လိပ်ပြာစံအိမ်ဇာတ်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမည်

 

ရန်ကုန် ဖေဖော်ဝါရီ ၁ -၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ထိုင်းဒါရိုက်တာ Chartchai Ketnust က ရန်ကုန်၊ ရေနံချောင်းမြို့နယ် အပြင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မှာပါ ရိုက်ကူးခဲ့တဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။

အဆိုပါဇာတ်ကားကို ထိုင်း၊စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင် ၊ ဂျပန် ၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် ၊မလေးရှား ၊ဘရူနိုင်း ၊ထိုင်ဝမ် ၊ ဗီဟယက်နမ် ၊လာအို ၊ အိန္ဒိယ စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာလည်း ပြသသွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာတော့ မြန်မာပြည်နဲ့ စင်ကာပူမှာ တပြိုင်တည်း ရုံတင်မှာပါလို့သိရပါတယ်။

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရလောက နဲ့ သတ္တလောကအကြားရှိနေတဲ့ မိဘ နဲ့ သားသမီးမေတ္တာတရားကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ထိုင်းဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးထားပြီး မင်းသားဒေါင်းနဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို မြန်မာနိုင်ငံအပြင် နိုင်ငံတကာဈေးကွက်ကိုပါ ထိုးဖောက်ပြသသွားမယ့်ကားဖြစ်တဲ့အတွက် ရင်ခုန်နေတယ်ကြောင်းနဲ့ ခေတ်နှစ်ခေတ်ပုံစံကိုရောစပ်ထားပြီး Horror ပုံစံ ရိုက်ကူးထားတယ်လို့ ပြောပါတယ် ဇာတ်ကားမှာ မိခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ၀တ်မှုန်ရွှေရည်က ဆိုပါတယ်။

ဒါ့အပြင် လိပ်ပြာစံအိမ် ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် မိခင်ဇာတ်ရုပ်အတွက် ဇာတ်ကားမရိုက်ခင်ကတည်းက မိခင်တစ်ယောက်ရဲ့စိတ်မျိုးသွင်းထားလိုက်တယ်လို့ ဆိုပါတယ်။

”ကစ်က အမေကိုအရမ်းချစ်တဲ့ သမီးတစ်ယောက်ဆိုတော့ ဇာတ်ကားမရိုက်ခင်ကတည်းက တကယ့်ကိုအမေတစ်ယောက်ရဲ့စိတ်ကို သွင်းလိုက်တယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ သမီးလေးလုပ်တဲ့ပြည့်ပြည့်ကလည်း အရမ်း တော်တယ် ။ အရမ်း smart ဖြစ်တယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးဆိုတော့ သူနဲ့နေတဲ့အချိန်ကျရင် အထူးတလည် mood ထည့်စရာမလိုဘူး။ သူ့ကိုချစ်ပြီး တော့ ကိုယ့် သားသမီးလေးလိုဖြစ်နေတာပေါ့”လို့ပြောပါတယ်။

ဓါတ်ပုံ-၀တ်မှုန်ရွှေရည်ဖေ့ဘွတ်

Related posts

Leave a Comment

VOM News

FREE
VIEW