အိန္ဒိယမှာ အဆောက်အဦးတခု မီးလောင်လို့ ကျောင်းသား ၁၉ ဦးသေဆုံး

ဒေလီ၊ မေ-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံမှာ အဆောက်အဦးတခု မီးလောင်ကျွမ်းမှုဖြစ်ပွားလို့ အဲဒီအဆောက်အဦးမှာ ကျူရှင်သင်နေတဲ့ ကျောင်းသားကျောင်းသူ ၁၉ ဦးထက်မနည်း သေဆုံးသွားပါတယ်။

 

အိန္ဒိယနိုင်ငံ အနောက်ပိုင်းက ဆူရက်မြို့မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ အဆောက်အဦး ပြတင်းပေါက်တွေကနေ အနက်ရောင်မီးခိုးလုံးတွေ ထွက်လာချိန်မှာ အခန်းထဲက စာသင်နေသူတွေဟာ အဆောက်အဦးပေါ်ကနေ ခုန်ချတာတွေလုပ်ခဲ့သလို ပြုတ်ကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

 

သေဆုံးသူအများစုဟာ ကျူရှင်စင်တာတခုမှာ လာရောက်သင်ကြားနေတဲ့ ဆယ်ကျော်သက် တွေဖြစ်ကြပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်းမသိရသေးပါဘူး။

 

မီးလောင်လွယ်တဲ့ အမိုးပြားတွေကြောင့် အခန်းဖွဲ့ထားတဲ့ စာသင်ခန်းတွေဆီကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကြောင့် လူ ၂၀ ဦးလည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ဂူဂျာရက်ဆေးရုံမှာ ကုသနေရပါတယ်။

 

သေဆုံးသူတွေအားလုံးဟာ အသက် ၂၀ နှစ်အောက်အရွယ်တွေဖြစ်ပြီး အခန်းရဲ့ လှေကားအနီးမှာ မီးစတင်လောင်ကျွမ်းတာကြောင့် ပိတ်မိနေခဲ့ပါတယ်။

 

သေဆုံးသူတွေဟာ မီးလောင်တာကြောင့်ရော အဆောက်အဦးပေါ်က ခုန်ချတာကြောင့်ပါ သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ မီးသတ်အရာရှိတဦးက ပြောပါတယ်။

Ref : BBC

Photo : Getty Images

 

#voiceofmyanmar #အဆောက်အဦးမီးလောင်ကျောင်းသား ၁၉ ဦးသေ #အိန္ဒိယ #ဒေလီ

Related posts

✕
VOM News

FREE
VIEW