ဘိုးအင်းကုမ္ပဏီထံက လျော်ကြေးရဖို့ တရုတ်လေကြောင်းလိုင်းတွေ တောင်းဆိုနေ

ပေကျင်း၊ မေ -၂၂ -၂၀၁၉

မျိုးဆက် (VOM)

 

ဘိုးအင်း ၇၃၇ မက်စ် လေယာဉ်တွေ ပြေးဆွဲပျံသန်းမှုတွေ မလုပ်နိုင်ဘဲ ရပ်နားထားရတဲ့အတွက် ဘိုးအင်းကုမ္ပဏီဆီကနေ လျော်ကြေးပေးဖို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်း သုံးခုက တောင်းဆိုလိုက်ပါတယ်။

 

Air China ၊ China Southern နဲ့  China Eastern တို့က ဘိုအင်းထံကနေ လျော်ကြေးရဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

 

တရုတ်နိုင်ငံက လေကြောင်းလိုင်းတွေဟာ အမေရိကန်နိုင်ငံထုတ် ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်နှစ်စင်း ဆိုးဆိုးရွားရွားပျက်ကျမှုဖြစ်ပွားအပြီး ဒီလေယာဉ်တွေနဲ့ ပြေးဆွဲပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

တရုတ်လေကြောင်းလိုင်းတွေဟာ မှာယူထားတဲ့ ၇၃၇ မက်စ် လေယာဉ်တွေကို ကုမ္ပဏီဘက်က ပေးပို့မှု နှောင့်နှေးတာအပါအ၀င် ရှိနှင့်ပြီးသားလေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်းထားရတာကြောင့် အမြတ်ငွေ ဆုံးရှုံးရတာတွေအတွက် လျော်ကြေးရဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ဒီလေယာဉ်အမျိုးအစားဟာ မတ်လအတွင်းက အီသီယိုပီးယားမှာ ပျက်ကျတာကြောင့် လူ ၁၅၇ ဦး သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်ဒိုနီးရှားမှာလည်း အလားတူပုံစံမျိုးနဲ့ ပျက်ကျခဲ့ပြီး လူ ၁၈၉ ဦး သေဆုံးခဲ့ရပါတယ်။

Ref : BBC

Photo: Getty Images

 

#voiceofmyanmar # ဘိုးအင်းကုမ္ပဏီထံလျော်ကြေးတောင်း #တရုတ်လေကြောင်းလိုင်း   #တရုတ်  #ပေကျင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW