ဇီးကုန်း မေလ ၄-၂၀၁၉
မိုးယံ ( VOM)
မေ ၄ရက် ဒီနေ့ညနေ ၅နာရီခွဲ အချိန်ခန့်က တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် ဇီးကုန်းမြို့နတ္တလင်းမြို့နား ရန်ကုန်-ပြည် ကားလမ်းတစ်လျောက်နဲ့ မီးရထားလမ်းတစ်လျောက် သစ်ပင်ကြီးတွေပြိုလဲပြီး လမ်းတွေပိတ်ဆို့နေလို့ ကားလမ်းလည်းပိတ်နေသလို ရန်ကုန်-ပြည် အမြန်ရထားလည်း သွားဖို့ခက်ခဲနေတာကြောင်ရ့ပ်ထားရပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်နဲ့ နတ္တလင်းမြို့နယ်ထဲက ရန်ကုန်-ပြည် ကားလမ်း တစ်လျောက်၊ ရထားလမ်းတစ်လျောက်မှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် နတ္တလင်းမြို့ မှ ကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်နားမှာ ဒီနေ့ ညနေ ၆ နာရီ ပြည်ကိုထွက်မယ့် ရန်ကုန်-ပြည် အမြန်ရထား ထွက်မရဖြစ်နေပါတယ်။ ဗီအိုအမ်က ဇီးကုန်းဘူတာ ရုံပိုင်လေး ဦးအောင်နိုင်ထွန်းကို ညဦးပိုင်း ၈ နာရီဝန်းကျင်က မေးကြည့်တော့
`သစ်ပင်က ၁၀ ပင်လောက်ရထားလမ်းပေါ် လဲကျနေတာ ကျွန်တော်တို့ ဒီကဝန်ထမ်းတွေ သွားရှင်းနေကြတယ် အခုထိတော့ ရထားထွက်မရသေးဘူး ရပ်ထားရတယ်လို့ “ပြောပါတယ်။
ဒီလို တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ဇီးကုန်းနဲ့ နတ္တလင်းမြို့နယ်မှာ နေအိမ်တွေ အမိုးလန်တာ ပြိုကျတာတွေရှိခဲ့တာကြောင့် သက်ဆိုင်ရာက လိုက်လံစာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။
#voiceofmyanmar #ဇီးကုန်း #နတ္တလင်း #လေပြင်းတိုက်