တနိုင်းမှာ ဆင်းနင်းခံရလို့ လူခုနှစ်ယောက်သေဆုံး၊ ဆင်ကိုတွေ့ပေမယ့် ခုထိဖမ်းမမိသေး

အောက်တိုဘာ ၂၆ ၊ ၂၀၂၆
CC (VOM)
ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်ထဲက ကျေးရွာဘက်မှာ ဆင်နင်းသတ်ခံရလို့ လူ ခုနှစ်ယောက်အထိ သေဆုံးခဲ့ပြီး ဆင်ကိုတွေ့ပေမယ့် ခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ကစပြီး ဒီကနေ့ ၂၆ ရက်နေ့အထိ စက်ဆဲချောင်းတလျှောက်ရှိ တရုံရွာအနီး မုန်ညှင်းခင်းအတွင်းလုပ်ကိုင်သူအပါအဝင် ဆင်နင်းသတ်ခံရတဲ့ အမျိုးသား ၊အမျိုးသမီး ခုနှစ်ယောက်အထိရှိလာတာ ဖြစ်ပါတယ်။
” ဆင်နဲ့ပတ်သက်လို့ အဲဒီနေရာမှာ သစ်ဆွဲလား ရွှေလုပ်တဲ့နေရာလည်းရှိတော့ မသိသေးဘူး။ ၂၃ ရက်ညက တရုံရွာအနီးက စက်ဆဲချောင်းနားမှာ မုန်ညှင်းခင်းစောင့်တဲ့အဖိုးနဲ့ လူလတ်ပိုင်းနှစ်ယောက်နင်းသတ်ခဲ့တာ သိရတယ်။ ဒီနေ့အထိ သိရတာကတော့ ဆင်းနင်းသတ်ခံရတာ ခုနှစ်ယောက်ရှိပြီ။လူတွေနာမည်အတိအကျ မသိရသေးဘူး။ သိရတာ တချို့ဆင်နင်းသတ်ခံရတဲ့အထဲမှာ ဆင်ကစားလိုက်လို့ ဆံပင်ပဲကျန်တယ်ဆိုပြီးပြောတာလည်းရှိပေမယ့် အတည်တော့မပြုနိုင်သေးဘူး။ ” လို့ တနိုင်းဒေသခံက ပြောပါတယ်။
လက်ရှိမှာ အဲဒီဆင်ကို ဖမ်းမိရေးအတွက် အစိုးရအဖွဲ့ဘက်ကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကလိုက်လံရှာဖွေနေရာ တရုံရွာဘက်မှာ ဒီနေ့တွေ့ရှိခဲ့တဲ့အတွက် ပစ်ခတ်ဖမ်းပေမယ့်လည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဆင်ကို ခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးတာကြောင့် တရုံရွာဒေသခံအပါအဝင် ဒေသခံတွေက.စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း တနိုင်းမြို့နယ်ထဲမှာ ဆင်နင်းသတ်လို့ သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW