မြန်မာအမျိုးသမီး ဘောလုံးအသင်း မလေးရှားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ

ဒီဇင်ဘာ၊ ၈- ၂၀၂၅
VOICE OF MYANMAR
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု ဒုတိယပွဲစဥ်အဖြစ် မလေးရှားအသင်းနဲ့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့က၊ ချွန်ဘူရီအားကစားကွင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် မှာ ယှဥ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မလေးရှားအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
ပထမဂိုးကိုတော့ ပွဲကစားချိန် ၂၆ မိနစ်မှာ ကျောနံပါတ် ၁၉ ရွှေရည်ထွန်းရဲ့ ပေးပို့မှုကို ကျေနံပါတ် ၈ စမ်းသော်သော်က သွင်းယူခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ပွဲကစားချိန် ၃၅ မိနစ်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းအတွက် ဒုတိယမြောက်ဂိုးကို ကျောနံပါတ် ၁၃ မေထက်လူ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
တတိယဂိုးအတွက် ပွဲကစားချိန် ၆၄ မိနစ်မှာ ဝင်းသင်္ဂီထွန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
၃၃ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈ နိုင်ငံက နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်း ၈ သင်း ပါဝင်ယှဥ်ပြိုင်တာဖြစ်ပြီး အုပ်စု A နဲ့ B Group နှစ်ခု ခွဲထားပါတယ်။
အုပ်စု A မှာ ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းတွေဖြစ်ကြပြီး မြန်မာအမျိုးသမီးအသင်းဟာ လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နဲ့အတူ အုပ်စု(B)မှာ ကျရောက် နေပါတယ်။
မြန်မာအမျိုးသမီးအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကို အဓိကထား ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ဖီလစ်ပိုင်နဲ့ ကစားခဲ့တဲ့ပွဲမှာ ၂ – ၁ နဲ့အနိုင်ရရှိခဲ့တာကြောင့် အုပ်စု B ရဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။
အခု မလေးရှားအမျိုးသမီးကို အနိုင်ရပြီးတဲ့နောက် အုပ်စု B ရဲ့ ပထမ နေရာမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းက ရပ်တည်နေပါတယ်။
၂၀၂၅ Womens Football ပြိုင်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ၄ ရက်ကနေ ၂၀၂၅ ဒီဇင်ဘာ ၁၇ ရက်နေ့အတွင်း ကျင်းပမှာ ဖြစ်တယ်။
ပြိုင်ပွဲရဲ့ Final အဆုံးဖြတ်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံက Chonburi Stadium မှာ ကျင်းပမှာဖြစ်တယ်။
ဓာတ်ပုံ – MFF

Related posts

Leave a Comment

VOM News

FREE
VIEW