အင်းစိန်မြို့နယ်မှာ စိတ်ကြွဆေးပြား ၁.၅ သန်းကျော်ဖမ်းမိ

 

ရန်ကုန်၊ နိုဝင်ဘာ-၁၈ -၂၀၁၈
လင်းလက်အောင် (VOM)

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် မ-၂၀(က)က ဂိုထောင်ထဲရပ်ထားတဲ့ ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁၅ သိန်းပြားကျော်ကို နိုဝင်ဘာ ၁၇ ရက်ညနေ ၆ နာရီ ၁၅ မိနစ်က ဖမ်းဆီးရမိခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မူးယစ်တပ်ဖွဲ့စု(၄၀)ကတပ်ဖွဲ့ဝင်တွေရယ် ဥသျှစ်ပင်နယ်မြေရဲစခန်းကတပ်ဖွဲ့ဝင်တွေရယ်ပေါင်းပြီး မူးယစ်ဆေးဝါးသတင်းအရသက်သေတွေနဲ့အတူ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် မ-၂၀(က)မှာရှိတဲ့ ဂိုထောင်ထဲကို ဝင်ပြီးရှာဖွေခဲ့ကြပါတယ်။

ဒီလိုရှာဖွေရာမှာ ဂိုထောင်ထဲမှာရပ်ထားတဲ့ ကားနံပါတ်-7I/—- TOYOTA VIGO ကားရဲ့နောက်ခန်းကြမ်းခင်း အံဝှက်ထဲက ကာလပေါက်ဈေးငွေကျပ် သိန်း၃၈၇၄၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား-၁၅၄၉၆၀၀ ပြား ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

စိတ်ကြွဆေးတွေနဲ့အတူ ဒေါ်နန်းမိုဟွမ်နှင့်စိုင်းသိန်းနိုင်တို့နှစ်ယောက်ကိုလည်း တွေ့ခဲ့ရတာကြောင့် အင်းစိန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

လက်ရှိ အင်းစိန်မှာဖမ်းမိတဲ့စိတ်ကြွဆေးပြားတွေဟာ နိုဝင်ဘာလ ၁၃ ရက်နေ့ည ၈ နာရီ ၁၀ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃၇)ပြည်ကတပ်ဖွဲ့ဝင်တွေ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းရဲတပ်ဖွဲ့ဝင်တွေ နယ်မြေခံ ညောင်ကျိုးရဲကင်းစခန်းကတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းဆီးရမိခဲ့တဲ့ ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဝင်းမောင် ၃၃ နှစ်မောင်းပြီး ဝင်းမြင့် ၄၄ နှစ်လိုက်ပါလာတဲ့ ကားနောက်ခန်း ကြမ်းခင်းအံဝှက်ထဲက စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်ရဲ့ကွင်းဆက်ပဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာတော့ ကားသမားနဲ့လိုက်လာတဲ့တစ်ယောက်ကို ဥသျှစ်ပင်နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၁ နဲ့အမှုဖွင့်အရေးယူထားပါတယ်။

#voiceofmyanmar #အင်းစိန် #မူးယစ်ဆေးဖမ်းမိ
ဓာတ်ပုံ- နေပြည်တော်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW