မြောက်ဦး၊ ဒီဇင်ဘာ ၈ ခိုင်လင်းစံ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် ဆီဆိုင်တန်းတွေ ဒီညနေ ၅နာရီခန့်လောက်က စတင်မီးလောင်မှုဖြစ်ပွားနေပြီး မီးငြိမ်းသတ်ဖို့အတွက် အခက်အခဲရှိနေပါတယ်။ အဲဒီဆီဆိုင်တန်းဟာ မြောက်ဦးမြို့ရဲ့ အပြင်ဘက် ကျောက်တော်-မြောက်ဦးလမ်းပိုင်းမှာတည်ရှိပြီးတော့ စက်သုံးဆီအရောင်းဆိုင်တွေကို သီးသန့်နေရာချပေးထားတာဖြစ်ပါတယ်။ “မီးကတော့ လောင်တုန်းပါပဲ။ စလောင်တာကတော့ ညနေ ၅ နာရီလောက်ကတည်းကလောင်နေတာပါ။ မီးပြင်းတော့ဘယ်သူမှအနားမကပ်ရဲဘူးဗျ။ ဆီပုံးတွေဆက်တိုက်ပေါက်နေတော့ ငြိမ်းသတ်ဖို့အခက်အခဲရှိနေတယ်။”ဟု ကိုထွန်းနေဝင်းက ပြောပါတယ်။ အဲဒီဆီဆိုင်တန်းမှာ ဆီသိုလှောင်ရုံတွေပါထားရှိတဲ့အတွက် ဆီပီပါတွေကိုမီးလောင်နေတာကြောင့် ပေါက်ကွဲမှုတွေဖြစ်ပွားနေပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုးစားနေပေမယ့် အခက်အခဲရှိနေတာဖြစ်ပါတယ်။ “မီးကဆိုင်အားလုံးကိုလောင်နေတယ်လို့ ပြောရမှာပဲ။ မီးရှိန်ကလည်းပြင်းတယ်။ လူတွေအနားသွားလို့မရနိုင်ဘူး။ ကျွန်တော်တို့ဆိုရင် ရထားလမ်းဘက်ကနေပတ်လာပြီးတော့ စောင့်နေရတယ်။”လို့ ကိုထွန်းနေဝင်းကပြောပါတယ်။ ဒါ့အပြင် အဲဒီမီးလောင်မှုဟာ ဘယ်လိုစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘယ်ဆိုင်ခန်းကစလောင်တယ်ဆိုတာကို မသိရှိနိုင်သေးကြောင်းနဲ့ လက်ရှိအခြေအနေကို မီးသတ်ဌာနတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့မေယ့်…
Read MoreYear: 2018
အကျဉ်းကျနေရာက ပြန်လည်လွတ်မြောက်လာတာမဟုတ်၊ ဖိနှိပ်ခံပြည်သူဘဝကို ရောက်လာတာလို့ ဦးအောင်သန်းဝေပြော
စစ်တွေ၊ ဒီဇင်ဘာ ၈-၂၀၁၈ ခိုင်လင်းစံ(VOM) အစိုးရအဖွဲ့ကို ဝေဖန်မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ထောင်ဒဏ်ခြောက်လ ကျခံနေရရာကနေ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေက သူဟာလွတ်မြောက်လာခဲ့တာမဟုန်ဘဲ အကျဉ်းသားအဖြစ်ကနေ ဖိနှိပ်ခံပြည်သူဘဝကို ရောက်ရှိလာခဲ့တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဦးအောင်သန်းဝေဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်းက မြောက်ဦးမှာ ရခိုင်ထီးနန်းကျဆုံးတဲ့နေ့ အခမ်းအနားကျင်းပခွင့် မရရှိတဲ့အတွက် ဆန္ဒပြတောင်းဆိုတဲ့လူအုပ်စုကို သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲခဲ့ရာ လူငယ်အများအပြားသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့တာကြောင့် အဲဒီဖြစ်စဉ်မှာ အဓိကသက်ဆိုင်တဲ့ သူတွေကိုဖော်ထုတ်ပေးဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်က အမှန်တရားကိုဝေဖန်ပြောဆိုခဲ့တာပါ။ ဘယ်သူ့ကိုမှသိက္ခကျစေတဲ့အလုပ်တွေကိုလည်းမလုပ်ခဲ့ဘူး။ ဘယ်သူ့လုံခြုံရေးကိုမှလည်း ထိခိုက်စေတာမျိုးမရေးခဲ့ဘူး။ အခု ကျွန်တော်ကတော့ ပြန်လွတ်လာတယ်လို့ မခံယူဘူး။ အကျဉ်းသားဘ၀ကနေ အဖိနှိပ်ခံပြည်သူဘ၀ကိုရောက်လာခြင်းဖြစ်ပါတယ်။ လွတ်မြောက်လာခဲ့တာ မဟုတ်ဘူး။”လို့ ဦးအောင်သန်းဝေကပြောပါတယ်။ …
Read Moreဘူးသီးတောင်မှာ ညမထွက်ရအမိန့် တစ်နာရီတိုးမြှင့်ထုတ်ပြန်
ဘူးသီးတောင်၊ ဒီဇင်ဘာ ၈-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့မှာ ညမထွက်ရအမိန့်ကို နောက်ထပ် တစ်နာရီးတိုးမြှင့်ပြီး မနေ့ညကထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ညကဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာအနီးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးမှုဖြစ်ပွာခဲ့ပြီးနောက်ပိုင်းမှာ အခုလိုညမထွက်ရအမိန့်ကို တိုးမြှင့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ “ညမထွက်ရအမိန့် တိုးမြှင့်ထုတ်ပြန်တာဟုတ်ပါတယ်။ အခုညနေပိုင်းကပဲ မြို့မှာကြေညာသွားတယ်”လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။ အရင်က ဘူးသီးတောင်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် ည ၁၀ နာရီမှ မနက် ၅ နာရီအထိ တစ်နာရီ တိုးမြှင့်ထုတ်ပြန်လိုက်တာပါ။ “အရင်ကတော့ ညမထွက်ရအမိန့်ကို ၂၅ ရက်တစ်ကြိမ်စီထုတ်ပြန်ပါတယ်။ ပုံမှန်ထုတ်ပြန်နေတာပဲလေ။ ည ၁၁ နာရီကနေ မနက် ၅…
Read Moreတစ်နေ့လျှင် ရေနံစိမ်း စည်တစ်သန်းကျော် လျှော့ထုတ်ဖို့ အိုပက်အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေ သဘောတူ
ဗီယင်နာ၊ ဒီဇင်ဘာ ၈၊ ၂၀၁၈ မျိုးဆက် (VOM) အမေရိကန် အစိုးရက ကန့်ကွက်နေပေမယ့် လာမယ့်နှစ်ကစပြီး တစ်နေ့ကို ရေနံစိမ်းစည် ၁ ဒသမ ၂ သန်း လျှော့ချထုတ်လုပ်ဖို့အတွက် ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများအဖွဲ့ (အိုပက်) နှင့် အခြားရေနံထုတ်လုပ်တဲ့ နိုင်ငံ၁၀ နိုင်ငံက သဘောတူလိုက်ကြပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကစပြီး ရေနံထုတ်လုပ်မှု လျှော့ချဖို့အတွက် သဘောတူညီချက်တစ်ရပ်ကို အိုပက်အဖွဲ့နဲ့ ရုရှားအပါအ၀င် အဖွဲ့ဝင်မဟုတ်တဲ့ ၁၀ နိုင်ငံက ဗီယင်နာမှာ ပြုလုပ်တဲ့ နှစ်ရက်ကြာဆွေးနွေးမှုအပြီး ဒီဇင်ဘာ ၇ ရက်က သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ခြင်းအားဖြင့် ရေနံစိမ်းဈေးနှုန်းမြင့်တက်လာဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ မဟာမိတ်တွေက မျှော်လင့်နေကြပြီး အမေရိကန်အစိုးရအနေနဲ့တော့ ရေနံဈေးကျဖို့အတွက် နည်းလမ်းရှာဖွေနေခဲ့ပါတယ်။ မိမိတို့အနေနဲ့ ရေနံစိမ်းစည်ပေါင်း ၁ ဒသမ…
Read Moreဂျပန်နိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေ ပိုမိုလက်ခံတော့မည်
တိုကျို၊ ဒီဇင်ဘာ-၈၊ ၂၀၁၈ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာကို လျှော့ချဖို့ အတွက် နိုင်ငံခြားသားအလုပ်သမား သိန်းပေါင်းများစွာကို လာရောက်အလုပ်လုပ်ခွင့်ပြုတော့မယ့် ဥပဒေသစ်တစ်ရပ်ကို ဂျပန်လွှတ်တော်က ဒီဇင်ဘာ ၇ ရက်က အတည်ပြုလိုက်ပါတယ်။ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ ၂၀၁၉ ခုနှစ် ဧပြီလကစပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ သူနာပြုကဲ့သို့သော အလုပ်တွေလုပ်ဖို့ နိုင်ငံခြားသား အလုပ်သမားတွေကို ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အစဉ်အလာအရ သတိထားပြီး တင်းကြပ်နေခဲ့ပေမယ့် နိုင်ငံအတွင်း သက်ကြီးရွယ်အို များပြားလာတာကြောင့် နိုင်ငံခြားသားအလုပ်သမားတွေ ပိုမိုလိုအပ်နေတယ်လို့ ဂျပန်အစိုးရကပြောပါတယ်။ စနစ်သစ်အရ အလုပ်သမားရှားပါးတဲ့ လုပ်ငန်းကဏ္ဍတွေမှာ လုပ်ကိုင်ဖို့ နိုင်ငံခြားသားအလုပ်သမား သုံးသိန်းကျော်ကို လာရောက်လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ပြီး ဗီဇာအမျိုးအစား နှစ်မျိုးသတ်မှတ်ထားပါတယ်။ ပထမဗီဇာမှာ ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်တစ်ခုရှိပြီး ဂျပန်ဘာသာစကား တတ်ကျွမ်းပါက နိုင်ငံအတွင်း…
Read Moreနှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းမြို့ က “ရုပ်စုံကျောင်း”
စစ်ကိုင်း၊ ဒီဇင်ဘာ ၈-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းတောင်ဆင်းလမ်း၊ အရိယ၀ံသချောင်”မှာ နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကျောင်းတစ်ကျောင်းရှိပါတယ်။ အဲ့ဒီ ကျောင်း ကို “ရုပ်စုံကျောင်း” လို့ ခေါ်ပါတယ်။ ဘာကြောင့် “ရုပ်စုံကျောင်း” လို့ ခေါ်ရသလဲဆိုရင် ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကျောင်းဆောင်လေးကို အင်းဝခေတ် ရေငုံဆရာတော်ကြီး ထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင်”ဒုတိယမင်းခေါင်” ကကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရီးသွား နေရာတစ်ခု အဖြစ် ဖော်ဆောင်ထားရှိပြီး အများပြည်သူ လာရောက် ကြည့်ရှု့လေ့လာနိုင်ရန် သန့်ရှင်းလှပ မှုတွေ ပြုလုပ်ထားပါတယ်။ ခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”လေးကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပ…
Read Moreအင်းတော်မြို့တွင် အကိုအရင်းဖြစ်သူက ညီမ ကို အဓမ္မပြုကျင့်
အင်းတော် ဒီဇင်ဘာ ၈-၂၀၁၈ VOM စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မှာ ဒီဇင်ဘာလ ၆ ရက်နေ့က အကို အရင်း ဖြစ်သူက အသက်(၁၂)အရွယ် ညီမ ဖြစ်သူကို မိဘတွေမရှိတဲ့ အချိန်မှာ ညီမဖြစ်သူရဲ့ နေအိမ်အိပ်ခန်းအတွင်းဝင်ရောက်ကာ အဓမ္မကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လူးနယ်မြေ ရဲစခန်းကနေ သိရပါတယ်။ “ ဒီကိစ္စကို အသေးစိတ်စစ်ဆေးတာတွေ လုပ်နေပါတယ် “လို့ မော်လူးနယ်မြေရဲစခန်း မှ ရဲအုပ် မင်းသိန်းထွန်း က ပြောပါတယ်။ ဒီလို ဖြစ်ပွားတာ နဲ့ ပတ်သတ်ပြီး အကို ဖြစ်သူ မြင့်နိုင်ဦး ၁၈ နှစ်ကို မော်လူးနယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းကာ (ပ)၄၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ #voiceofmyanmar#အင်းတော်#သက်ငယ်မုဒိန်း#
Read Moreစစ်တွေမြို့မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ပြုလုပ်
စစ်တွေ၊ ဒီဇင်ဘာ ၈-၂၀၁၈ ခိုင်လင်းစံ(VOM) တစ်နိုင်ငံလုံးအတိုင်းအတာမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ထဝရဖဲကြိုးဖြူလှုပ်ရှားမှု ရုပ်ရှင်ပြပွဲတော်ကို ဒီဇင်ဘာလ ၇ ရက်နေ့က စစ်တွမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရခိုင်ပြည်နယ်အတွင်း ကျင်းပပြုလုပ်ရတာဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေပြီး အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ် ပြည်သူတွေလက်မခံဖို့နဲ့ အမျိုးသမီးတွေအတွက် အသိပညာပေးမှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ ဦးဆောင်ကျင်းပခဲ့တဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက်က ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။ “ ဒီလှုပ်ရှားမှုကို ကျွန်မတို့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ပြုလုပ်နေတာဖြစ်ပါတယ်၊ အဓိကရည်ရွယ်တာကတော့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေကို ပြည်သူတွေအနေနဲ့ လက်မခံဖို့ရယ်၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှာ ထိရောက်တဲ့အရေးယူနိုင်ရေးအတွက် ဥပဒေတစ်ရပ်ထွက်ပေါ်လာဖို့ရယ် ဒါတွေအတွက် ဆွေးနွေးနေကြတာဖြစ်ပါတယ် ”လို့ ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြုလုပ်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တဲ့ အတွက် လူထုအနေနဲ့…
