မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြသူ​​တွေကို ​ငွေဒဏ်၁သောင်း အမိန့်ချ

မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၁၁-၂၀၁၉
မရမ်ဂျာထွယ်အောင်(VOM)

ဖေဖေါ်ဝါရီ ၇ရက်နေ့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆန္ဒပြရာမှာ ခွင့်ပြုချက်ထဲမှာမပါတဲ့ ပစ္စည်တွေကို အသုံးပြုတဲ့အတွက် မြစ်ကြီးနားမြို့နယ်တရားရုံးက ဒီကနေ့မနက်ပိုင်းမှာ ငွေဒဏ်၁သောင်းအမိန့်ချလိုက်ပါတယ်

ခွင့်ပြုချက်တင်တဲ့အထဲမှာမပါတဲ့ လော်စပီပကာ နဲ့ နဖူးစည်းကို အသုံးပြု ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် ငြိမ်းစုစီပုဒ်မ(၂၀)နဲ့တရားစွဲဆိုခံရတာဖြစ်ပါတယ်

အဲ့ဒီနေ့က ဆန္ဒပြသူတွေဟာ မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကို အပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိကြောင်းစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၇ရက်နေ့က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေက ဒေသခံတွေ ပူးပေါင်းကာ မနောကွင်းကနေ မြစ်ကြီးနားမြို့အတွင်းကို လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်

#voiceofmyanmar#မြစ်ကြီးနား#မြစ်ဆုံရပ်ဆိုင်းရေးဆန္ဒပြသူ​​တွေကိုငွေဒဏ်၁သောင်း အမိန့်ချ#

Related posts

Leave a Comment

VOM News

FREE
VIEW