တောင်နဝင်းဆည်ကျိုးတယ်လို့ ကောလဟာလသတင်းကြောင့် ဒေသခံတွေစိုးရိမ်

ပေါက်ခေါင်း၊ ဖေဖော်ဝါရီ ၈-၂၀၁၉

လမင်း(ပြည်) (VOM)

ဖေဖော်ဝါရီလ ၈ ရက်နေ့မနက်ပိုင်းက ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်က တောင်နဝင်းဆည်ကျိုးတယ်လို့ ကောလဟာလသတင်းများ ပျံ့နှံ့ခဲ့ပြီး ဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။

” ဆည်ကျိုးပြီးရေတွေဝင်လာတယ်ဆိုတာကြောင့်ဆည်အောက်ပိုင်းကကျေးရွာနေပြည်သူများသာမက ပေါက်ခေါင်းမြို့မှာနေတဲ့သူတွေလည်းပြေးကြလွှာကြနဲ့စိုးရိမ်ထိတ်လန့်ကြတယ် ” ဟုပေါက်ခေါင်းမြို့နေ ဒေသခံတစ်ဦးကဟြေပါတယ်။

ယခုလက်ရှိမှာ ဆည်ကျိုးသည့်မဟုတ်မမှန်ကောလဟာလသတင်းကြောင့် တောင်နဝင်းဆည်ကို လာရောက်ကြည့်ရှု့ကြတဲ့သူများနေပြီး တောင်နဝင်းဆည်အနီးပတ်ဝန်းကျင်ရှိရွာတွေနဲ့ ပေါက်ခေါင်းမြို့ထဲမှာ တောင်နဝင်းဆည်ကျိုးတာဟာ မဟုတ်မမှန် ကောလဟာလသတင်းဖြစ်ကြောင်း ပြည်သူများစိုးရိမ်မှု့မရှိအောင် အသံချဲ့စက်များနဲ့ လိုက်လံသတိပေးနေပါတယ်။

#voiceofmyanmar#ပေါက်ခေါင်း#တောင်နဝင်းဆည်ကျိုးတယ်လို့ကောလဟာလသတင်းကြောင့်ဒေသခံတွေစိုးရိမ်#

Related posts

Leave a Comment

VOM News

FREE
VIEW