မန္တလေး၊ အောက်တိုဘာ- ၂၃- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် – မန္တလေး အဆင်းလမ်း ၁၉ မိုင်မှာ နယူးမန္တလာထွန်း ခရီးသည်တင်ယာဥ်နဲ့ အငှားယာဥ်Nissan Wingroad မော်တော်ကားတို့ တိုက်မိခဲ့ပြီး လူ ၃၀ ဝန်းကျင်ပါတဲ့ နယူးမန္တလာထွန်း ခရီးသည်တင်ယာဥ်ချောက်ထဲ ကျခဲ့ပါတယ်။
ယာဥ်တိုက်မှုကြောင့် Nissan Wingroad မော်တော်ကား မောင်းနှင်တဲ့ ယာဥ်မောင်းဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ချောက်ထဲကျသွားတဲ့ ခရီးသည်တင်ကားအတွင်းက ခရီးသည် ငါးယောက်လည်း နေရာတင်သေဆုံးသွားတာကြောင့် ၆ယောက် အလောင်းရရှိထားတယ်လို့သိရပါတယ်။
ဒီယာဥ်မတော်တဆမှုကို မန္တလေးတိုင်းအတွင်းက မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်း ကယ်ဆယ်နေပြီး မန္တလေးဆေးရုံကြီးကို လူနာတွေပို့ပေးနေတယ်လို့ သိရပါတယ်။
crd
