လာရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ညနေပိုင်းတွင် အာမခံနဲ့လွှတ်

လားရှိုး ဇန်နဝါရီ ၁၅-၂၀၁၉ လင်းလင်း (VOM) လားရှိုးနည်းပညာတက္ကသိုလ်က လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုစိုင်းကျော်ဇောဟန်ကို ဒီကနေ့ မနက်ပိုင်းက တက္ကသိုလ်ဝင်းအတွင်း အရပ်ဝတ်နှင့်ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ဖမ်းဆီးသွားခဲ့ပြီး ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ် လို့ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ထံက သိရပါတယ်။ ကိုစိုင်းကျော်ဇောဟန်ဟာ နည်းပညာ တက္ကသိုလ်(လားရှိုး)မှာ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ပမာဏထက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကျောင်းအပ်နှံရာမှာ ငွေကြေးပိုမိုကောက်ခံခြင်းများ၊ လွတ်လပ်စွာကျောင်းပြောင်းခွင့်မရခြင်း၊ ၎င်း သမဂ္ဂရုံးခန်းက ပစ္စည်းတွေကို သိမ်းယူခြင်း၊ ပညာရေးဝန်ကြီးဌာနက သဘောတူခွင့်ပြုထားတဲ့ ကျောင်းဆေးပေးခန်း ထားပေးရေး ကိစ္စတွေ အပါအဝင် အချက်ခုနစ်ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ တောင်းဆိုချက်တွေ ရရှိဖို့ အတွက် အစာငတ်ခံ ဆန္ဒထုတ်ဖော်မှုတွေလည်း ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ငြိမ်းစု/စီ ပုဒ်မ ၁၉…

Read More

သပိတ်ကျင်းမြို့နယ်တွင် နွားအရောင်းအဝယ် လုပ်ကိုင်သူ နှစ်ဦး အသတ်ခံရ

သပိတ်ကျင်း ဇန်နဝါရီ ၁၅-၂၀၁၉ လင်းလင်း (VOM) မန္တ​လေးတိုင်း၊ သပိတ်​ကျင်းမြို့နယ်​၊ ၀ါးဖြူ ​တောင်​​ကျေးရွာအုပ်​စု၊ ၉ မိုင်​ရွာရဲ့ မြောက်​ဘက်​က တောတန်းတစ်ခုမှာ ဒဏ်​ရာတွေနှင့် ​သေဆုံး​နေတဲ့ အ​လောင်းနှစ်ခုကို ဇန်​နဝါရီလ ၁၄ ရက်​​နေ့က ​တွေ့ရှိခဲ့​တယ် လို့ မန္တလေးတိုင်းရဲတပ်​ဖွဲ့မှူးရုံးကနေ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက်​ ၄၂ နှစ်​အရွယ်​ အမျိုးသမီးတစ်ဦးနှင့်​ အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်​ဦး တို့ဖြစ်ပြီး နွားအရောင်းအဝယ် လုပ်ကိုင်နေသူတွေဖြစ်တယ် လို့ သိရပါတယ်။ သေဆုံးသူတွေဟာ မထု၊ကောင်းမှုရံရွာ၊ မန်ဝန်းကြီးမြို့နယ်၊ ဒုက္ခသည်စခန်း၊ ကချင်ပြည်နယ် နေသူနှင့် ဦးတင်မောင်ဝင်း မှန်ရင်းရွာ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ နေသူနှစ်ဉီးဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ခန့်က နွားအရောင်းအဝယ် သတင်းစုံစမ်းဖို့ ပေါက်တပင်ကျေးရွာရှိ တည်းခိုရာနေအိမ်ကနေ ထွက်ခွာသွားရာက ပြန်လည်ရောက်ရှိမလာတော့တာ ဖြစ်ပြီး လူသေအလောင်းတွေ တွေ့ရှိတဲ့အတွက် စစ်ဆေးကြည့်ရာမှာ ၎င်းတို့နှစ်ဦးဖြစ်နေတယ်လို့…

Read More

နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီသဘောမျိုး ဦးဇော်ဌေးပြောသွားကြောင်း ဒေါက်တာအေးမောင်ဆို

နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီသဘောမျိုး ဦးဇော်ဌေးပြောသွားကြောင်း ဒေါက်တာအေးမောင်ဆို စစ်တွေ၊ ဇန်နဝါရီ ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မောင်တာမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဲဒီရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ပြောကြားချက်တွေကြောင့် သမ္မတကြီးမှာ စစ်မက်လိုလားတဲ့ စစ်ဝါဒီအဖြစ်သဘောသက်ရောက်သွားကြောင်း ဒေါက်တာအေးမောင်က မနေ့ပြောကြားခဲ့ပါတယ်။ “ကာလုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိုပြန်သုံးသပ်ရမယ့် ကာလမှာ ကိုဇော်ဌေးကပြောတယ်။ နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီသဘောမျိုးပြောသွားတာရှိတယ်။ သမ္မတရုံးကထုတ်ပြန်တယ်ဆိုတာ မဖြစ်သင့်ဘူး။ သမ္မတကြီးက ဖြန်ဖြေတာပဲဖြစ်ရမယ်။”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ သူ့အနေနဲ့ နိုင်ငံတော်ကို စစ်မဲ့နိုင်ငံတစ်ခုဖြစ်သွားစေချင်ကြောင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကို ပြန်တည်ဆောက်ဖို့ လိုအပ်နေပြီး တိုင်းရင်းသားတွေရဲ့အမုန်းလိုင်းတွေဟာ…

Read More

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ထာဝရထက်နှစ်ဆ ဇာတ်ကား အိန္ဒိယရုပ်ရှင်မှီငြမ်းတာနဲ့ပတ်သက်ပြီး ရှင်းပြ

ရန်ကုန် ဇန်နဝါရီ ၁၅ -၂၀၁၉ သင်းသဒ္ဒါ(VOM) လတ်တလော နာမည်ကြီးနေတဲ့ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးက အိန္ဒိယ ဇာတ်ကားကို Copy ထားတယ်ဆိုပြီး ပြောနေကြတာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ” နိုင်ငံခြားကား မီငြမ်းရိုက်ကူးခြင်းသည် ရုပ်ရှင်လောက အတွက်အင်မတန် အရေးကြီးနေလားပေါ့။ ကျွန်တော့် အရင်ဒီလိုကားတွေ ရိုက်ကူးနေကျပါပဲ။ ပရိသတ်ကလွတ်လပ်စွာ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်းကျောရိုး ယူထားပေမယ့် တင်ပုံစံ Presentation မတူအောင် ရိုက်ထားပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရိုက်ကူး နင်ပြထားပါတယ်။ တိုင်းပြည်မှာ ဒါထက်အရေးကြီးတာတွေအများကြီးရှိပါတယ် ဒါဟာလေးကို အစဆွဲထုတ်ပြီးမလုပ်ချင်ပါနဲ့ ။ ကိုယ့်တတ်သလောက် ဖန်တီးထားပါတယ်။ နိုင်ငံခြားကို မီမှာမဟုတ်ပါဘူး ပြောတဲ့ သူတွေကို ဒီဇာတ်ကားကို လာကြည့်လို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဒရာမာအချစ်ဇာတ်ကားဖြစ်တဲ့…

Read More

အီရန်စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျ၊ လိုက်ပါသူအားလုံးနီးပါးသေဆုံး

တီဟီရန်၊ ဇန်န၀ါရီ-၁၅-၂၀၁၉ မျိုးဆက် (VOM) လေယာဉ်မှူးအပါအ၀င် လူ ၁၆ ဦးလိုက်ပါလာတဲ့ အီရန်စစ်ဘက်လေယာဉ်တစ်စင်း လေဆိပ်ပြေး လမ်းကိုကျော်လွန်ပြီး ဇန်န၀ါရီ ၁၄ ရက်က အယ်လ်ဘော့ဇ်ပြည်နယ်မှာ  ပျက်ကျခဲ့တာကြောင့် လိုက်ပါလာသူအားလုံးနီးပါးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘိုးအင်း ၇၀၇ လေယာဉ်ဟာ ကာရစ်ရှိ ပါယမ် နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်ဖို့ စီစဉ်ထားပေမယ့် လေယာဉ်မှူးဟာ တီဟီရန်ရဲ့  အနောက်ဘက် ၂၅ မိုင်အကွာရှိ ဖက်သ်လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဆိုပါလေဆိပ်ဟာ လေယာဉ်ကြီးတွေအတွက် ပြေးလမ်းအလွန်တိုကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနကဖော်ပြပါတယ်။ လေယာဉ်ဟာ လေဆိပ်မှာဆင်းသက်ဖို့ကြိုးစားရင် ပြေးလမ်းချော်သွားပြီး လေယာဉ်ကွင်းနဲ့ အနီးနားရှိ လူနေအိမ်တွေကို ပိုင်းခြားထားတဲ့ တံတိုင်းကို တိုက်မိခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုပြီး လူနေအိမ်အချို့ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျပြီးမကြာမီ လိုက်ပါသူ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီရန်အရေးပေါ်ဌာန…

Read More

ကလေးမြို့နယ်မှာ မိုးစပါး တစ်ဧကပျမ်းမျှ တင်း ၉၀ နီးပါးထွက်သော်လည်း အရင်းမရှုံးယုံသာရ

ကလေး ဇန်န၀ါရီ ၁၅-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မိုးရာသီကာလ စိုက်ပျိုးတဲ့ မိုးစပါး စိုက်ခင်းအားလုံးကို ရိတ်သိမ်းခဲ့ပြီး  တစ်ဧကကို တင်း ၉၀ နီးပါး ထွက်ရှိ ခဲ့တယ်လို့ ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးကနေ သိရပါတယ်။ ကလေးမြို့နယ်မှာ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ ဧက ပေါင်း ၁သိန်း၃ထောင်ကျော် စိုက်ပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီစိုက်ခင်းတွေအားလုံးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကုန်မှာ အားလုံးရိတ်သိမ်းခဲ့ပြီးတာ ဖြစ်ပါတယ်။ဒီလို ရိတ်သိမ်းခဲ့တဲ့ မိုးစပါး ထွက်နှုန်းဟာဆိုရင် တစ်ဧကကို ပျမ်းမျှနှုန်း တင်း ၉၀ နီးပါး ထွက်ရှိခဲ့ပါတယ်။ ဒီစာရင်းတွေ အရ ၂၀၁၈ ခုနှစ် မိုးစပါးထွက်နှုန်းဟာ ဆိုရင် ၂၀၁၇ ခုနှစ် မိုးစပါးထွက်နှုန်းထက် တစ်ဧကလျင် ဒသမ ၃ တင်း နှုန်းလောက် ပိုမိုထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲလိုထွက်ပေမယ့်…

Read More

”ချစ်သူကို အနုပညာလောကထဲက ရွေးချယ်မယ့် ရွှေသမီး ”

ရန်ကုန် ဇန်န၀ါရီ ၁၅-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်က ချစ်စနိုးနဲ့ အရုပ်မလေးတူတယ်လို့ ပြောကြတဲ့ သရုပ်ဆောင် ရွှေသမီးကတော့ ချစ်သူကွို အနုပညာလောက သူကိုရွေးချယ်ရင် အဆင်ပြေမယ်လို့ဆိုပါတယ်။ ” ကိုယ်တွေ အနုပညာလောကထဲက ဆိုတော့ နားလည်မှုရှိပြီးကိုက်မယ်လို့ ထင်ပါတယ်။ အဲမျိုးသား မျိုးကို မျှော်လင့်ပါတယ်။ ဖူးစာပါရာပေါ့ ၊ ကံတရား အရပေါ့။တကယ်ဖူးစာမှန်တဲ့ သူပေါ့။ သူလည်းချစ်ရမယ် ကိုယ်လည်း ချစ်ရမယ့်သူပေါ့။ဒါဆိုရင် ပိုစဉ်းစားမယ်”လို့ဆိုပါတယ်။ သူမကတော့ ဇန်န၀ါရီ ၂၅ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ သားညီ ရိုက်ထားတဲ့ ”လေးပါးကျော့ရှိန် ၀ရဇိန်” ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း ၊မင်းမော်ကွန်း၊မင်းသွေး၊စည်ဖြိုး၊ပိုင်ဖြိုးသုတိုနဲ့ အတူပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ အနုပညာလောကက မောင်နှမတွေရဲ့ မင်္ဂလာဆောင်တွေ တက်တဲ့အပေါ်  ”ကိုယ့်က မင်္ဂလာဆောင်ရင်တော့အားကျမပါတယ်။ ကိုယ့်ကလည်း မိန်းကလေးဖြစ်တဲ့အတွက်ပေါ့။ တနေ့နေ့ တချိန်ချိန် မှာ…

Read More

ရခိုင်ပြည်နယ်မှာ အထောက်အပံ့အကူအညီတွေ အဟန့်အတားမရှိပေးခွင့်ပြုဖို့ ကုလသမဂ္ဂတိုက်တွန်း

နယူးယောက်၊ ဇန်န၀ါရီ-၁၅ မျိုးဆက် (VOM) ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီများကို အနှောက်အယှက် အဟန့်အတားမရှိ အလျင်အမြန်ပေးပို့ခွင့်ပြုဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို ဇန်န၀ါရီ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ မြို့နယ်ငါးမြို့နယ်ရှိ ကျေးလက်ဒေသတွေကို အင်န်ဂျီအိုအဖွဲ့တွေနဲ့ ကုလလက်အောက်ခံအဖွဲ့အစည်းတွေ သွားရောက်ခွင့်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ကြေညာချက်ထုတ်ပြန်ပြီး ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရရဲ့ကြေညာချက်မှာတော့ နိုင်ငံတကာကြက်ခြေနီကော်မတီနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ကိုတော့ ခြွင်းချက်အနေနဲ့ အဆိုပါဒေသတွေကို သွားရောက်ကူညီခွင့်ပြုထားပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသရှိ ပြည်သူတွေအတွက် ထိရောက်တဲ့အကူအညီတွေမရောက်ရှိမှာကို စိုးရိမ်ပူပန်ကြောင်းနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အနှောက်အယှက်မရှိ ပေးခွင့်ရရေးအတွက် မိမိတို့ရဲ့တောင်းဆိုချက်ကို မြန်မာအစိုးရအနေနဲ့ အပြုသဘောနဲ့ တုံ့ပြန်ဖို့ ကုလသမဂ္ဂက တိုက်တွန်းပြောဆိုပါတယ်။ လက်ရှိမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့…

Read More

ရသေ့တောင်မြို့နယ်က သပြေကျ ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့နေရာချထားပေးရန်စီစဉ်နေ

ရသေ့တောင်၊ ဇန်နဝါရီ ၁၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းကို ထွက်ပြေးလာခဲ့ကြတဲ့ကျေးရွာသားတွေ ယာယီနေထိုင်လျက်ရှိတဲ့ သက်ပြေကျ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို နေရာပြောင်းရွှေ့ပေးဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဗောဓိကုန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ငါးရွာခန့်က ထွက်းပြေးလာခဲ့ကြတာဖြစ်ပြီး လက်ရှိနေထိုင်တဲ့ သပြေကျကျေးရွာမှာ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခုလိုပြောင်းရွှေ့ဖို့ ပြင်ဆင်နေရတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးမျိုးနွယ်စုများအစည်းအရုံး REC က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ “သူတို့ကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်ရတာက အခုနေတဲ့သပြေကျစခန်းမှာ အဆင်မပြေတာတွေရှိပါတယ်။ သောက်သုံးရေအခက်အခဲရှိတယ်။ စာသင်ကျောင်းနားမှာနေရတာဆိုတော့ စာမေးပွဲတွေရှိနေတဲ့အတွက် ဆူညံမှုတွေဖြစ်တယ်။ ပြီးတော့ သွားလာရေးအခက်အခဲကြောင့် အကူအညီပေးရေးအဖွဲ့တွေ လာရောက်ကူညီဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကားလမ်းနဲ့နီးပြီးတော့ အားလုံးအဆင်ပြေမယ့်နေရာကို ပြောင်းရွှေ့ပေးဖို့လုပ်နတာပါ”လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ လက်ရှိမှာ အဲဒီစစ်ဘေးရှောင်တွေအတွက် စခန်းချထားပေးတဲ့နေရာဟာ လယ်ကွက်တွေဖြစ်နေပြီး ရေရှည်နေထိုင်ရမယ့် အနေအထားရှိနေတာကြောင့် ဘူးသီးတောင်-ရသေ့တောင်ကားလမ်းနံဘေး ပဲသတူကျေးရွာအနီးကို ပြောင်းရွှေ့ဖို့အတွက် REC အဖွဲ့က…

Read More

စစ်ကိုင်းတိုင်းမှာ ကြိုးပြင်ကာကွယ်တော ၁၆ ခု NLD အစိုးရလက်ထက်မှာတိုးလာ

မုံရွာ ဇန်နဝါရီ ၁၅- ၂၀၁၉ ဗျဂ္ဃ (VOM) NLD အစိုးရလက်ထက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောမြေအဖြစ် ကြိုးပြင်ကာကွယ်တော ၁၆ ခုတိုးလာတယ်လို့ စစ်ကိုင်းတိုင်းသစ်တောညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။ အရင်က စစ်ကိုင်းတိုင်းမှာ ကြိုးဝိုင်းကြိုးပြင် ၂၅၉ ခုရှိပြီး ဧရိယာ ၉၁ သိန်းဧကကျော်ရှိပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ သစ်တောဖုံးလွှမ်းမှုကောင်းနေသေးတဲ့ ကသာ၊ ကလေး၊ မော်လိုက်၊ ခန္တီးစတဲ့ခရိုင်တွေမှာလည်း နောက်ထပ် သစ်တောမြေတွေ အသစ်ထပ်မံဖွဲ့စည်းဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့  ဆိုပါတယ်။ “ကြိုးပြင်ကာကွယ်တောအဖြစ် ၁၆ ခုကို သစ်တောဖုံးလွှမ်းမှုကောင်းတဲ့ နေရာတွေမှာ ဖွဲ့စည်းခဲ့ပြီးပါပြီ။ နောက်ထပ်အနေနဲ့ ၁၆ ခုကိုတော့ ရည်ရွယ်ကြောင်းထွက်ပြီးပြီ။ ကြေးတိုင်စိုက်ပြီးပြီ။ အဲဒီဟာကိုလည်း ပြည်ထောင်စုအဆင့်ကို ကြေငြာချက်ထွက်ပေးဖို့ တင်ပြထားပါတယ်။ နောက်တခါ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာတွေနဲ့ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရရဲ့ သဘောတူညီချက်၊ ထောက်ခံချက်ယူပြီးတော့မှ အဆိုပြုအနေနဲ့ကြေငြာပေးဖို့ ပြည်ထောင်စုကို တင်ထားတာ…

Read More
VOM News

FREE
VIEW