အမရပူရ နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) လူကြီးလူငယ် သတင်းမီဒီယာ အသိုင်းအ၀ိုင်းက ယနေ့အချိန်ထိ လေးစားစံထားရတဲ့ လူထုဒေါ်အမာရဲ့ (၁၀၃)နှစ်ပြည့်မွေးနေ့ကို ဒီနေ့ နိုဝင်ဘာ(၂၉)ရက် နံနက်ပိုင်းက အမရပူရမြို့နယ် တောင်သမန်အင်းအနီးက တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #လူထုဒေါ်အမာ
Read MoreYear: 2018
နေတိုးစစ်သင်္ဘောတွေ ကရိုင်းမီးယားကျွန်းဆွယ်ကို စေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ တိုက်တွန်း
ကိယက်ဗ်၊ နိုဝင်ဘာ-၂၉-၂၀၁၈ မျိုးဆက် (VOM) ကရိုင်းမီးယားကျွန်းဆယ်ရေလက်ကြားမှာ ရုရှားနဲ့ ယူကရိန်းရေတပ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပြီးနောက် အေဇော့ဗ်ပင်လယ်ပြင်သို့ စစ်သင်္ဘောများစေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုက နေတိုးအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။ ပင်လယ်နက်နဲ့ အေဇော့ဗ်ပင်လယ်အကြားမှာရှိတဲ့ ခရာ့ခ်ျ်ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောသုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ လက်နက်တွေနဲ့ ပစ်ခတ်ပြီး သင်္ဘောအမှုထမ်းတွေကို ဖမ်းဆီးလိုက်ပြီးနောက် ယူကရိန်းသမ္မတက ဒီလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းနိုင်ငံကို အပြည့်အ၀ထောက်ခံတယ်လို့ နေတိုးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းနိုင်ငံကို ကူညီရန်ဖို့နဲ့ လုံခြုံရေးအတွက် နေတိုး စစ်သင်္ဘောတွေကို နေရာပြောင်းရွှေ့ချထားနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းသမ္မတက ဂျာမန်သတင်းစာတစ်စောင်သို့ နိုဝင်ဘာ ၂၈ ရက်က ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ် ယူကရိန်း ရွေးကောက်ပွဲများမတိုင်မီ ထောက်ခံမှုပိုမို ရရှိဖို့အတွက် ပင်လယ်ရေကြောင်း ကျူးကျော်မှုကို ယူကရိန်းသမ္မတက လုပ်ခဲ့တာလို့ ရုရှားသမ္မတ…
Read Moreစစ်ကိုင်းတိုင်းအတွင်း မြေယာပြဿနာဖြေရှင်းဖို့ ကသာခရိုင်က အများဆုံးကျန်ရှိနေ
နိုဝင်ဘာ ၂၉-၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီကို ရောက်ရှိလာတဲ့ တိုင်ကြားစာ ၁၄၆၂ မှုထဲက ဖြေရှင်းဖို့ အမှုတွဲ ၂၃၂ မှုသာကျန်ရှိတော့တာဖြစ်ကာ အဲဒီထဲမှာ ကသာခရိုင်က ၅၁ မှုနဲ့ အများဆုံးဖြစ်တယ်လို့ တိုင်းမြေပြန်စစ်ရဲ့ သတင်းတွေအရ သိရပါတယ်။ “တိုင်ကြားစာအမှုတွဲ ၁၄၆၂ မှုမှာ ၁၁၁၀ ကဖြေရှင်းပြီးသွားပါပြီ။ ၁၂၀ ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သဘောထားတောင်းခံတုန်းပါ။ ၂၃၂ မှုကတော့ ဖြေရှင်းနေဆဲပေါ့။ အဲဒီကျန်တဲ့အထဲမှာ ကသာခရိုင်ကာ ၅၁ မှုနဲ့ အများဆုံးကျန်နေတာပါ။ ကျန်တဲ့ မြေအမျိုးအစားတွေကတော့ အမျိုးမျိုးပေါ့။”လို့ တိုင်းမြေပြန်စစ်အဖွဲ့ဝင် ဦးသန်းအေးက ပြောပါတယ်။ အမှုတွဲပေါင်း ၁၄၆၂ မှုမှာ အသုံးပြုရန်လိုချက်အရ ပြန်မစွန့်တဲ့မြေမှု ၂၅၉ မှု၊ လျော်ကြေးပေးပြီး ဆက်လက်အသုံးပြုမှု ၇၈…
Read Moreသံတွဲမြို့မဈေးကြီးအပေါ်ထပ်မှာမီးလောင်
