ရတနာပုံတက္ကသိုလ် ​ဗကသ ​ကျောင်းသားခုနှစ်ဦးကို အပြီးသတ် အမိန့်ချ

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၁၃-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်မှာ ​ကျောင်းတွင်းလုံခြုံ​ရေး တိုးမြင့်​ချထား​ပေးဖို့ နိုင်​ငံ​တော်​အကြီးအကဲ​တွေရဲ့ ဓာတ်​ပုံ​တွေကို မီးရှို့ဆန္ဒပြခဲ့ကြတဲ့ ဗကသ​ကျောင်းသား (၇)ဦး ကို ဒီက​နေ့မနက်​ပိုင်းက အမရပူရတရားရုံးက​နေ အပြီးသတ်​အမိန့်​ချမှတ်​ခဲ့ပါတယ်​။

 

ပုဒ်မ ၄၃၅ နဲ့ ​ထောင်​ဒဏ်​  သုံးလ၊ ပုဒ်မ ၁၉ နဲ့ ​ထောင်​ဒဏ်​ နှစ်လ ချမှတ်ခဲ့ရာ အဆိုပါ ပုဒ်မနှစ်ခုမှ ပြစ်ဒဏ်​တွေကို တစ်ပေါင်းတည်း ကျခံစေဖို့အတွက်​ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရမှုကို ပလပ်​ခဲ့တာ ဖြစ်​ပါတယ်​။ ရတနာပုံတက္ကသိုလ်​ ​ဗကသများအဖွဲ့ချုပ် စည်းရုံး​ရေးမှူး ကိုရဲမျိုး​ဆွေက စီရင်ချက်ချအပြီးမှာ ခုလိုဆိုခဲ့ပါတယ်။

“ကျွနိ​တော်​တို့က ဒီတရားစ်ီရင်​​ရေးစနစ်​ကို အယုံကြည်​မရှိဘူး ၊ပြစ်​ဒဏ်​ကို သူတို့ကြိုက်​သ​လောက်​ ချ​ပေါ့ ၊ ကျွန်ေ​တာ်​တို့က ဒီတရားစ်ီရင်​​ရေးစနစ်​ကို အယုံကြည်​မရှိဘူး ၊ကျွန်​​တော်​တို့က ကိုယ်​ကိစ္စကိုလုပ်​တယ်​လို့ ”  ​ပြောပါတယ်​။

ရတနာပုံတက္ကသိုလ် ဗကသ ​ကျောင်းသားများဖြစ်​တဲ့ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ၊ကိုဘုန်းမြင့်ကျော်၊ ကိုရဲလင်းအောင်၊ ကိုနေဝင်းကျော် နှင့် ကိုဘချစ်(ခ) ကိုမျိုး တို့ ခုနှစ်ဦးဟာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာ (၂၈)ရက်က မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဦးကျော်ဆွေ နဲ့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့ရဲ့ ဓာတ်ပုံ​​တွေကို အ​ခေါင်းပုံစံပေါ်တင်​ပြီး နာရေးပုံစံပြုလုပ်​ မီးရှို့ခဲ့တာ​ကြောင့်​  ပုဒ်မ ၁၉/၄၃၅/၅၀၅(ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရတာဖြစ်​ပါတယ်​။

 

#voiceofmyanmar#မန္တ​လေး#ရတနာပုံတက္ကသိုလ် ​ဗကသ​ကျောင်းသားခုနှစ်ဦးကိုအပြီးသတ်အမိန့်ချ#

Related posts

Leave a Comment

VOM News

FREE
VIEW