ဆိုးလ်၊ နိုဝင်ဘာ-၂၀၊ ၂၀၁၈ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးသွားတာကို အသေးစိတ်ပြန်လည်စစ်ဆေးဖို့ တောင်ကိုရီးယား ဗုဒ္ဓဘာသာ ရဟန်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပြီး အထောက်ထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖို့ ၀င်ရောက်စီးနင်းတာတွေကိုရပ်တန့်ဖို့ တောင်ကိုရီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံးဗုဒ္ဓဘာသာဂိုဏ်းက ရဟန်းတော်တွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ဖို့် နိုဝင်ဘာ ၁၉ ရက်မှာ ဆိုးလ်မြို့မှာရှိတဲ့ သမ္မတအိမ်တော်အထိ တစ်မိုင်ကျော် ချီတက်ဆန္ဒခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ်လအတွင်းက အသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသေဆုံးမှုကို တောင်ကိုရီးယားအစိုးရက ပြန်လည်စစ်ဆေးသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တရားမ၀င် အလုပ်သမားတွေကို ဖမ်းဆီးဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ၀င်ရောက် စီးနင်းစဉ်မှာ အဆိုပါမြန်မာအလုပ်သမားဟာ ဆောက်လုပ်ဆဲ အဆောက်အဦပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။…
Read MoreMonth: November 2018
စစ်ကိုင်းမှာ စားသုံးရန် မသင့်တဲ့ အစားအသောက်တွေကိုမီးရှို့ ဖျက်ဆီး
စစ်ကိုင်း နိုဝင်ဘာ ၂၀၊ ၂၀၁၈ မောင်တာရာ (VOM) စစ်ကိုင်းခရိုင်အတွင်း မှာ ရောင်းချနေတဲ့ ဈေးတွေကနေ သိမ်းဆည်းရမိတဲ့ စားသုံးရန် မသင့်တဲ့ အစားအသောက်တွေကို ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနဝန်းအတွင်းမှာ မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းခရိုင် အဆင့် ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးကော်မတီက စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်းမြို့မဈေး၊မြင်းမူမြို့မဈေး၊ရွှေမင်းဝံဈေး၊သောတာပန်ဈေး၊ညောင်းပင်ဝန်းဈေး၊ရွာထောင်ဘူတာဈေး နဲ့ အခြေခံပညာအထက်တန်းကျောင်းတွေက မုန့်ဈေးဆိုင်တန်းများကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ အဲလို လိုက်လံစစ်ဆေးရာမှာ စားသုံးရန် မသင့်တဲ့ အစားအသောက် (၂၄)မျိုးကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ပြီး ဒီနေ့မှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။
Read Moreကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်ကပ်ဖို့ ဆေးကုမ္ပဏီတွေကို အဆိုပြုလွှာစခေါ်
စစ်ကိုင်း နိုဝင်ဘာ ၂၀-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် အဖြူရောင်သင်္ကန်းကပ်လှူရန် အတွက် အောက်ခြေမှာ စမ်းသပ်သုတ်ထားတဲ့ အဖြူရောင်ဆေးတွေကို ဒီနေ့နံနက်ပိုင်းမှာ သီတဂူဆရာတော်ဘုရားကြီး ကြွရောက်ကြည့်ရှု့ခဲ့ပါတယ်။ လက်ရှိမှာ အဖြူရောင်ဆေးပြန်လည် ကပ်လှူပူဇော်ရန် ကုမ္ပဏီတွေက အဆိုပြုလွှာတွေ တင်ထားကြပြီး အဖြူရောင်ဆေးကပ်လှူပူဇော်မှုကိုတော့ တန်းဆောင်မုန်းလအပြီးမှာ စတင်လုပ်ဆောင်သွားမယ်လို့ ဘုရားဂေါပက အဖွဲ့ကသိရပါတယ်။ #voiceofmyanmar #ကောင်းမှုတော်
Read Moreလူငယ် ဇာတ်လမ်းလေးတွေ ပရိသတ်ကို ချပြမယ်ဆိုတဲ့ ယွန်းယွန်း
ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ (VOM) ကလေးအရွယ်ထဲက ဇာတ်ဆောင်စရိုက်ပီပြင်မှုတွေ ကြောင့် အကယ်ဒမီကိုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ ယွန်းယွန်းကတော့”ညီမ အရွယ်နဲ့လိုက်ဖက်ပြီးတော့ ခေတ်နဲ့အညီ လူငယ် ဇာတ်လမ်းလေးတွေ စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံ မျိုးတွေ ပရိသတ်ကို ချပြမယ်”လို့ဆိုပါတယ်။ သူမကတော့ ရန်ကုန်တက္ကသိုလ် Psychology ဒုတိယနှစ်အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လတ်ရှိမှာ ထိုင်းနိုင်ငံ နှင့်အတူ တွဲဖက်ပြီးတော့ ကြော်ငြာတွေလည်း ရိုက်ကူးရန်ရှိပြီးတော့ လာမယ့်နှစ်ဆန်းပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဆံပင်အရှည်ကြီးလည်း ထိန်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ ”မေမေက ဆံပင်အရှည်ကြီးပျက်စီး ဆိုးလို့ အရောင်ဆိုးတာလောက်ပဲ လုပ်ခွင့်ပေး တယ်။ဒါတောင် ပထမအထပ်လောက်ပဲ နည်းနည်း ဆိုတာပါ။ခေါင်တစ်ခေါင်လုံး ဆိုးလို့မရသေးပါဘူး။ရှည်နေတဲ့ ဆံပင်လေးကိုမပျက်စီးအောင်တော့ ထိန်းသိမ်းပါတယ်။နောက်ပိုင်း ဆံပင်ပုံစံတွေ ပြောင်း ပြီမှပဲ လုပ်ချင်တာရှိရင်လုပ်ဖြစ်မှာပါ။ လောလော ဆယ်တော့…
Read Moreမလေးရှားသွားမယ့် မြန်မာ ၂၁၀ ထိုင်းမှာ ဖမ်းခံရ
ရနောင်း၊ နိုဝင်ဘာ-၂၀-၂၀၁၈ မျိုးဆက် (VOM) ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ ရနောင်းမှာ မလေးရှားနိုင်ငံကို တရားမ၀င်သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၂၁၀ ကို သီးခြားဖမ်းဆီးစစ်ဆေးမှုတွေသုံးခုလုပ်ရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာအများစုဟာ မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ထားတယ်လို့ ၀န်ခံခဲ့ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဗီယာရွတ်ကာယူနာယာဒ်ဟွန်းက ပြောပါတယ်။ ဖမ်းမိသူအများစုက မလေးရှားမှာ အလုပ်ရှာဖို့အတွက် ထိုင်းနိုင်ငံကို ကြားခံအဖြစ်အသုံးပြုပြီး သွားရောက်ကြမှာဖြစ်ကာ အခြားသူတွေကတော့ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ဆမုဆာခွန်တို့မှာ အလုပ်ရှာဖို့ စီစဉ်ထားတယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ၎င်းက ပြောပါတယ်။ အဆိုပါ မြန်မာလုပ်သားတွေကို နိုဝင်ဘာ ၁၀ ရက်၊ ၁၃ ရက်နဲ့ ၁၆ ရက်တွေမှာ ရနောင်းမြို့ရဲ့ မတူတဲ့နေရာသုံးခုကနေဖမ်းဆီးခဲ့တာဖြစ်ပြီး အချို့ကတော့ ဆီအုန်းစိုက်ခင်းမှာ အလုပ်လုပ်ဖို့ အမည်မသိလူတစ်ယောက် လာခေါ်မှာကိုစောင့်ရင်း…
Read Moreစစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို တက်ဘလက်များပေးအပ်
မုံရွာ နိုဝင်ဘာ ၂၀- ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ကျန်းမာရေးအသိပညာတွေ တိုးပွားစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေရေးတို့ကို ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်း ၃၀၀၀ ကျော်အတွက် နိုဝင်ဘာလ ၂၀ ရက်နေ့က တက်ဘလက်တွေ ပေးအပ်ခဲ့ပါတယ်။ တက်ဘလက်တွေကို အခြေခံကျန်းမာရေးဝန်ထမ်းနှင့် တိုက်နယ်/မြို့နယ်ဆရာဝန်တွေအတွက်ဆိုပြီး ၂ မျိုး ၂ စားပေးအပ်ခဲ့တာပါ။ “ဒါကိုဘာကြောင့်ပေးရလဲဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအသိစာတတ်မြောက်မှု တိုးတက်အောင်လုပ်ဖို့။ ဒုတိယအချက်က ဒီလိုတိုးတက်အောင် လုပ်ဖို့ဆိုရင် ဝန်ထမ်းတွေကလည်း အရည်အသွေးပြည့်ဝနေရမယ်။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာလည်း တတ်မြောက်နေရမှာ ဖြစ်တဲ့အတွက် ဒီမိုဘိုင်းတက်ဘလက်တွေမှာ ထည့်ထားတာတွေက အခြေခံကျန်းမာရေးလုပ်သားတွေအတွက် တစ်မျိုး၊ ဆရာဝန်အတွက် တစ်မျိုး ထည့်ထားပါတယ်။ ဒါကိုအသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်မှု ဘာသာရပ်မှာ အထူးကောင်းမွန်တတ်မြောက်ပြီး ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးတဲ့အခါ ထိရောက်မှာဖြစ်ပါတယ်။”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန…
Read Moreယူရိုသန်း(၇၀) ချေးယူမယ့်ကိစ္စ မဆိုင်တဲ့ water taxi ကောင်းစားဖို့အတွက်လို့ လွှတ်တော်ကိုယ်စားလှယ်ပြော
နေပြည်တော်၊ နိုဝင်ဘာ(၁၉)၊၂၀၁၈ ဒီပ(နေပြည်တော်) နိုင်ငံတော်သမ္မထံက ပေးပို့ထားတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံကနေ ချေးငွေယူရိုသန်း(၇၀) ရယူရန်ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်ထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က သတင်းထောက်များကို အခုလိုပြောပါတယ် “ကားလမ်းရယ် ရထားလမ်းရယ် ရေကြောင်းလမ်းရယ်ပေါ့ အဲ့ဒါကိုလုပ်ဖို့ ကြိုးစားနေတာ လုပ်တဲ့အခါမှာလည်း မြန်မာငွေနဲ့ လုပ်လို့ရတဲ့ဟာပဲ ဒီကိစ္စကို ကြွေးမြီတင်ခံမယ်ဆိုလို့ရှိရင် ဦးတို့နိုင်ငံက အကြွေးလည်းပိနေတယ် အတိုးလည်းပေးနေရတဲ့ အခြေနေမှာရှိနေပြီး ကိုယ့်ပိုက်ဆံကိုယ် လုပ်လို့ရတဲ့အရာလို့ ဦးအနေနဲ့ သဘောထားတင်ပြချင်တယ်၊ ကမ်းခြေမှာ ပတ်လမ်းတွေလုပ်မယ်ဆိုတော့ ဒို့နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းက အများကြီးလိုနေသေးတယ် ရန်ကုန်မြို့တော်မှာ အဓိကလိုအပ်ချက် လမ်းမီးတွေမရှိဘူး ရာဇ၀တ်မှုတွေတိုးပွားတယ် ယာဉ်တိုက်မှုတွေဖြစ်တယ် ဒါတွေကို ဦးစားပေးပြီးလုပ်ရမယ် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ပြေပျောက်အောင်လုပ်ရမယ်။ မဆိုင်တဲ့…
Read More‘လင်္ကာဒီပချစ်သူ ပြဇာတ်ကို လူမင်းနဲ့ အနုပညာရှင်များက မန္တလေးမှာ ကပြမည်
