အချစ်ရေးမှာ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်ဆိုတဲ့ ဘေဘီမောင်

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈

သင်းသဒ္ဒါ(VOM)

ချစ်သူဖြစ်တဲ့ အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တိုရဲ့ Relationshipကိုတော့ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။

”ဘေဘီတို့နှစ်ယောက်ရဲ့ မေတ္တာတရားက မှန်ကန်တဲ့အတွက် ပရိသတ်ကို အတိအလင်းချပြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်လည်း ပိုတိုးလာလို့ ခိုင်မြဲပြီးလို့ ရည်ရွယ်ထားတဲ့အတွက် ပရိသတ်ကို အသိပေးလိုက်တာပါ၊ ဘေဘီတို့ Relationship က အပြန်အလှန်နားလည်မှုရယ်၊ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နေထိုင်ဖြစ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်က အသက်အရွယ်ကလည်း နည်းနည်းကွာတော့ သူ့ကလည်း ကိုယ့်ကိုအစ်မတစ်ယောက်လို့ ချစ်ပါတယ်၊ ဘေဘီက အစထဲက ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဆိုတာကို သူလည်းသိတယ်၊ ရိုးရိုးသားသားနဲ့ပဲ ဆက်ဆံ့ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

သူမနဲ့ သားဂန်းတိုရဲ့ ချစ်သူသက်တမ်း ၈ လရှိပြီး နှစ်ယောက်ရဲ့ Plan တွေချထားတယ်လို့လည်း သိရပါတယ်။

”  ဘေဘီတို့ နှစ်ယောက်လုံးက မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့သူတွေ ဖြစ်နေတယ်လေ၊အိမ်ထောင်ပြုဖို့ လိုပါဦးမယ်၊ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ၊ အဓိက ချစ်နေဖို့က အဓိကပါပဲ၊ သူရဲ့ စိတ်ကလူကြီးဆန်တယ်၊ တစ်ခါတလေ လူကြီးတစ်ယောက်လိုပဲဆိုတော့ အကိုတစ်ယောက်လိုပါပဲ”လို့ဆိုပါတယ်။

ဘေဘီမောင်ရဲ့အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မင်းသားအသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ကိုယ့်ကို မြင်ချင်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားတွေလည်း ဆက်တိုက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။ သူ့မရဲ့ ရုပ်ရှင်ဇာတ်ကား ၂၀ ကျော်လောက်ရုံတင်ပြ သဖို့ကျန် နေသေးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar#ဘေဘီမောင်#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW