စည်တောင်ကျေးရွာမှ စစ်ဘေးရှောင်များယနေ့နေ့လည်က နေရပ်ပြန်

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၃-၂၀၁၈

ခိုင်လင်စံ(VOM)

ရခိုင်ပြည်နယ် မြေက်ပိုင်းဒေသအတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အတွက် မြို့နယ်နှစ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုခဲ့ကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝမ်းချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာသားတွေ ဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ယာယီတိမ်းရှောင်းခဲ့ကြတာဖြစ်ပါတယ်။

“ဒီနေ့တော့ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်က စည်တောင်ကျေးရွာကို ရောက်ရှိနေသူတွေ နေရပ်ကိုပြန်နေကြပါပြီ၊ အခုပြန်နေတုန်းပါပဲ၊ မနက်ထမင်းစားပြီးတဲ့အချိန်ကနေ စပြန်ကြတာပါ၊ လောလောဆယ်တော့ တည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရှိမှာ တည်ငြိမ်နေပြီဖြစ်ကာ အဲဒီကျေးရွာသားတွေဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

“အဲဒီလူတွေက စည်တောင်ကျေးရွာအုပ်စု ကံပြင်ကျေးရွာသားတွေဖြစ်ပါတယ်၊ တစ်ရွာတည်းက ထွက်ပြေးလာခဲ့ကြ တာပါ၊ စည်တောင်ကိုရောက်နေတဲ့ အိမ်ထောင်စုတွေရော၊ ဟိုဘက်စပါးထားရွာကို ရောက်နေတဲ့အိမ်ထောင်စုတွေပါ အကုန်ပြန်ကြတာပါ၊ ရွာကသိပ်မဝေးဘူး၊ ၆ ဖာလုံလောက်ပဲဝေးတာဆိုတော့ လိုက်ပို့တာတို့တော့ လုပ်မပေးဘူး”လို့ ဆက်လက်ပြောကြားပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခြင်းမရှိတော့ပေမယ့် သင်းပုန်းတန်းကျေးရွာကို ရောက်ရှိနေသူတွေတော့ နေရပ်သို့ပြန်နိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။

#voiceofmyanmar#ရခိုင်ပြည်နယ်#စည်တောင်ကျေးရွာမှစစ်ဘေးရှောင်များနေရပ်ပြန်#

Related posts

Leave a Comment

VOM News

FREE
VIEW