ရန်ကုန် နိုဝင်ဘာ ၁၉ -၂၀၁၈ သင်းသဒ္ဒါ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ယနေအချိန်ထိရရှိထားတဲ့ အကယ်ဒမီ လူမင်းက လင်္ကာဒီပချစ်သူ ပြဇာတ်ကို သူနဲ့ အနုပညာရှင်များက မန္တလေးမှာကပြမယ်လို့ ဆိုပါတယ်။ Mandalay Entertainment ကနေ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်မှာ မန္တလေးမြို့မှာ ကပြမှာဖြစ်ပြီး၊ ဝတ္ထု ချစ်ဦးညို ၊ ဇာတ်ညွှန်းကိုတော့ သန်းထိုက်(ရွှေရိပ်) ၊ တွဲဖက်ဒါရိုက်တာ လင်္ကာညို ၊ ဒါရိုက်တာ မောင်သီရိုက်မယ့် ”လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ်” မှာတော့ သီတာဒေဝီ အဖြစ် ဝတ်မှုန်ရွှေရည် ၊ ခိုင်သင်းကြည် စတဲ့အနုပညာ တွေ အတူ ရာဝန နေရာက လူမင်းက ပါဝင်မှာဖြစ်ပါတယ်။ ”ကျွန်တော်က တကယ်ကို နာမည်ကြီးခဲ့တဲ့ ရာဝန နေရာပေါ့။ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့…
Read Moreရေမဆေးနှင့် လုပ်ကွက်လုံခြုံရေးများ ပဋိပက္ခဖြစ်
ဖားကန့်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၈ ဇော်မိုးထက် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု၊ နမ့်မှော်ရွာနားက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ထဲမှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုပ်ကွက်လုံခြုံရေးတွေ ပဋိပက္ခဖြစ်နေပါတယ်။ ကုမ္ပဏီပိုင် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နေပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “ညနေ ၃ နာရီခွဲလောက် စဖြစ်တာပါ။ ရေမဆေးသမားတယောက်သေတယ်လို့လဲကြားတယ်၊ ဒဏ်ရာရတယ်လို့လည်း ကြားတယ်။ ခုချိန်ထိတော့ အတည်ပြုချက်မရသေးဘူး။ မီးကတော့ ငြိမ်းသွားပြီ၊ လူစုလည်း ကွဲသွားပါပြီ၊ အပျက်အစီးစာရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး” လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က အတည်ပြု ပြောဆိုခဲ့ပါတယ်။ မော်လကင်ရွာမှာ နေတဲ့ ဆိုင်းအောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကတော့ “မီးကတော့ ငြိမ်းသွားပါပြီ၊ ကုမ္ပဏီအဆောင် ၂ ခု မီးလောင်သွားတယ်။ ကျင်းထဲမှာတော့ ကားတစီး မီးလောင်နေတာ တွေ့တယ်။…
Read Moreကျောက်ဆည်ဘုရားပွဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရိုက်ခံရ
ကျောက်ဆည် နိုဝင်ဘာ ၁၉-၂၀၁၈ မောင်တာရာ (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားပွဲမှာ ပွဲခင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရိုက်ခံရကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။ ယခုလ ၁၇ ရက်နေ့ ည ၁၀ နာရီအချိန် ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားပွဲမှာ မန္တလာထိပ်ခေါင်ဇာတ်အဖွဲ့ ကပြဖျော်ဖြေနေစဉ် အရှေ့ငယ်တိုးကျေးရွာနေ ကိုသူ(ခ)ကျော်မြတ်သူကို သင်တောင်းကြီးကျေးရွာနေ မင်းသိုက်(ခ)ရှည်ကြီး က အရှည် ၂ ပေခန့်ရှိ သုံးဆစ်ထုတ် စတီးသံတုတ်နဲ့ ရိုက်နှက်ရာမှ ကိုသူ(ခ) ကိုကျော်မြတ်သူရဲ့ ယာဘက်ချိုစောင်း တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာရှိသွားခဲ့ပါတယ်။ အဲလို ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တဲ့ အတွက် ဒုရဲအုပ် သက်ဆွေ ခေါင်းဆောင်တဲ့ ပွဲခင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင် ၄ ဦးကနေ ၄င်းတို့နှစ်ဦးကို မော်တော်ယာဉ်နဲ့ ဆေးရုံနဲ့ ရဲစခန်းသို့ပို့ဖို့ စီစဉ်နေစဉ်မှာ သင်တောင်းကြီးရွာနေ…
Read More