ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ကာလအတွင်း မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေပိတ်ထားဖို့ အာဏာပိုင်တွေ အမိန့်ထုတ်

ဒါကာ၊ ဒီဇင်ဘာ ၃၀-၂၀၁၈
မျိုးဆက်( VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၀ ရက်မှာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပဋိပက္ခဖြစ်တာကြောင့် ကြောင့် လူ နှစ်ဦးထက်မနည်းသေဆုံးသွားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အရံအတားတွေ တည်ဆောက်ပြီး မဲရုံတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်သောင်းကိုလည်း ဖြန့်ကြက်ချထားပါတယ်။

မတည်မငြိမ်ဖြစ်စေတဲ့ ကောလဟာလ ဖြန့်ဝေတာတွေကို ကာကွယ်ဖို့အတွက် ရွေးကောက်ပွဲပြီးစီးချိန်အထိ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနားသည် တတိယသက်တမ်းပြန်လည်အရွေးကောက်ခံဖို့အတွက် တစ်ပြေးနေပြီး ၎င်းရဲ့ အဓိက အတိုက်အခံကတော့ ထောင်ကျနေတာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူနှစ်ဦးမှာ ၀န်ကြီးချုပ် ဟာစီနားရဲ့ အဝါမီအဖွဲ့ချုပ် မှတက်ကြွလှုပ်ရှားသူ တစ်ဦးနဲ့ အတိုက်အခံဘက်မှ လူတစ်ဦးတို့ဖြစ်ပါတယ်။

ရှိတ်ဟာဆီနားရဲ့ အ၀ါမီအဖွဲ့ချုပ်ဟာ ၂၀၀၉ ခုနှစ်ကတည်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲ ၀င်ခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ ယခင်ကတည်းက အဓိကပြိုင်ဘက် ခါလီဒါဇီယာကတော့ ယခုနှစ်အစောပိုင်းက အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ထောင်ကျခဲ့ပြီး ဒီိလိုထောင်ချခဲ့တာဟာ နိုင်ငံရေး လှည့်ကွက်ဖြစ်တယ်လို့ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ ကအခိုင်အမာပြောဆိုပါတယ်။

#voiceofmyanmar#ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ​ကာလ# မြန်နှုန်းမြင့်အင်တာနက်လိုင်းပိတ်ထားဖို့အမိန့်ထုတ်#
Ref BBC
Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW