အချစ်ရေးမှာ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်ဆိုတဲ့ ထွန်းထွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-၂၀၁၈
သင်းသဒ္ဒါ(VOM)
အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းပါ အားပေးမှုရထားတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ အချစ်ရေးမှာ တချို့ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်။ငယ်ငယ်တုန်းကတော့ ဂမူရှုးတိုးနဲ့ လုပ်ချင်တာ တွေ ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တည်ဆောက်နေတဲ့ မိသားစု၊ အဖေအမေပဲဖြစ်ဖြစ် တချို့ အတ္တကြီး ရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်၊ အမေတို့ကလည်း ပြောတယ် ကိုယ့်ဘ၀ကိုယ်​တည်​ဆောက်ရမှာ၊နင်အဆင်ပြေတာ နင်လုပ်ရမှာလို့ ပြောတယ်၊ ကျွန်တော် အဆင်ပြေဖို့ပဲ ကျွန်တော် ကြိုးစားရမှာ၊ ဒါကြောင့် ကိုယ့်မိသားစုကိုပဲပိုပြီး ကျစ်ကျစ်လစ် လစ်ဖြစ်အောင် နေထိုင်ဖြစ်ပါတယ်”လို့ဆိုပါတယ်။
ထွန်းထွန်းရဲ့အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာတော့ အိမ်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ် ခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း အဖွေားတွေဆီသွားပြီး တွေ့ဆုံကန်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြောက်ကြောက်ကြောက် ၂ ကိုရိုက်ကူးနေပြီးတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပပ၀တီစီရင်ခန်း ရုပ်ရှင်ကားရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်ရဲ့ ၂၀၁၈ နှစ်ကတော့ လေလည်းမတိုက်ဘူး၊ မိုးလည်း မရွာဘူး၊ တကယ်လို့ ကံရေပြင် တစ်ခု ဆိုရင်တော့ ငြိမ်နေပါတယ်၊ ကျွန်တော်ရဲ့ ဒီနှစ်ကတော့ ငြိမ်သက်နေပါတယ်၊၂၀၁၉ အတွက်လည်း အကောင်းဆုံးပြင်ဆင်​နေပါတယ်၊မုန်းတိုင်းတော့ ဖြစ်မှာမဟုတ်ပါဘူး၊ ကောင်းသောလာခြင်း​တွေဖြစ်ဖို့ ကြိုးစားနေပါတယ်”လို့ဆိုပါတယ်။
#voiceofmyanmar#အကယ်​ဒမီထွန်းထွန်း#
ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW