမတ်ဖုန်း အလွန်အကျွံသုံးစွဲမှုရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချိုးအစားထဲမှာ ၁၀ နှစ်မှ ၁၉ နှစ်ကြား လူဦးရေ ၄၃ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ဆက်လက်တိုးပွားနေတယ်လို့ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW