တိုက်စစ်မှူး ဟီဂူအင်ကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်တဲ့ ချယ်ဆီး

 

လန်ဒန်၊ ဇန်န၀ါရီ-၁၈-၂၀၁၉

ရန်နိုင်ထွန်း(VOM)

စီးရီးအေကလပ် ဂျူဗင်တပ် မှ အေစီမီလန် အသင်းသို့ အငှားဖြင့်သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ချယ်ဆီးအသင်းက ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ဟာ ယခင်က နာပိုလီအသင်းမှာ ကစားခဲ့ချိန်က နည်းပြဖြစ်သူ လက်ရှိချယ်ဆီးနည်းပြ ဆာရီနဲ့ ပြန်လည်လက်တွဲဖို့ ဇန်န၀ါရီ ၁၈ ရက်မှာ လန်ဒန်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဟီဂူအင်ကို တစ်ပတ်ကို ပေါင် ၁၇၀၀၀၀ ပေးချေရမှာဖြစ်ပြီး ရာသီကုန်အထိ ခြောက်လစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ကာ ၎င်းရဲ့ ဂိုးသွင်းနှုန်းနဲ့ စွမ်းဆောင်ရည်တွေပေါ်မူတည်ပြီး နောက်ထပ်တစ်နှစ် ထပ်မံငှားရမ်းနိုင်မှာဖြစ်ပါတယ်။

၎င်းအနေနဲ့ လာမယ့်အပတ်မှာ စပါးအသင်းနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပြီး ပထမအကျော့မှာတော့ ချယ်ဆီးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ ဟီဂူအင်ကိုခေါ်ယူလိုက်တာက ချယ်ဆီးအသင်းရဲ့ စပိန်တိုက်စစ်မှူး မိုရာတာကို ပေါင် ၂၈ သန်းဝန်းကျင်နဲ့ အက်သလက်တီကိုအသင်းထံ ရောင်းချဖို့အတွက်လည်း လမ်းပွင့်သွားစေပါတယ်။

Ref: Mirror Photo :AFP

#voiceofmyanmar#ချယ်ဆီး#ဟီဂူအင်

 

Related posts

Leave a Comment

VOM News

FREE
VIEW