မြောက်ဒဂုံမှာ လူရွယ်အမျိုးသားတယောက် သစ်ပင်ပေါ်ကနေ ကြိုးဆွဲချသတ်သေမှု ဖြစ်ပွား

စက်တင်ဘာ ၉ – ၂ဝ၂၅
KKO(VOM)
မြောက်ဒဂုံမြို့နယ်မှာ လူရွယ်အမျိုးသားတယောက် မိမိကိုယ့်ကိုသတ်သေအဆုံးစီရင်ခဲ့မှုတခု ဒီကနေ့ မနက်ပိုင်းမှာ ပွားခဲ့တယ်လို့ နယ်မြေခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
မိမိကိုယ့်ကိုသတ်သေသွားခဲ့တဲ့ အမျိုးသားဟာ အသက် ၃ဝ ဝန်း ကျင်ခန့် ရှိတဲ့လူရွယ်တယောက်ဖြစ်တယ်လို့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။
သူ့ကိုဒီနေ့ စက်တင်ဘာ ၉ ရက်၊နံနက်ပိုင်းအချိန်မှာမြောက်ဒဂုံမြို့နယ်၊(၃၇)ရပ်ကွက်အတွင်းက သစ်ပင်ကြီးတခုအပေါ်မှာသေဆုံးလျက်အနေအထားနဲ့တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းလူမှုကူညီရေးသမားတွေကဆိုပါတယ်။
“ဖြစ်တာကတော့ ညထဲကဖြစ်တယ်လို့ခန့်မှန်းရပါတယ်။Body ကတော့ ဒီနေ့မနက်မှတွေ့ကြရတာပေါ့လေ။အသက်က ၃ဝ ပတ်ချာ လည်လောက်ရှိမယ်။ပုံစံလူရွယ်ပိုင်းထဲကပါပဲ။
အမျိုးသားပါ၊ဘာကြောင့်အခုလိုလုပ်သွားလဲတော့မသိရပါဘူး။ဒီအနီးပတ်ဝန်းကျင်ရပ်ကွက်တွေထဲကလည်းမဟုတ်ဘူးလို့ပြောပါတယ်”လို့ နယ်မြေခံလူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က VOM ကိုပြောပြပါတယ်။
လက်ရှိမှာတော့ သေဆုံးသူရဲ့ Dead Body ကိုဝန်းရံမှူးလူမှုကူညီကယ် ဆယ်ရေးအသင်းက သစ်ပင်ပေါ်ကနေခက်ရာခဲဆစ်အောက်သို့ချခဲ့ရပြီးအသင်းကကားနဲ့ပင်မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ ဆောင်ကူညီပေးထားတယ်လို့ သိရပါတယ်။
ယခုနှစ်ပိုင်းတွေအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သတ်သေခဲ့တဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်မြို့မှာအများ အပြားရှိခဲ့တယ်လို့လည်း လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုအရ သိရပါတယ်။
“သူက ခဲရာခဲဆစ် ကြိုးပမ်းပြီးဘဝကို အရှုံးပေးသွားတယ်။ကြိုးစားရှင်သန်ကြပါ”လို့ အခင်းဖြစ်နေရာကိုသွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ တယောက်က ဝမ်းနည်းစကားဆိုထားပါတယ်။
ယခုနှစ်ပိုင်းအတွင်း မိမိကိုယ့်ကိုသတ်သေမှု(Suicide)ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ပေးခဲ့ရမှုအပေါ်မှာလည်း”အကိုတို့ဒီလိုဖြစ်စဉ်တွေ Suicide လုပ်တာတွေကိုကူညီပို့ဆောင်ပေးခဲ့ရတာဆိုရင် ဒီနှစ်ထဲမှာဆိုရင် ၄ ခု လောက်ရှိပြီထင်ပါတယ်”လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကလည်း သာကေတနဲ့ ပုဇွန်တောင်မြို့နယ်တို့ကို ချိတ်ဆက်ထားတဲ့ ဒေါပုံတံတားအဟောင်းဘက်ခြမ်းကနေ အမျိုးသမီးတယောက် မိမိကိုယ့်ကို တံတားပေါ်က ခုန်ချပြီး Suicide လုပ်ဖို့ ကြံရွယ်နေတာကိုလည်း အနီးပတ်ဝန်း ကျင်နဲ့ နယ်မြေခံလူမှုကူညီရေးသမားတွေက အချိန်မီကူညီကယ်တင်နိုင်ခဲ့တဲ့ဖြစ်စဉ်တခုလည်းဖြစ်ပွားခဲ့ပါသေးတယ်။
လေ့လာသုံးသပ်သူတွေနဲ့ ကျန်းမာရေးဆိုင်ရာအကြံပေးဆရာဝန်အချို့ကတော့ သတ်သေမှု(Suicide)ပြုလုပ်သွားကြသူအများစုဟာ လူမှုရေးပိုင်းဆိုင်ရာအခက်အခဲ၊ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ ဘဝကိုရုန်းကန်ဖို့ အတော်လေးကိုမလွယ်ကူ ရပ်တည်ဖို့ခက်ခဲနေကြတဲ့သူတွေနဲ့ စိတ်ကျရောဂါကိုအလွန် အမင်းခံစားနေရသူကိုအများဆုံးပါဝင်တာကိုတွေ့ရတယ်လို့လည်း လူငယ်ပိုင်းနဲ့ လူရွယ်ပိုင်းအရွယ်တွေအခုလိုဖြစ်စဥ်တွေမှာအများဆုံးပါဝင်တာကိုတွေ့ရတယ်လို့ သုံးသပ်ထားကြပါတယ်။
Photo – ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW