ဆူးငှက် ကျွန်တော် မွေးဖွားကြီးပြင်းသည်က မန္တလေး အနောက်ပြင် မဟာလောကရံသီ အိမ်တော်ရာ စေတီတော်တောင်ဖက်မုခ်ရှိ ဒက္ခိဏဝန်ကျောင်းတိုက်၏တောင်ဘက်ကပ်လျက် စိုင်ပြွန်ရိပ်သာဝင်းအတွင်းဖြစ်သည်။ ထို့ကြောင့် အိမ်တော်ရာ စေတီတော်က ဆွေဘုရားမျိုးဘုရားဖြစ်နေသည်။ အိမ်တော်ရာ ဘုရားဝင်းအတွင်း တောင်ဘက်စောင်းတန်း၊ အရုဏ်ခံ ကျောက်ချောဇရပ်၊ ဘုတလင်ဇရပ်၊ နောင်တော်ကြီးဘုရား၊ ခုနစ်နေ့ ခုနစ်နံဇရပ်၊ ကျိုက်ထီးရိုးဘုရား၊ သံဇရပ်၊ ဒေါ်ကြမ်းဇရပ်၊ ဦးကျော်ဇရပ်နှင့် ဆယ့်လေးခန်း ဇရပ်တို့သည် ကျွန်တော်တို့ အမြဲမပြတ် ရောက်ရှိ နားခိုဆော့ကစားသည့် နေရာများဖြစ်သည်။ ထို သာသနိက နေရာများအနက် ဆယ့်လေးခန်းဇရပ် ကြီးကတော့ နားခိုဆော့ကစားဖို့ထက် ဘာသာရေးအရ လေ့လာမှတ်သား နာယူစရာ ဇရပ်ကြီးလည်း ဖြစ်၏။ ဆယ့်လေးခန်းဇရပ်ကြီးမှာ နိပါတ်ပန်းချီကျော် ဦးချစ်မြဲ၏ ဗုဒ္ဓဝင်ပန်းချီကားတွေရှိသည်။ ဇရပ်ကြီး၏ မူလပုံစံက ကျယ်ပြန့်လွတ်လပ်ပြီး အလင်းရောင် ကောင်းစွာ ရသည်။ အနောက်ဖက်ခြမ်းမှာလည်း ဧရာမကွပ်ပျစ်ကြီးရှိသည်။ လူကြီးတွေက ကွပ်ပျစ်ကြီးပေါ် နားနေကြသည်။…
Read MoreDay: September 9, 2025
ဟင်္သာတမြို့လယ်ခေါင်က သွားဆေးခန်းမှာ ဆရာဝန်နဲ့ဇနီးကို ဆေးခန်းအတွင်းဝင်ရောက်သတ်ဖြတ်မှုဖြစ်
စက်တင်ဘာ ၉၊၂၀၂၅ GG (VOM) ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့လယ်ခေါင်ရှိ ပါဆယ်လမ်းမှာဖွင့်လှစ်ထားတဲ့ သွားဆေးခန်းတခုမှာ ဆေးခန်းပိုင်ရှင် သွားဆရာဝန် နဲ့ဇနီးဖြစ်သူတို့ ဓားနဲ့ထိုးသတ်ခံခဲ့ရပြီး နောက်ထပ်နှစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အမည်မသိ အမျိုးသားတယောက်က ဆေးခန်းကိုရောက်လာပြီးနောက် သွားဆရာဝန်ဖြစ်သူ ဒေါက်တာတင်မောင်ထွန်းနဲ့ ဇနီးဖြစ်သူဒေါ်ဇင်မီမီသက်တို့ကို ဓားနဲ့ထိုးသတ်ခဲ့သလို နောက်ထပ်မိသားစုဝင်တယောက်ဖြစ်တဲ့ အဘွားနဲ့ဆေးခန်းအကူအမျိုးသမီးကိုပါ ဓားနဲ့ထိုးတာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ဆရာ့အမျိုးသမီးက နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ ဆရာကတော့ ဆေးရုံရောက်တော့အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးဘဲ ရှပ်ထိတာမို့လို့ မစိုးရိမ်ရသလို ကောင်မလေးက လည်းမစိုးရိမ်ရပါဘူး။ အဖွားက ဆရာ့အမျိုးသမီးရဲ့အမေပါ။ ဆရာတို့ အလောင်းကိုတော့ အိမ်ကိုပြန်သယ်ပြီး ထုံးစံတိုင်း သုံးရက်ထားပြီးမှ သဂြိုလ်မယ်လို့တော့သိရတယ်။အနုကြမ်းစီးတာလား ဘာလားတော့သေချာမသိပေမယ့် ဘာပစ္စည်းမှတော့ယူမသွားဘူးလို့သိရတယ်။ဆရာကြီးတို့မိသားစုကသဘောကောင်းတဲ့မိသားစုပါ။အရမ်းနှမြောစရာကောင်းသလို စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဖြစ်စဥ်သိရှိတဲ့ ဒေသခံကပြောပါတယ်။ လက်ရှိမှာ သွားဆရာဝန်ဇနီးေမာင်နှံကို သတ်သွားတဲ့…
Read Moreနီပေါ Gen Z တွေ ဆန္ဒပြပွဲ ၁၉ ယောက်သေဆုံး ၊ လူမှုကွန်ရက်ပိတ်ပင်တားမြစ်ချက် အစိုးရ ပြန်ရုပ်သိမ်း
ခတ္တမန္ဒူ၊ စက်တင်ဘာ-၉-၂၀၂၅ ရတီ(VOM) နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေကို ပိတ်ပင်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့တဲ့ Gen Z လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ နီပေါအစိုးရက ထုတ်ပြန်ထားတဲ့ တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပါတယ်။ တနင်္လာနေ့က မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံအတွင်းသို့ လူငယ်ထောင်ပေါင်းများစွာ အင်အားသုံးဝင်ရောက်ခဲ့ပြီး Facebook နှင့် YouTube အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်း ၂၆ ခုပိတ်ပင်မှု ရုတ်သိမ်းဖို့ တောင်းဆိုခဲ့သလို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ တနင်္လာနေ့ညနက်ပိုင်းက ကျင်းပခဲ့သော အရေးပေါ်ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် Gen Z လူငယ်တွေရဲ့ တောင်းဆိုမှုများကို တုံ့ပြန်မ့အဖြစ် ပိတ်ပင်မှုရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဝန်ကြီး Prithvi Subba Gurung ကပြောပါတယ်။ မြို့တော်ပြင်ပ အခြားမြို့ငယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ Instagram ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းတွေကို…
Read Moreမြောက်ဒဂုံမှာ လူရွယ်အမျိုးသားတယောက် သစ်ပင်ပေါ်ကနေ ကြိုးဆွဲချသတ်သေမှု ဖြစ်ပွား
စက်တင်ဘာ ၉ – ၂ဝ၂၅ KKO(VOM) မြောက်ဒဂုံမြို့နယ်မှာ လူရွယ်အမျိုးသားတယောက် မိမိကိုယ့်ကိုသတ်သေအဆုံးစီရင်ခဲ့မှုတခု ဒီကနေ့ မနက်ပိုင်းမှာ ပွားခဲ့တယ်လို့ နယ်မြေခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ မိမိကိုယ့်ကိုသတ်သေသွားခဲ့တဲ့ အမျိုးသားဟာ အသက် ၃ဝ ဝန်း ကျင်ခန့် ရှိတဲ့လူရွယ်တယောက်ဖြစ်တယ်လို့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။ သူ့ကိုဒီနေ့ စက်တင်ဘာ ၉ ရက်၊နံနက်ပိုင်းအချိန်မှာမြောက်ဒဂုံမြို့နယ်၊(၃၇)ရပ်ကွက်အတွင်းက သစ်ပင်ကြီးတခုအပေါ်မှာသေဆုံးလျက်အနေအထားနဲ့တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းလူမှုကူညီရေးသမားတွေကဆိုပါတယ်။ “ဖြစ်တာကတော့ ညထဲကဖြစ်တယ်လို့ခန့်မှန်းရပါတယ်။Body ကတော့ ဒီနေ့မနက်မှတွေ့ကြရတာပေါ့လေ။အသက်က ၃ဝ ပတ်ချာ လည်လောက်ရှိမယ်။ပုံစံလူရွယ်ပိုင်းထဲကပါပဲ။ အမျိုးသားပါ၊ဘာကြောင့်အခုလိုလုပ်သွားလဲတော့မသိရပါဘူး။ဒီအနီးပတ်ဝန်းကျင်ရပ်ကွက်တွေထဲကလည်းမဟုတ်ဘူးလို့ပြောပါတယ်”လို့ နယ်မြေခံလူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က VOM ကိုပြောပြပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရဲ့ Dead Body ကိုဝန်းရံမှူးလူမှုကူညီကယ် ဆယ်ရေးအသင်းက သစ်ပင်ပေါ်ကနေခက်ရာခဲဆစ်အောက်သို့ချခဲ့ရပြီးအသင်းကကားနဲ့ပင်မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ ဆောင်ကူညီပေးထားတယ်လို့ သိရပါတယ်။ ယခုနှစ်ပိုင်းတွေအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သတ်သေခဲ့တဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်မြို့မှာအများ အပြားရှိခဲ့တယ်လို့လည်း လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုအရ သိရပါတယ်။ “သူက ခဲရာခဲဆစ် ကြိုးပမ်းပြီးဘဝကို အရှုံးပေးသွားတယ်။ကြိုးစားရှင်သန်ကြပါ”လို့…
Read Moreထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်တနှစ်ကျခံဖို့ တရားရုံးချုပ် အမိန့်ချ
ဘန်ကောက်၊ စက်တင်ဘာ-၉-၂၀၂၅ မျိုးဆက်(VOM) ထိုင်းတရားရုံးချုပ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တနှစ်ကျခံဖို့ ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပြီး ရှင်နာဝပ်ထရာ နိုင်ငံရေးမိသားစုအတွက်တော့ နောက်ထပ် ထိုးနှက်ချက်တခုဖြစ်လာပါတယ်။ သက်ဆင်ဟာ ယခင်ထောင်ဒဏ်ကို ဆေးရုံမှာ ဥပဒေနဲ့မညီဘဲ သွားရောက်နေထိုင်မှု စွဲချက်ကို ဆုံးဖြတ်ရာမှာ ထောင်ထဲမှာ တနှစ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ သက်ဆင်နဲ့ သူမိသားစုဟာ ၂၀၀၁ ခုနှစ်မှာ သက်ဆင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက်မှစပြီး ထိုင်းနိုင်ငံရေးကို လွှမ်းမိုးခဲ့ပါတယ်။ သူရဲ့ သမီး ပေတုန်တန်ရှင်နာဝပ်ထရာဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်စောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြာပြီးနောက် ကျင့်ဝတ်သိက္ခာချိုးဖောက်မှုရှိတယ်ဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ပြီးခဲ့တဲ့လမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အသက် ၇၆ နှစ်ရှိဖခင်နဲ့ အတူ ဒီကနေ့ တရားရုံးသို့လိုက်ပါလာခဲ့တဲ့ ပေတုန်တန်ကတော့ စီရင်ချက်အပြီးမှာ သူမ၏ဖခင်အတွက် စိုးရိမ်မိ ပေမယ့် သူမနဲ့ မိသားစုဟာ…
Read Moreဟွာဆောင်-၂၀ တိုက်ချင်းပစ်ဒုံးကျည်အတွက် စွမ်းအားမြင့်အင်ဂျင် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်
ပြုံးယမ်း၊ စက်တင်ဘာ-၉-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အတွက် အဆင့်မြင့်ဒုံးအင်ဂျင် စမ်းသပ်မှုအောင်မြင်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံတော် ထူထောင်ခြင်း ၇၇ နှစ်ပြည့်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကာဗွန်ဖိုက်ဘာ၊ တခြားပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဒီစွမ်းအားမြင့်အင်ဂျင်ဟာ ကြီးမားတဲ့ တွန်းကန်အား ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီအင်ဂျင်ရဲ့ နဝမအကြိမ်မြောက် နောက်ဆုံးမြေပြင်စမ်းသပ်မှုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ စမ်းသပ်မှုရလဒ်ကို ချီးကျူးခဲ့ပြီး နျူကလီးယားစွမ်းရည် ချဲ့ထွင်ရေးမှာ အရေးပါတဲ့ ပြောင်းလဲမှုတရပ်လို့ ပြောပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည် ချဲ့ထွင်ရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ပြောဆိုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ စက်တင်ဘာ ၁ ရက်နေ့က ကင်ဂျုံအန်ဟာ ဒုံးကျည် သုတေသနဌာနကို သွားရောက်ခဲ့ပြီး အင်ဂျင်အကြောင်း အချက်အလက်တွေကို စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက…
Read Moreကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေး သိန်း ၈၀ နီးပါး ရောက်ရှိလာ
စက်တင်ဘာ ၉ – ၂၀၂၅ SS (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး ရောက်ရှိလာမှုနဲ့အတူ ပြည်တွင်း ဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၈၀ နီးပါး ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ တအောင်စ ဒေါ်လာ ၃၄၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာ တအောင်စ ၃၆၅၂ ဒေါ်လာနဲ့ ဈေးဖွင့်ထားတဲ့အတွက် ၁၀ ရက်ကျော်အတွင်း တအောင်စ ဒေါ်လာ ၂၅၀ ကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလို ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ…
Read MoreBGF နဲ့ နီးစပ်တဲ့ KNA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရွှေက္ကိုလ်က ကုမ္ပဏီ ခြောက်ခုကို အမေရိကန် အရေးယူပိတ်ဆို့
စက်တင်ဘာ ၉ – ၂ဝ၂၅ KKO(VOM) BGF (နယ်ခြားစောင့်တပ်)နဲ့ နီးစပ်တဲ့ BGF ကနေအသွင်ကူးပြောင်းလာတဲ့ ကရင့်အမျိုး သားတပ်မတော် KNA က ထိပ်ပိုင်းခေါင်း ဆောင်နှစ်ယောက်အပါ လူပုဂ္ဂိုလ် ၃ ဦးနဲ့ ရွှေက္ကိုလ်မြို့အတွင်းက စီးပွားရေးကုမ္ပဏီ ၆ ခုကိုအမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းထဲမှာထိုင်းကအကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF (ကရင်နယ်ခြားစောင့်တပ်) ကနေ အသွင်ပြောင်းလာတဲ့ ကရင့်အမျိုးသားတပ်မတော် KNA က ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ပါဝင်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။ ဒါအပြင် အဲဒီလူပုဂ္ဂိုလ် ၃ ခုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ထိုင်း- မြန်မာနှစ်နိုင်ငံ မြဝတီနယ်စပ်က စီးပွား ရေးလုပ်ငန်းကုမ္ပဏီအချို့ကိုပါအမေရိကန်အစိုးရက သူတို့ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာထည့်သွင်းလိုက်တယ်လို့ မေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အကြီးအကဲ John K. Hurley က ထုတ်ဖာ်ပြောဆိုထားပါတယ်။ ဒါဟာအမေရိကန်အနေနဲ့…
Read Moreဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် နီပေါဝန်ကြီးချုပ် ရာထူးနုတ်ထွက်
ခတ္တမန္ဒူ၊ စက်တင်ဘာ-၉-၂၀၂၅ ရတီ(VOM) နီပေါနိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီးနောက် နီပေါဝန်ကြီးချုပ် ကေအီရှာမာအိုလီဟာ ဒီကနေ့မှာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ လူမှုကွန်ရက်မီဒီယာ ပိတ်ပင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မနေ့က ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများကြား ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၁၉ ယောက် သေဆုံးပြီးနောက် ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာပါ။ အသက် ၇၃ နှစ်ရအရွယ် ဝန်ကြီးချုပ် အိုလီက ဆန္ဒပြပွဲများအတွင်း သေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်လု့ ပြောပါတယ်။ “ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နောက်ထပ်ခြေလှမ်းတွေလှမ်းတွေအတွက် ဝန်ကြီးချုပ်ရာထူးကနေ ဒီကနေ့ နုတ်ထွက်လိုက်ပြီ ” လို့ နီပေါသမ္မတ Ram Chandra Poudel ထံ ပေးတဲ့ နုတ်ထွက်စာမှ ဝန်ကြီးချုပ် အိုလီက ပြောပါတယ်။ ဆန္ဒပြပွဲတွေအတွင်း ခတ္တမန္ဒူမှာ လူ…
Read Moreဖားကန့်မှာ လက်နက်ကြီးကြောင့် တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာ ရ
စက်တင်ဘာ ၉ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက် အစောပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁ နာရီဝန်းကျင်က ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာ ရပ်ကွက် (၃) မှာ လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဇံချောင်းကျေးရွာက ပြင်းထန်ဒဏ်ရာ ရရှိသူ လေးယောက်အနက် တယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကနဦး စာရင်းအရကတော့ သေဆုံးသူ အပါအဝင် ခုနစ်ယောက် ဒဏ်ရာရ။ ဒါပေမယ့် ညတွင်းချင်း ဆေးခန်းပို့တာနဲ့ အသေးစား ထိတာတွေရှိတယ်။ ဒါကြောင့် စုစုပေါင်း ဒဏ်ရာရ ၁၀…
Read More