Read Moreစစ်ဘေးရှောင်အရေး ဆန္ဒပြသူ ကချင်တိုင်းရင်းသား ၃ ဦး အမိန့်ချ
ဒီဇင်ဘာ ၇၊ ၂၀၁၈ VOM ကချင်ပြည်နယ် တိုက်ပွဲထဲမှာ ပိတ်မိနေသူတွေကို ကူညီရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကချင်တိုင်းရင်းသား ၃ ယောက်ကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချလိုက်တာကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။ ဒေါ်ဆွတ်ဆိုင်းထွယ်၊ ကိုဆိုင်းခွမ်အောင်နဲ့ ဦးဘရန်မိုင်တို့ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးရှေ့ကနေ မနောကွင်းအထိ ချီတက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်တယ်ဆိုပြီး မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှာ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆန္ဒပြခဲ့သူတွေ ပြောပြပါတယ်။ ဆန္ဒပြသူတွေဟာ ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်နဲ့ ဦးဇော်ဂျက် တို့ကို ဒီနေ့အမိန့်ချလိုက်တာဟာ တရားမျှတမှု မရှိကြောင်း၊ တရားစီရင်ရေးဟာ လွဲမှားနေပြီး လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရှိတဲ့အပြင်၊ တရားဥပဒေစိုးမိုးရေးမရှိကြောင်း စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။ …
Read Moreတိုင်းရင်းဆေးတက္ကသိုလ်မတက်ပဲ ဆေးကုသခွင့်လိုင်စင် ရရှိမယ့် ဥပဒေကြမ်း အတည်ပြုမှု တိုင်းရင်ဆေးလောကမှ ကန့်ကွက်
မန္တလေး၊ ဒီဇင်ဘာ ၇-၂၀၁၈ လင်းလင်း(VOM) တိုင်းရင်းဆေးတက္ကသိုလ်တက်ရောက်ရန်မလိုဘဲ တိုင်းရင်းဆေးကုသခွင့်လိုင်စင် ရရှိနိုင်တဲ့ ပုဒ်မ ၁၅(စ)နှင့်၃၁(ဂ)ကို မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ ထည့်သွင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်ကနေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာနှင့် ပတ်သက်ပြီး တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့အလွှာစုံကတိုင်းရင်းဆေးဆရာတွေဟာ ကန့်ကွက်တဲ့ စတစ်ကာကမ်ပိန်းကို တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး)မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အခုလို အတည်ပြုလိုက်တဲ့ ပုဒ်မ၂ခု ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်မှာ အချိန်ပေးတက်ရောက် ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် မျှတမှုမရှိခြင်း၊ တိုင်းရင်းဆေးပညာကို စနစ်တကျ သင်ယူခြင်းမရှိတဲ့ လိုင်စင်ရသူတွေထံမှာ ကုသမှုခံယူတဲ့ ပြည်သူတွေ အနေနဲ့ ထိခိုက်မှုရှိလာနိုင်တာတွေကြောင့် အခုလို ကန့်ကွက်မှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီပုဒ်မကို ခုလို အတည်ပြုလိုက်တဲ့အတွက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် အများကြီးနစ်နာမှုရှိတယ်” လို့ တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်တဲ့ ဦးဟန်ဝင်းအောင်က…
Read More