ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ ကော့ဘဇားက ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုနေ

ကော့ဘဇား၊ နိုဝင်ဘာ-၂၇

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက  ဘင်္ဂါလီတွေက ၎င်းတို့မျိုးနွယ်စုကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို နိုဝင်ဘာ ၂၆ ရက်ကစတင်ပြီး ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဒီလို ဆန္ဒပြတာတွေကို နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိပြုလုပ်သွားမှာဖြစ်ပြီး ၎င်းတို့ကို ထုတ်ပေးတဲ့ စမတ်ကတ်တွေထဲမှာ ရိုဟင်ဂျာအဖြစ် သတ်မှတ်သုံးနှုန်းဖော်ပြဖို့အပြင် ၎င်းတို့ရဲ့ အချက်အလက်တွေကို မြန်မာဘက်ကို ပေးပို့နေတာတွေကိုလည်း ရပ်တန့်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒီလို  ဆန္ဒပြတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းအချို့က ဈေးတွေလည်း ပိတ်ထားရပြီး  အကူအပေးရေး  အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် အလုပ်လုပ်နေတဲ့ ဘင်္ဂါလီတွေကလည်း ၎င်းတို့ရဲ့  လုပ်ငန်းခွင်တွေထဲမှာ သပိတ်မှောက်ခဲ့ကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကြောင့် ဖိနှိပ်မှုတွေခံခဲ့ရတာကြောင့် ရိုဟင်ဂျာအသုံးအနှုန်းက မိမိတို့အတွက် အလွန်အရေးကြီးတယ်လို့ ဆန္ဒထုတ်ဖော်ကြတဲ့ ဘင်္ဂါလီတွေက  ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ရိုဟင်ဂျာ အသုံးအနှုန်းကို မြန်မာနိုင်ငံက ပိတ်ပင်ထားပေမယ့် ဘင်္ဂလားဒေ့ရှ်က မပိတ်ပင်သင့်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်န်ဂျီအို အဖွဲ့တွေက အကူအညီတွေ ဖြန့်ဝေတာနဲ့ ဒုက္ခသည်စခန်းတွေမှာ ခွဲခြားသိရှိနိုင်ဖို့အတွက် ထုတ်ပေးတဲ့ စမတ်ကတ်တွေကို ဒုက္ခသည်တွေက လက်ခံဖို့ ဘင်္ဂါလားဒေ့ရှ်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဘင်္ဂါလီတွေကတော့ အဆိုပါစမတ်ကတ်တွေမှာ ရိုဟင်ဂျာလို့ သုံးနှုန်းမထားဘဲ မြန်မာနိုင်ငံကနေ အတင်းအကြပ်ရွှေ့ပြောင်းလာရသူတွေလို့ ဖော်ပြထားတဲ့အတွက် စမတ်ကတ်တွေကို လက်ခံဖို့ ငြင်းဆန်နေကြပါတယ်။

ဆန္ဒပြတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေက  ဒီလို စမတ်ကတ်တွေ ထုတ်ပေးတာကို ရပ်တန့်ဖို့၊ ၎င်းတို့ကို  ရိုဟင်ဂျာ အဖြစ် သုံးနှုန်းသတ်မှတ်ပေးဖို့နဲ့  ဘိုင်အိုမက်ထရစ်နည်းနဲ့  ဘင်္ဂါလီမိသားစုတွေရဲ့  အချက်အလက်တွေကို ကောက်ယူပြီး မြန်မာနိုင်ငံဘက်သို့ ပေးပို့ခြင်းများ ရပ်တန့်ရန် အပါအ၀င် အချက်လေးချက်ကို တောင်းဆိုနေကြပြီး ဒီလိုဆန္ဒပြတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

Ref: Reuter/ Press TV

Photo : Reuter

#voiceofmyanmar #ဘင်္ဂါလီ #ရိုဟင်ဂျာ #ကော့ဘဇား #ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW