မန်ချက်စတာ၊ ဒီဇင်ဘာ-၁-၂၀၁၈ ရန်နိုင်ထွန်း (VOM) မန်ယူအသင်းမှ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ လေ့ကျင့်ရေးကွင်းမှာ တံတောက်ကွေးကြော ဒါဏ်ရာရရှိသွားတာကြောင့် လာမယ့် ဒီဇင်ဘာ ၅ ရက်မှ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ ကန်မယ့်ပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။ ချီလီနိုင်ငံသား တိုက်စစ်မှူးဆန်းချက်ဇ်ဟာ လွန်ခဲ့တဲ့အပတ်က ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားသမားစာရင်းမှာ ပါဝင်ခြင်းမရှိတာကြောင့် အသင်းက ထွက်ခွာဖို့ရှိနေတယ်လို့လည်း သတင်း တွေထွက်ပေါ်နေပါတယ်။ ဆန်းချက်ဇ်ဟာ နိုဝင်ဘာ ၂၉ ရက်က လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရင်း တံကောက်ကြော ဒါဏ်ရာရရှိသွားတာဖြစ်တယ်လို့ အသင်းရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါပြီး ဒါဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၁၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ခုနှစ် နေရာမှာရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၄ မှတ်အထိ…
Read MoreYear: 2018
ကလေးတွေထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိသွားတဲ့ ဘရတ်ပစ်နဲ့ ဂျိုလီ
လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ-၁-၂၀၁၈ မျိုးဆက် (VOM) ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့နှစ်ဦးဟာ လမ်းခွဲပြီးနောက် ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ ၎င်းတို့ရဲ့ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ ပတ်သက်ပြီး နှစ်ဦးအကြားမှာ သဘောတူညီမှုတစ်ရပ် ရရှိသွားပြီဖြစ်တယ်လို့ အဆိုပါကိစ္စကို ဖြေရှင်းပေးနေတဲ့ ရှေ့နေတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ အိမ်ထောင်သက် နှစ်နှစ်ကြာပေါင်းသင်းခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ညှိနှိုင်းလို့မရတဲ့ သဘောထားကွဲလွဲချက်အတော်များများကြောင့် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာလို့ ဂျိုလီက ပြောဆိုထားပါတယ်။ သူတို့နှစ်ဦးမှာ ကလေးခြောက်ယောက်ရှိပြီး သုံးယောက်ကတော့ မွေးစားထားတာဖြစ်ပြီး ကလေးတွေဟာ အသက်၁၀နှစ်အရွယ် မှ ၁၇နှစ်အရွယ်ထိရှိနေကြပြီဖြစ်ပါတယ်။ ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုခွဲဝေ ထိန်းသိမ်းမယ်ဆိုတယ်ကိုတော့ ဂျိုလီရဲ့ရှေ့နေက အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။ သူတို့ကိုချစ်တဲ့ ပရိတ်သတ်တွေက ဘရန်ဂျလီနာလို့ ချစ်စနိုးအမည်ပေးထားသော ၎င်းတို့စုံတွဲဟာ ၂၀၀၄ခုနှစ်က Mr & Mrs Smith ရုပ်ရှင်ဇာတ်ကား…
Read Moreဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ပါရီမြို့တော် ဂုဏ်ထူးဆောင် လွတ်လပ်ရေးဆု ပြန်သိမ်းမည်
ပါရီ၊ ဒီဇင်ဘာ-၁-၂၀၁၈ မျိုးဆက် (VOM) ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ပါရီမြို့တော် ဂုဏ်ထူးဆောင်လွတ်လပ်ရေး ဆုကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တယ်လို့ ပါရီမြို့တော်ဝန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၃၀ ရက်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး တားမြစ်ပြောဆိုဖို့ ပျက်ကွက်တာကြောင့် ဒီဆုကို ပြန်လည်ရုပ်သိမ်းရခြင်းဖြစ်တယ်လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ လူနည်းစုဘင်္ဂါလီများအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ခဲ့သလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မျိုးစုံရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ အဆိုပါဆုကိုပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပါရီမြို့တော်ဝန်အန်နီဟီဒယ်ဂိုက ပြောပါတယ်။ ဆုရုပ်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလလယ်မှာ ပြုလုပ်မယ့် ပါရီမြို့တော်ကောင်စီရဲ့ဆွေးနွေးပွဲမှာ အပြီးသတ် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဆုပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်တွေကို ဂလက်ဂေါ၊ အီဒင်ဘာ့ မြို့နဲ့ အောက်စဖို့ဒ် တက္ကသိုလ်တို့ကလည်း…
Read Moreအမေရိကန်ရဲ့ ၄၁ ဦးမြောက်သမ္မတ စီနီယာဂျော့ခ်ျဘုရှ် အသက် ၉၄ နှစ်တွင် ကွယ်လွန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁- ၂၀၁၈ မျိုးဆက် (VOM) အမေရိကန် သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ ၎င်းရဲ့ မိသားစုက ဒီဇင်ဘာ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စီနီယာဂျော့ခ်ျဘုရှ်လို့ လူသိများတဲ့ ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ဦးမြောက် သမ္မတဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ဧပြီလအတွင်းက ဇနီးဖြစ်သူ ဘာဘရာသေဆုံးပြီး တစ်ပတ်အကြာမှာ စီနီယာဘုရှ်လည်း ကူးစက် ရောဂါတစ်မျိုးကြောင့် ဆေးရုံအထူးကြပ်မတ်ဆောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရပါတယ်။ ၎င်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ဦးမြောက် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ ၎င်းဟာ အမေရိကန် သမ္မတ ရော်နယ်ရေဂင်လက်ထက်မှာ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၉ မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။…
Read More”ပိတ်စ မလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါဆိုတဲ့ သင်ဇာဝင့်ကျော်”
ရန်ကုန် ဒီဇင်ဘာ ၁ -၂၀၁၈ သင်းသဒ္ဒါ (VOM) အနုပညာလောကမှာ ဖက်ရှင်ဒီဇိုင်း Sexy အလန်းဆုံး ဝတ်ဆင်မှုတွေကြောင့် ပရိသတ်တွေ ကြား မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မနေ့က 119 ဆိုင်သစ်ဖွင့်ပွဲကိုဝတ်စုံနဲ့ ပတ် သက်ပြီးတော့ “ပိတ်စ မလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါ (ရယ်လျက်) ။ သင်ဇာ ဘယ်လိုရူးရူးလိုက်ပြီး ရူးပေးကြလို့ ပရိသတ်ကို ကျေးဇူး အများကြီးတင်ပါတယ်”လို့ ဆိုပါတယ်။ ပွဲတက်ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “သင်ဇာ အဓိကတော့ သတ်မှတ်ထားတဲ့ Brand ကိုကြည့် ဖြစ်တယ်။နောက် Colour ကိုကြည့်ဖြစ်ပါတယ်။ပြီးမှ ကိုယ့်ဝတ်ချင်တဲ့အရာလေးနဲ့ ပေါင်းစပ်ဝတ် ဖြစ်တာပါ။ ခန္ဓာကိုယ့်လှအောင်လို့လည်း Gym မဆော့ဖြစ်တာလည်း ကြာပါပြီ။ ကားရိုက်တွေဆက်နေလို့ပါ” လို့ ဆိုပါ တယ်။ လက်ရှိမှာတော့ ခန္ဓာကိုယ်ဝိတ်ပေါင် ၁၂၀ အထိတက်နေတယ်လို့…
Read Moreသဘာဝသရုပ်ဖော် သရုပ်မှန်ဝါဒ ပန်းချီပြပွဲ မန္တလေးမှာ ပြုလုပ်
မန္တလေး ဒီဇင်ဘာ ၁-၂၀၁၈ ဟိန်းကို (VOM) ခရီးသွားရင်း တွေ့ကြုံခဲ့တဲ့ သဘာဝအလှတရားတွေကို ပန်းချီဆရာ (၁၆) ယောက်စုပေါင်းရေးဆွဲပြီး သဘာဝသရုပ်ဖော် သရုပ်မှန်ဝါဒ ပန်းချီပြပွဲကို ဒီကနေ့ ဒီဇင်ဘာ(၁)ရက်နေ့ နံနက်ပိုင်းက စပြီး မန္တလေးတောင်ခြေ ပန်းချီပြခန်းမှာ ပြသနေပါတယ်။ ပန်းချီပြပွဲမှာ ပန်းချီကားပေါင်း (၁၀၀)ခန့်ကို ခင်းကျင်းပြသထားပြီး ဒီဇင်ဘာလ(၁)ရက်နေ့ကနေ ဒီဇင်ဘာ(၃)ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေ အခမဲ့ကြည့်နိုင်တယ်လို့သိရပါတယ်။ #voiceofmyanmar #ပန်းချီပြပွဲ …
Read Moreရခိုင်ပြည်နယ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ တရားဝင်ခရီးသွားလာခွင့်မရှိတဲ့သူတွေကို နေရပ်ပြန်ပို့
စစ်တွေ၊ နိုဝင်ဘာ ၃၀-၂၀၁၈ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီးမှာ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သွားလာနေသူ ၉၃ ဦးကို တပ်မတော်ရေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ဒီကနေ့ ညနေ ၂ နာရီခွဲခန့်က စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီလူတွေကို သဲချောင်းကမ်းခြေကနေ လုံခြုံရေးတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ပြီး သဲချောင်းကျေးရွာအနီးက လုံခြုံရေးစခန်း ကနေ သူတို့နေထိုင်ရာကျေးရွာတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီဖြစ်ပါတယ်။ “အခုညနေကပဲ သူတို့ရဲ့ကျေးရွာတွေဆီပြန်ပို့လိုက်ပါပြီ။ အကုန်လုံးက ဒီစစ်တွေမြို့နယ်အတွင်းက ကျေးရွာသားတွေဖြစ်ပါတယ်။ သူတို့ရဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးပြန်လည်အပ်နှံလိုက်ပါတယ်။”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီလူ ၉၃ ဦးတို့ဟာ ကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်သူတွေမဟုတ်ဘဲ စစ်တွေမြို့နယ်အတွင်းက ဆေးသမားကြီး၊ သဲချောင်း၊ ဒါးပိုင်၊ ဘာဆာရွာ၊ သက္ကေပြင် စတဲ့ကျေးရွာသားတွေဖြစ်ကြပါတယ်။ “ကျွန်တော်တို့က အလုပ်အကိုင်မရှိဘူး။ စားဖို့သောက်ဖို့အခက်အခဲရှိတယ်။ ဒါနဲ့ အခုလိုနိုင်ငံခြားကိုသွားနေကြတာပါ။ အရင်ကလည်းဒီလိုသွားတဲ့သူတွေအများကြီးပဲ။…
Read Moreမန္တလေးမှာလုပ်တဲ့ မီးပုံးပျံမုန့်ဈေးတန်း
မန္တလေး နိုဝင်ဘာ ၃၀-၂၀၁၈ ဟိန်းကို (VOM) မီးပုံးပျံ အလုံး(၂၀၀၀)လွတ်တင်ပြီး မန္တလေးမြို့မှာ ပထမဉ်ီးဆုံးအကြိမ်ပြုလုပ်တဲ့ မီးပုံးပျံမုန့်ဈေးတန်းကို ယနေ့ နိုဝင်ဘာ(၃၀)ရက်နေ့ ညပိုင်းက မန္တလေးတောင်ခြေအနီးက Little Star Water Park မှာကျင်းပပြုလုပ်နေပါတယ်။ အဲဒီပွဲကို နိုဝင်ဘာ(၃၀)ရက် နဲ့ ဒီဇင်ဘာ(၁)ရက် နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပြီး ယနေ့ပထမနေ့မှာ မီးပုံးပျံအလုံး (၂၀၀၀) လွတ်တင်ခဲ့ကာ ဒုတိယနေ့မှာ အလုံး(၂၀၀၀)ထက်မံလွတ်တင်သွားမယ်လို့ သိရပါတယ်။
Read Moreကသာမြို့မှာ ကောက်ခံနေတဲ့ တိုင်းဝင်ကြေးဂိတ်အား ပြောင်းရွေ့ပေးရန် စာတင်
ကသာ နိုဝင်ဘာ ၃၀-၂၀၁၈ မောင်တာရာ( VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ကောက်ခံနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအဝင် ဘီးခွန်ကောက်ခံရေးဂိတ်အား ပြောင်းရွေ့ပေးရန် စာတင်ပေးပို့ ထားကြောင်း ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပါတယ်။ ”အခု ဖွင့်ထားတဲ့ တိုင်းဒေသကြီး အဝင်ကောက်ခံရေးဂိတ်က စစ်ကိုင်းတိုင်းဒေသကြီး ဘီးခွန်များဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ကသာမြို့သို့ ဆိုင်းဘုတ် အတွင်းမှာ ဖွင့်ထားတော့ အခါကျတော့ တိုင်းဒေသကြီးအဝင်ဂိတ်နဲ့ မတူဘဲ မြို့အဝင်ဂိတ် တူနေတယ်၊ ဒေသခံတွေကလည်း ကန့်ကွက်နေကြတယ်၊ တိုင်းနဲ့ ပြည်နယ် ဒါမှ မဟုတ်ရင် တိုင်း အချင်းချင်းနယ်စပ် နေရာမှာပဲ ဂိတ်က ဖွင့် ရမှာလေ၊ ဥပဒေနဲ့ညီသွားအောင် တိုင်းဒေသကြီးနယ်စပ်အခြား အဝင်နေရာတွေပဲ ကောက်သင့်တယ်လို့ ထောက်ပြတာပါ။ဒါကို သင့်တော်တဲ့ အခြားနေရာကိုပြောင်းရွေ့ပေးဖို့ ဒါကိုမြို့နယ်စည်ပင်ကော်မတီကို စာရေးပြီး ပေးပို့ထားတာ ဖြစ်ပါတယ်။” ၂၀၁၈ – ၂၀၁၉…
Read Moreပြက္ခဒိန် အသစ်လဲရတော့မယ်
ကာတွန်း သာလှ #voice of myanmar
Read More