”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်ဆိုတဲ့ ထူးအယ်လင်း”

ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈

သင်းသဒ္ဒါ(VOM)

အသံအားပြင်းပြင်းနဲ့ သီဆိုခဲ့တာမို့ ပရိသတ်နဲ့ ရင်ဘက်ချင်းထိအောင် သီဆိုတတ်တဲ့ တေးသံရှင် ထူးအယ်လင်းကတော့  ”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်။ကိုယ်ပိုင်စိတ်ထဲမှာ ရှိသီချင်းဆိုဖြစ်တယ်။ ပရိသတ်လည်း စိတ်ထဲရှိမှ နားထောင်လို့ရတာပါ ”လို့ဆို ပါတယ်။

သီချင်းတွေအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ “လူတစ်ယောက်ဟာ ရိုးသားမှုပဲ။ ကိုယ့်သီချင်းကို စေတနာ ထားတယ်။ ကိုယ်တိုင် ရင်ဘတ်ထဲမှာနှစ်သက်မှ ပရိသတ်ကို ချပြတယ်။ပရိသတ်ကလည်း ရင်ဘတ်ထဲကို ထိတာ။ ကိုယ်တိုင်ရင်ဘတ်ထဲကဆိုမှ ပရိသတ်ကကြိုက်နှစ်သက်တယ်။အရင်နားနဲ့ နားထောင်ပြီးတော့ ဦး နှောက်ဆီ ရောက်ပြီ။ နှလုံးသားဆီ ရောက်တာပါ”လို့ဆိုပါတယ်။

ဂီတသက်တမ်းကလည်း ၁၇ နှစ်ရှိပြီဆိုပေမယ့် ၂၀၀၁ ခုနှစ် အိမ်ဂျယ်ထယော ၊ ၂၀၀၇ ခုနှစ်မှာဟလူသားဘဝ နဲ့ ၂၀၁၂ ခုနှစ်မှာ ရှင်သန်နေခြင်း ခွေတွေကို ထွက်ခဲ့ပါတယ်။ ထူးအယ်လင်းကတော့ လာမယ့်လမှာ ၄ခွေမြောက်ဖြစ်တဲ့ နောင်တ ဆိုတဲ့ တစ်ကိုယ်တော် အခွေထွက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။ပရဟိတတွေလုပ်ကိုင်သလို ဒီဇင်ဘာ ၁ ရက်နေ့မှာ ဘုရား၃ ဆူမြောက် ထီးတင်ဖို့လည်း ရှိတယ်လို့သိရပါတယ်။

အချစ်ရေးဘက်မှာလည်း အောင်မြင်တယ်ဆိုတော့ လျို့ဝှက်ချက်ကတော့ “တကယ်တော့ ကိုယ့်ဟာကိုယ် ရိုးရိုးရှင်းရှင်းနေပါ။ အမှန်အကန်နေပါ။ ယုန်ကမတိုးပေမယ့် ပိုက်ကလာတိုးလိမ့်မယ်။ အဲလိုမျိုးတွေ မလုပ်နဲ့လို့ တားချင်ပါတယ်။အဲတာ အညှီးအဟောက်မလုပ်နဲ့။ တွင်းနက်ကြီးထဲ ကျတတ်တယ်။အဲဒါ တော်တော် ကြောက် စရာ ကောင်းတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#VOICEOFMYANMAR #ထူးအယ်လင်း

Related posts

Leave a Comment

VOM News

FREE
VIEW