ပန်းမြောင်းကျေးရွာသားတစ်ဦး နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်ခံရ

စစ်တွေ၊ ဇန်န၀ါရီ ၂၃-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ မနေ့ည ၉ နာရီ ၂၀ ခန့်က ကျေးရွာသားတစ်ဦးဟာ နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်ခံလိုက်ရတဲ့အတွက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ပန်းမြောင်းကျေးရွာ ရွာဟောင်းရွပ်ကွက်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ဦးမောင်အေးသိန်း ၅၆ နှစ်မှာ နေအိမ်ခြံတံခါးကို ပိတ်ဖို့ပြင်နေတန်း လူတစ်ဦးလာရောက်ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

“မနေ့က ပစ်ခတ်ခံလိုက်ရတဲ့အတွက်ရွာဟောင်းပိုင်းက ကိုမောင်အေးသိန်းသေဆုံးသွားတာဟုတ်ပါတယ်။ ဘယ်သူတွေပစ်လဲဆိုတာတော့မသိဘူး။ နေအိမ်ခြံထဲကိုဝင်ပစ်သွားခဲ့တာလို့ သိရပါတယ်။”လို့ ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူဦးမောင်အေးသိန်းမှာ အခင်းဖြစ်ပွားချိန်တွင် နေအိမ်အတွင်း ဇနီးသည်နှင့် သားတစ်ယောက်တို့ရှိနေချိန် အခုလိုပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။

ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက“ဦးမောင်အေးသိန်းက မနေ့ကည ၉ နာရီခွဲလောက်မှာ သူ့အိမ်တံခါးကိုပိတ်ဖို့အတွက် ပြင်နေတုန်းလူတစ်ယောက်ရောက်လာပြီးတော့ ကိုမောင်အေးသိန်းလားလို့မေးပြီး ပစ်သွားတာလို့ မိသားစုတွေပြောတာပေါ့။ ဘယ်ကလဲဆိုတာတော့မသိဘူး။ ထွက်ပြေးသွားတယ်။ သေနတ်နဲ့ငါးချက်ပစ်ခတ်သွားတယ်။”လို့ ပြောပါတယ်။

သေဆုံးသူဦးမောင်အေးသိန်းမှာ (၉- မမ)ကျည်အမျိုးအစားဖြင့် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး ညာဘက်ရင်အုံပေါ်တွင် တစ်ချက်၊ ရင်ညွှန့်တွင်တစ်ချက်၊ ၀မ်းဗိုက်တွင်နှစ်ချက်၊ ပေါင်တွင်တစ်ချက်ဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ပေါ်တွင် တစ်မှု၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင်တစ်မှု၊ ယခုပန်းမြောင်းကျေးရွာတွင် တစ်မှုဖြစ်ပွားခဲ့ကာ ပစ်ခတ်မှု ၃ မှုအထိရှိလာနေပြီဖြစ်ပါတယ်။

#voiceofmyanmar#မင်းပြားပစ်ခတ်မှု#ပန်းမြောင်းရွာ

 

Related posts

Leave a Comment

VOM News

FREE
VIEW