သံတွဲ၊ နိုဝင်ဘာ ၂၉-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့မဈေးကြီးရဲ့ အပေါ်ထပ်မှာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီ ၃၀ အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အခန်းမှာ ဈေးဆိုင်ရောင်းချနေတဲ့အခန်းမဟုတ်ဘဲ ပလက်စတစ်ပိုက်တွေနဲ့ တခြားရောင်းကုန်တွေကို သိုလှောင်ထားတဲ့အခန်းဖြစ်ပြီး မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိရှိရကြောင်း ဈေးဆိုင်သည် ဦးစိန်ချစ်ကပြောပါတယ်။ “မီးလောင်တဲ့အချိန်တောင် မကြည့်လိုက်ရဘူးဗျ။ မီးလောင်တယ်ဆိုတာနဲ့ ပစ္စည်းတွေလိုက်သိမ်းဆည်းနေရတာနဲ့ တော်တော်လေးကို စိုးရိမ်သွားတာပေါ့။ မီးသတ်ဌာနကိုအကြောင်းကြားလိုက်တဲ့အတွက် မီးသတ်ကားတွေရောက်လာပြီး အချိန်မီငြိမ်းသတ်နိုင်ခဲ့ပါတယ်။”လို့ ဦးစိန်ချစ်ကပြောပါတယ်။ ယင်းမီးလောင်မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့် ပစ္စည်းသိုလှောင်ခန်းအတွင်းမှ ပစ္စည်းများမှာဆုံးရှုံးသွားခဲ့ပြီး အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် တခြားဈေးဆိုင်ခန်းတွေကို လောင်ကျွမ်းခဲ့ခြင်းမရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိခဲ့ကြောင်းသိရပါတယ်။ “မီးလောင်တာက မနက် ၁၀ နရာရီခွဲမှာစလောင်တာပါ။ ဈေးကြီးရဲ့အပေါ်ထပ်အခန်းတစ်ခန်းကလောင်တာဖြစ်ပါတယ်။ ဝါယာရှော့ဖြစ်ပြီးတော့လောင်တာပါ။ လောလောဆယ်တော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းကပြောပါတယ်။ အခုလို ပွင့်လင်းရာသီကိုရောက်တိုင်း ရခိုင်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုတွေနှစ်စဉ်ဖြစ်ပွားလေ့ရှိပြီးတော့ ဈေးတွေမီးလောင်မှုမျာလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ #voiceofmyanmar…
Read Moreစပါးခင်းကိုဝင်တဲ့ဆင်ကိုမောင်းထုတ်လို့ နောက်ဆင်က လယ်ရှင်ကိုနင်းသတ်
ရသေ့တောင်၊ နိုဝင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပိတောက်မြိုင်ကျေးရွာမှာ စပါးခင်းကိုဝင်စားနေတဲ့ တောဆင်ရိုင်းကို မောင်းထုတ်ရာ နောက်ဆင်တစ်ကောင်က လယ်ပိုင်ရှင်ကိုနင်းသတ်လိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ စပါးခင်းတွေကိုတောဆင်ရိုင်းတွေ ၀င်စားခြင်း၊ ဖျက်ဆီးခြင်းတွေဖြစ်ပွားနေတဲ့အတွက် နိုဝင်ဘာလ ၂၇ ရက်နေ့ညက စပါးခင်းစောင့်နေစဉ် ၀င်ရောက်လာတဲဆင်ကို မောင်းထုတ်ရာ နောက်ဆင်တစ်ကောင်က ပိတောက်မြိုင် နတလ ကျေးရွာနေ ဦးအောင်ထွန်းသိန်း ၄၂ နှစ်အား လိုက်လံနင်းသတ်လိုက်တာဖြစ်ပါတယ်။ “မနေ့ကည ၁၁ နာရီလောက်မှာ စပါးခင်းထဲကိုဆင်ဝင်စားတဲ့တွက် အဲဒီဆင်ကိုလိုက်ပြီး မောင်းထုတ်တဲ့အခါမှာ ဆင်နောက်တစ်ကောင်းရှိနေတာကိုမသိဘူး။ ၀င်စားတဲ့ဆင်ကိုပဲ လိုက်တော့ နောက်ဆင်တစ်ကောင်က နင်းလိုက်တာဖြစ်ပါတယ်။ သူတို့က နှစ်ယောက်စောင့်နေတာ တစ်ယောက်ကတော့ လွတ်မြောက်လာခဲ့ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲဒီဆင်တွေဟာ အခုနှစ်ဆောင်းဦးပေါက်ရာသီး စပါးတွေစတင်ရင့်မှည့်ချိန်က ဒေသခံတွေစိုက်ပျိုးထားတဲ့စပါးခင်းတွေကို ၀င်ရောက်ကျက်စားလေ့ရှိပြီး လယ်ပိုင်ရှင်တွေဟာ မိမိတို့စပါးခင်းတွေကို တောဆင်ရိုင်းတွေ မဝင်ရောက်ရေးအတွက် အန္တရာယ်ကြီးစွာကာကွယ်နေကြရတာဖြစ်ပါတယ်။ “ဆင်တွေက ဒီလိုရာသီမှာ…
Read Moreစစ်တွေမှာ ငြိမ်းချမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်
စစ်တွေ- နိုဝင်ဘာ ၂၈ – ၂၀၁၈ ခိုင်လင်းစံ (VOM) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ပြည်သူတွေကိုချပြတဲ့ ဆွေးနွေးပွဲစကားဝိုင်းတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ နိုဝင်ဘာ၂၈ရက်နေ့ဒီကနေ့ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဆွေးနွေးမှုတွေပြုလုပ်နေရဆဲကာလဖြစ်ပြီးတော့ အခက်အခဲတွေရှိနေတယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ #VOICEOFMYANMAR #UPDJC # ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ #စစ်တွေ
Read Moreလိုင်စင်မဲ့ယာဉ် (၄)စီး ကို တစ်နေရာထဲ တစ်ချိန်တည်းမှာ ဖမ်းဆီးရမိ
ကသာ နိုဝင်ဘာ ၂၈-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ကြာအင်းကျေးရွာ အနီးက ဗျူဟာကားလမ်းမမှာ ရွှေဘိုဘက် ကနေ မြစ်ကြီးနားဘက်ကို မောင်းနှင်လာတဲ့ လိုင်စင်မဲ့ကား (၄)စီး ကို အင်းတော်မြို့မရဲစခန်းမှူး ဦးဆောင်တဲ့ အဖွဲ့က နိုဝင်ဘာ လ (၂၇)ရက်နေ့ ညနေ (၄း၃၀) အချိန်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ် ။ အင်းတော်မြို့မရဲစခန်း က စခန်းမှူး ဒုရဲမှူး သက်တင်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနှဲ့အတူ မူးယစ်ဆေးဝါးသတင်း ရရှိထားတာကြောင့် အင်းတော်မြို့နယ် ကြားအင်းကျေးရွာ ကြာအင်းတံတားထိပ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေး ဆောင်နေချိန် ရွှေဘို ဘက် မှ မြစ်ကြီးနား ဘက်…
Read More”နောက်ထပ်ချစ်သူမထားရဲတော့ဘူးဆိုတဲ့ ပိုင်တံခွန်”
ရန်ကုန် နိုဝင်ဘာ ၂၈- ၂၀၁၈ သင်းသဒ္ဒါ (VOM) မော်ဒယ်လ်ပိုင်းမှာ အားပေးမှုရရှိလာရာကနေ သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာခဲ့ ပိုင်တံခွန်ကတော့ ”အချစ်ရေးကို မဖြေချင်ဘူးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နောက်ထပ် ချစ်သူမထားရဲတော့ပါဘူး။ ချစ်သူကောင်မလေးထားဖို့ကို ကျွန်တော် တော်တော်စဉ်းစားရမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကဆိုးတဲ့သူတယောက်လည်း ဖြစ်တယ်”လို့ဆိုပါတယ်။ သူရဲ့ အချစ်ရေး ပတ်သက်ပြီးတော့ “ကျွန်တော်တို့ ယောက်ျားလေးတွေအများစုက တဖြည်းဖြည်းနဲ့ သင်ယူရတာပေါ့နော်။ အသည်းကွဲတာများရင်တော့ အချိန်တန်ရင် တဖြည်းဖြည်း ရင့်ကျက်သွားမှာပါ။အခုတလော ကျွန်တော်ရဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ပါဘူး။ မိဘတွေ သဘောမတူတဲ့အတွက် လမ်းခွဲရတာ အဲဒီခံစားချက်က တော်တော်ကို ဆိုးတယ်။နောက်တစ်ခါ ချစ်သူထားဖို့က တော်တော်စဉ်းစားရမယ်။ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်က နည်းနည်းဆိုးတယ်။ အခုစိတ်က ဘယ်လိုကြီးဖြစ်နေလဲမသိဘူး”လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အသည်းကွဲတဲ့ရောဂါကို ခံစားနေရပြီး လူကြားထဲသွားရင်တောင် တစ်ယောက်တည်းဖြစ်နေတဲ့ခံစားချက်နဲ့အတွက် အထီးကျန်ခြင်းတွေကို ခံစားနေရတယ်လို့သိရပါတယ်။အနုပ ညာနဲ့ပတ်သက်တော့ ကြော်ငြာတွေရိုက်ကူးနေသလို စာမေးပွဲတစ်ဖက်နဲ့မို့ ပွဲတက်တွေပဲ လုပ်ဖြစ်နေတယ်လို့သိရပါတယ်။…
Read Moreယူကရိန်းနဲ့ တင်းမာမှုမြင့်တက်နေစဉ် ကရိုင်းမီးယားကျွန်းဆွယ်မှာ အက်စ်-၄၀၀ ဒုံးပျံတွေ ရုရှားဖြန့်ကြက်မည်
မော်စကို၊ နိုဝင်ဘာ-၂၈ မျိုးဆက် (VOM) အက်စ်-၄၀၀ ဒုံးပျံသစ်တွေကို ကရိုင်းမီးယားကျွန်းဆွယ်မှာ မကြာမီကာလအတွင်း ရုရှားနိုင်ငံက ဖြန့်ကြက်ချထားမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားတာကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ရုရှားက သိမ်းယူထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်အနီးက ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယူကရိန်းနိုင်ငံကလည်း ရုရှားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးတဲ့နောက်မှာ ဒုံးပျံတွေဖြန့်ကြက်မှာလို့ ရုရှာဘက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဆိုပါ အက်စ်-၄၀၀ ဒုံးပျံတွေကိုတော့ လာမယ့်ဒီဇင်ဘာလမှ စတင်ဖြန့်ကြက်ထားရှိသွားမှာဖြစ်တယ်လို့ အာအိုင်အေ သတင်းဌာနကလည်းဖော်ပြပါတယ်။ ဒီလို ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေစဉ်မှာ ဥရောပနိုင်ငံတွေအနေနဲ့ ယူကရိန်းနိုင်ငံကို ပိုမိုထောက်ခံမှုတွေပေးဖို့အတွက် အမေရိကန်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လာမယ့် သီတင်းပတ်မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ…
Read Moreရခိုင်ပြည်နယ်မှာ ပြည်ပထွက်အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေ တနှစ်ကို ၂၀၀၀ ကျော်ရှိနေ
စစ်တွေ နိုဝင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့အရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ်မြင့်မားလာနေပြီး အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံတွေဆီကို သွားရောက်အလုပ်လုပ်ကိုင်သူတွေလည်း ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။ အခုလိုမျိုး ပြည်ပနိုင်ငံတွေဆီကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ရခိုင်ပြည်နယ်အတွင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အရေအတွက်ဟာ တစ်နှစ်ကို ၂၀၀၀ ကျော်အထိရှိနေပြီး တစ်နှစ်ထက်တစ်နှစ် မြင့်မားလာနေတယ်တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်ပကိုအလုပ်သွားလုပ်တဲ့သူတွေ တရားဝင်သွားရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံကူးလက်မှတ် ဌာနခွဲကို စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ၂ ရက်နေ့က စပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။ လာရောက်လျှောက်ထားသူတွေကိုလည်း လျှောက်ထားသူတွေအလွယ်တကူ လုပ်ကိုင်နိုင်အောင်အတွက်ဖြစ်ပါတယ်။ စာအုပ်တွေကိုလည်း သတ်မှတ်ရက်အတွင်းမှာ ထုတ်ပေးနေတာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဒေသအသီးသီးကလူငယ်တွေဟာ အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံတွေဆီကို ထွက်သွားသူတွေများပြားနေတာကြောင့် အခုလိုမျိုးနိုင်ငံကူးလက်မှတ်တွေကို…
Read More