ဩဂုတ် ၂၇၊၂၀၂၅ GG (VOM) ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အိမ်အရောက် ပစ္စည်းပို့တဲ့ Delivery လုပ်ငန်းတွေကို ကုန်ပစ္စည်းပို့တဲ့အခါ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊အလှကုန်ပစ္စည်းအပါ ပစ္စည်းအများစုကို စစ်ကိုင်းတိုင်းအပါအဝင်မြို့နယ်အချို့ကို ပို့ခွင့်ကန့်သတ်လိုက်တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ပဲခူးတိုင်း ၊ မော်လမြိုင် ၊နေပြည်တော်၊ ကရင်ပြည်နယ်၊ တနင်္သါရီတိုင်း ၊ပြင်ဦးလွင် စတဲ့ဒေသတွေကမြို့နယ်အချို့ ကို ကုန်ပစ္စည်းအများစု တင်ပို့ခွင့် တားမြစ်လိုက်တာဖြစ်တယ်လို့ Delivery လုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။ ” ပါဆယ်ပို့တဲ့အခါ စစ်ဆေးရေးဂိတ်တွေကနေစစ်ဆေးတာတွေရှိနေတဲ့အတွက် အရေအတွက်ကန့်သတ်ထားသလို ပို့လို့မရတဲ့ပစ္စည်းဆိုပြီးလည်းထုတ်ပြန်ပေးထားပါတယ်။ ပြည်ဘက်ကစစ်ဆေးရေးလမ်းကြောင်းအများဆုံးဖြစ်ပြီး ပါဆယ်တွေကိုဖောက်စစ်တာအများဆုံးပါ။ အဲဒီဘက်တွေကိုလျှပ်စစ်ပစ္စည်းတွေကပို့လို့မရပါဘူး။သွားတိုက်ဆေးတို့ကိုပို့လိုမရဘူး။ဒါက ကျွန်တော်တို့ဘက်ကထုတ်ပြန်ထားတာမျိုးမဟုတ်ဘဲ သူတို့ဘက်ကတားမြစ်ထားတဲ့ပစ္စည်းတွေကို တဆင့်ကြေငြာပါတယ်။နေပြည်တော်တောင်ပို့လို့မရပါဘူး။ ” လို့ ပြည်တွင်း အိမ်အရောက်ကုန်ပစ္စည်းပို့နေတဲ့ Delivery လုပ်ကိုင်သူကပြောပါတယ်။ ဆိုလာ ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ၊အလှကုန်အမျိုးမျိုး ၊ဆေးဝါး ၊မီးစက်၊ခြေညှပ်ဖိနပ်၊အုန်းနို့၊ဘတ္ထရီ၊ဆိုဒီယမ်ဆိုင်ယာနိုက်၊ဆေး၊အမွှေးတိုင်၊ဖျာ၊လက်ကိုင်ဖုန်း၊ခေါက်ဆွဲ၊ကြာဇံ၊ကားတာယာ၊ချိုချဥ်၊ဘီစကစ်၊ပဲငံပြာရည် ၊ကော်ဖီစေ့နဲ့အမှုန့် ၊လက်ဖက်ခြောက်၊လူကြီးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊သွားတိုက်ဆေးနဲ့သွားတိုက်တံ၊ဆပ်ပြာ၊ငှက်သိုက်၊တစ်ရှူး၊အင်ဂျင်ဝိုင်၊ကြက်အူချောင်း ၊မီးလုံး၊လျှပ်စစ်စက်ဘီး၊မယ်လမင်း၊အသင့်သောက်နို့၊ဒိန်ချဥ်၊ဓာတ်ခဲ၊တာယာ၊ကျွတ်၊ပရုတ်လုံး ၊ပလပ်စတစ်ခြင်း/ပုံးခွက်…
Read MoreDay: August 27, 2025
အင်းလေးဒေသမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
ဩဂုတ် ၂၇ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနေ့ ဩဂုတ် ၂၆ ရက်၊ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းလေးဒေသရှိ ကျေးပေါခုံအုပ်စု၊ ကံခေါင်းကျေးရွာက နေအိမ် ၆၅ လုံးဝန်းကျင်၊ တောင်တိုအုပ်စု၊ ဟတ်ပုံးကျေးရွာက နေအိမ် ၅၅ လုံးဝန်းကျင်၊ စုစုပေါင်း အိမ်ခြေ ၁၂၀ ဝန်းကျင် အမိုးလန် ပျက်စီးတာ၊ လဲပြိုတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “မိုးကြီးပြီး လေပြင်းတိုက်တာ။ လေအရမ်းကြမ်းတာ အသက်ရှူတောင် မှားတယ်။ ငလျင်တုန်းက အလှူရှင်တွေ ဆောက်ပေးထားတဲ့…
Read Moreတောင်ကိုရီးယားမှာ စာသင်ချိန်အတွင်း ဖုန်းသုံးခွင့် တားမြစ်တဲ့ ဥပဒေ ပြဋ္ဌာန်းလိုက်ပြီ
ဆိုးလ်၊ ဩဂုတ်-၂၇-၂၀၂၅ ရတီ (VOM) တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသားတွေကို စာသင်ချိန်အတွင်း မိုဘိုင်းလ်ဖုန်းတွေနဲ့ စမတ်ကိရိယာတွေ အသုံးပြုတာ တားမြစ်တဲ့ ဥပဒေကြမ်းကို အတည်ပြုချမှတ်လိုက်ပြီး ကလေးတွေနဲ့ ဆယ်ကျော်သက်အကြားမှာ စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်မယ့် နောက်ဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီဥပဒေဟာ ၂၀၂၆ ခုနှစ် မတ်လမှစတင်ကာ လာမယ့်နှစ်ပညာရေးနှစ်ကစပြီး စတင်သက်ဝင်မှာ ဖြစ်ကာ စမတ်ဖုန်းစွဲလမ်းမှုကို ထိန်းချုပ်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ လဒ်ဖြစ်ကာ သုတေသနတွေအရ ဒီလိုစွဲလန်းမှုဟာ ဆိုးကျိုးတွေ သက်ရောက်တယ်လို့ ညွှန်ပြနေပါတယ်။ စမတ်ဖုန်းအသုံးပြုမှုဟာ ကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်ကို ထိခိုက်စေပြီး စာလေ့လာဖို့ အချိန်တွေလည်း လေလွင့်စေတယ်လို့ ဥပဒေပြုသူတွေ၊ မိဘတွေနဲ့ ဆရာတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။ ဒီဥပဒေအရ ဘယ်လိုကန့်သတ်မှုတွေ ချမယ်ဆိုတာ အသေးစိတ်မသိရသေးပေမယ့် ကျယ်ပြန့်သောအကျိုးဆက်တွေနဲ့ စွဲလမ်းမှုရဲ့ အဓိကအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။ ဒီကနေ့မွန်းလွဲပိုင်းမှာ မဲပေးဆုံးဖြတ်မှုမှာ လွှတ်တော်…
Read Moreပေါင်းလောင်းမှာ မိုးများမှုကြောင့် တောင်ပြိုမှု ဆက်လက်ဖြစ်ပွားနေ၊ လူနှစ်ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံးပျက်စီး
ဩဂုတ် ၂၇ ၊ ၂၀၂၅ GG (VOM) ရှမ်ပြည်နယ်တောင်ပိုင်း ၊ပေါင်းလောင်းမြို့သစ်၊သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးများပြီး ရေကြီးကာ တောင်ကျရေတွေကြောင့် တောင်ပြိုမြေပြိုပြီး လူနှစ်ယောက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ဩဂုတ် ၂၆ ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်တွေပေါ်ကို မြေပြိုတောင်ပြိုခဲ့တာကြောင့် နေအိမ်မှာအိပ်နေတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ညကြီး အိပ်နေချိန်တောင်ပြိုတော်အိမ်ရောလူပါပါသွားတာ။ အမျိုးသားတယောက်ကတော့ပြန်တွေ့ပြီ။အမျိုးသမီးကတော့ ခုထိပြန်မတွေ့သေးဘူး။အခုထိလည်းမြေပြိုတောင်ပြိုနေတုန်းပဲ။လမ်းတွေလည်းပြိုကျနေတယ်။ အိမ်ကတော့ ၁၀ လုံးပျက်စီးတယ်။ကျန်တဲ့ရွာတွေကတော့ ဖုန်းလိုင်းမရတော့ အဆက်အသွယ်ပြတ်နေတော့ အခြေအနေမသိရသေးဘူး။ဒီရွာကတွေက တပ်ကုန်းနဲ့ မိုင်၂၀လောက်ပဲဝေးတယ်။” လို့ မြေပြင်ကူညီရေးသွားရောက်ဖို့ပြင်ဆင်နေတဲ့ ကိုသိန်းသန်းအောင်ကပြောပါတယ်။ လက်ရှိအချိန်ထိ အဆိုပါနေရာဘက်မှာ တောင်ကျရေကြောင့် တောင်ပြိုမှု မြေပြိုမှုတွေဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေးတွေ သွားရောက်နိုင်ခြင်းမရှိသေးကြောင်း ၊ ဒေသခံရွာသားအချင်းချင်း စုပေါင်းပြီးသာ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေကြရတယ်လို့သိရပါတယ်။ အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေတက်ပြီး နေပြည်တော် တပ်ကုန်းနဲ့ ဇေယျာသီရိမြို့နယ်ထဲက…
Read Moreနေပြည်တော် ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်းမှာ ရေကြီးနေ
ဩဂုတ် ၂၇ – ၂၀၂၅ SS (VOM) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်ရှိ ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်းမြို့နယ်တွေမှာ ဒီကနေ့ သြဂုတ် ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ လက်ရှိမှာ တပ်ကုန်းမြို့နယ်က ညောင်ပင်သာကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ ရှားတောကျေးရွာ၊ ရွှေပန်းတောကျေးရွာနဲ့ အောင်ဇေယျကျေးရွာ အနီးက နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေသလို ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းဆုံမှာလည်း ကားလမ်းရေကျော်ကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ် တပ်ကုန်းနဲ့ ဇေယျာသီရိမှာ မိုးအရမ်းကြီးနေတယ်။ မိုးဆက်ရွာနေရင် နဝင်းချောင်းနဲ့ ဆင်သေချောင်းကလည်း စိတ်မချရဘူး။ အားလုံး ဂရုစိုက်ကြပါ။ အနိမ့်ပိုင်း ရောက်နေတဲ့သူတွေ ကုန်းမြင့်ပိုင်းတွေဆီ ကြိုတင် ရွှေ့ပြောင်းထားဖို့ လိုပါတယ်” လို့ မြေပြင်ကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။ ပင်လောင်းလမ်းဆုံမှာလည်း…
Read More