စစ်ကိုင်းက ရှေးဟောင်းကိုးပေတံတားနံရံကို ကြော်ငြာဆိုင်းဘုတ်ကပ်လို့ ဒေသခံတွေမကျေနပ်

စစ်ကိုင်း နိုဝင်ဘာ ၂၄ -၂၀၁၈

စောပြည့်ချမ်းသာ  (VOM)

စစ်ကိုင်းမြို့အဝင် ရှေးဟောင်း ကိုးပေတံတားရဲ့ အုတ်နံရံမှာ ကြော်ငြာထားတဲ့ ဖုန်းဆိုင်ကြော်ငြာတစ်ခုကို အကြောင်းပြုပြီး မြို့နေပြည်သူတွေနဲ့  လူမှုကွန်ရက် စာမျက်နှာတွေမှာ  ဝေဖန်မှုတွေ မြင့်တက်နေသလို အဲဒီကြော်ငြာဆိုင်းဘုတ်ဟာ သက်ဆိုင်ရာဌာနကို အခွန်အခပေးဆောင်ထားမရှိဘူးလို့သိရပါတယ်။

”အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ စစ်ကိုင်းမြို့ရဲ့ တံခါးလို့ပြောလို့ရတယ်။ ခုလို အုတ်ရိုက်သံတွေနဲ့ ရိုက်တယ်။ကြေးနန်းတွေ ချိတ်ဆွဲထားတယ်။ နှစ်ပေါင်းအားဖြင့်လည်း ကြာမြင့်နေပြီး ရေရှည်မခံဘဲ ပျက်စီးနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့ခံတွေစုပေါင်းလက်မှတ်ထိုးကန့်ကွက်သွားဖို့ လုပ်သွားပါမယ်”ဟု စစ်ကိုင်းမြို့နေ ကိုအောင်မြတ်လင်းကပြောပါတယ်။

စစ်ကိုင်းမြို့ဝင်၊ ကိုးပေတံတားအနီး၊ အင်းဝ တံတား (စစ်ကိုင်း)သွားတဲ့ မီးရထားသံလမ်းတံတားအောက် အုတ်နံရံမှာ နိုဝင်ဘာလ ပထမအပတ်အတွင်းက ထို ဖုန်းဆိုင်ကြော်ငြာဆိုင်းဘုတ်ကို တပ်ဆင်ခဲ့ကြောင်း သိရပြီး တပ်ဆင်ထားသော ကြော်ငြာဆိုင်းဘုတ်မှာ မြန်မာ့မီးရထားပိုင် နယ်မြေ အတွင်း ဖြစ်ကြောင်းသိရပါတယ်။

”ခုဟာက မီးရထားနယ်မြေ ၊ကျွန်တော်တို့နဲ့ မဆိုင်ဘူးဗျ။မီးရထားနဲ့ပတ်သက်တာတွေ ကျွန်တော်တို့က မထိတွေ့တော့ဘူး၊ မကိုင်တွယ်ထားဘူး၊ မီးရထားနယ်မြေ ဧရိယာမှန်သမျှ ဘာတစ်ခုမှ ဝင် မစွက်ဖက်တော့ဘူး။”လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။

မြန်မာ့မီးရထား တိုင်း(၂) ရွာထောင်၊စီးပွားရေးဌာန မန်နေဂျာဦးကျော်မိုးကလည်း ”ကျွန်တော်တို့ဆီ အခွန်ဆောင်တာလည်း မရှိဘူး၊သတင်းပို့တာလည်း မရှိဘူး၊အသိပေးတာလည်း မရှိပါဘူး။ကျွန်တော်တို့ မီးရထားပိုင်နယ်မြေဆိုပေမယ့် ကျွန်တော်တို့က အပေါ်ပိုင်းပဲ ယူတာ၊ ခုကပ်ထားတာက အောက်ပိုင်းဖြစ်နေတာ အမှန်က ဘာမှမဟုတ်ပါဘူး ဆွဲခွာလိုက်လည်းရပါတယ်လို့  ပြောပါတယ်။

ခုသတင်းတင်နဲ့ညနေအချိန်ထိ မည်သူတဦးတယောက်ကမှ  အဲဒီကြော်ငြာကို လာမခွါသေးပဲရှိနေပါသေးတယ်။

#VOICEOFMYANMAR #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW