တောင်ကြီးမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၄လုံးထက်မနည်းတွေ့

 

တောင်ကြီး နိုဝင်ဘာ ၁၆-၂၀၁၈

ရှမ်းပြည်နယ် တောင်ကြီးမြို့  မြို့မဈေးအနီး မီးပွိုင့်မှာ လက်ဆွဲသေတ္တာငယ်နဲ့ ထည့်ထားတဲ့ ဗုံး ၄လုံးကို ပြည်သူတွေက မွန်းလွဲ ၁နာရီကျော်မှာ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ပါတယ်။ အစိုးရ စစ်တပ်ဖက်က လက်နက်ကျွမ်းကျင်သူတွေလာရောက်ပြီး တလုံးကို နေရာမှာတင်ဖေါက်ခွဲရှင်းလင်းခဲ့ပြီး ကျန် သုံးလုံးကို ယူဆောင်သွားတယ်လို့ တောင်ကြီးဒေသခံ ဦးခင်မောင်တိုးကပြောပါတယ်။  နောက်ထပ်ဗုံး တွေ့တယ်ဆိုတဲ့သတင်းကြောင့် အိုးရှင်း ဈေးဝယ်စင်တာ ကားပါကင်မှာ ရှာဖွေရေးတွေလုပ်နေကြောင်းလည်း သိရပါတယ်။  တောင်ကြီးမှာ မီးပုံးပျံပွဲကျင်းပနေလို့လူစည်ကားနေချိန်မှာ ဒီလိုလုပ်တာဟာ ရှမ်းပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေလက်ချက် မဖြစ်နိုင်ကြောင်းနဲ့ တောင်ကြီးမီးပုံးပျံပွဲကို ဖျက်လို့ဖျက်စီးလုပ်လိုသူတွေက ကြံစည်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

#voiceofmyanmar #တောင်ကြီးမှာမိုင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW