ပေါင် သြဂုတ် ၁၁-၂၀၁၉
မိုးယံ
မွန်ပြည်နယ် ပေါင်မြိ့နယ် သဲဖြုကုန်းကျေးရွာ သံဖြူရပ်ကွက် မြေပြိုမှုဖြစ်ပွားလို့ ရှာဖွေကယ်ဆယ် ပြုလုပ်နေတဲ့နေရာတွေဟာ အန္တရယ်များတဲ့အတွက် အများပြည်သူမလာကြဖို့ သက်ဆိုင်ရာက ဆော်သြထားပါတယ်။
“ လောလောဆယ် လုပ်ငန်းလုပ်နေတဲ့နေရာကိုဆော်သြထားတယ်ပေါ့ ပြည်သူတွေလာပြီးတော့ကြည့် တာတို့ဘာတို့မရှိအောင်ကားတွေကိုလည်း မြို့ရှောင်လမ်းကနေ လမ်းလွှဲလုပ်ပေးထားတယ်၊ လုပ်ငန်းလုပ်နေတဲ့အချိန်မှာ ယန္တယားတွေနဲ့လုပ်နေတဲ့အတွက် ထိခိုက်မှာလည်းစိုးတယ် ပြီးတော့ဒီတောင်ကပဲ့ကျနေတုန်းဘဲ မိုးကလည်းဆက်တိုက်ရွာနေတာဆိုတော့ ကျောက်တုံးကြီးတွေ ပိကျမှာစိုးလို့ လမ်းကနေမဖြတ်ခိုင်ဘူး ဒီလမ်းကလည်းလမ်းဆုံဖြစ်နေတော့ အများပြည်သူမသွားမဖြစ်သွားကြတော့ ဒါတွေဖြတ်မသွားအောင်ထိန်းချုပ်ပေးရတာပေါ့လို့ “ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းကပြောပါတယ်။
`ပိတ်မိနေတာတွေကို ဆက်ပြီးရှာဖွေကယ်ဆယ် နေကြပါတယ် အဆောက်အဦး အလိုက် ထရပ်ကားတွေရော အပေါ်ကကျောက်တုံးကြီးတွေဖုံးထားသလိုဖြစ်နေတော့ စက်ယန္တယားတွေနဲ့ကယ်ထုတ်နေရတယ် အောက်မှာအသက်ရှင်ကျန်သေးလား ဘယ်လိုအခြေအနေ ရှိနေလဲ ဆိုတာ ရန်ကုန်ကကယ်ဆယ်ရေးအဖွဲ့တွေ ကိရိယာတွေနဲ့စမ်းသပ်ပြီး ကယ်ထုတ်နေပါတယ်လို့´လည်း ပြောပါတယ်။
ပိတ်မိနေတာတွေကို ဒီနေ့နံက် ၆နာရီမှာစတင်ပီး ရှာဖွေကယ်ဆယ် ဆက်ပြီးလုပ်နေကြပါတယ်။ အခု မနက် သေဆုံးသူ၁၃ယောက်တွေ့ထားပါပြီ လက်ရှိအချိန်ထိ အားလုံးသေဆုံးသူ ၅၀ တွေ့ထားပြီလို့ မိုးစေတနာ ပရဟိတအသင်းကပြောပါတယ်။
ကယ်ဆယ်ရေးစခန်းမှာကျန်ခဲ့တဲ့မိသားစုတွေ ဆေးရုံမှာဆေးကုနေတဲ့ ကျန်ခဲ့တဲ့မိသားစုတွေကို စောင့်ရှောက်တဲ့နေရာမှာပို့ထားပြီး လိုအပ်မှုမရှိအောင် စောင့်ရှောက်ထားကြောင်း ပရဟိတအသင်းကသိရပါတယ်။
#voiceofmyanmar #ပေါင် #မွန်ပြည်နယ် #မြေပြိုမှု
ဓါတ်ပုံ ZarNi