မ​ကွေးတိုင်း မင်းလှမြို့နယ်​မှာ အ​ထောက်​အထားမဲ့ ဘင်္ဂလီ ၄၃ဦးဖမ်းမိ

 

မင်းလှ ဖေဖေါ်ဝါရီ ၁၄-၂၀၁၉

ဂျန်ကိုးလ် (VOM)

မကွေးတိုင်း မင်းလှမြို့နယ်မှာ နိုင်ငံသားအထောက်အထားမရှိပဲခရီးထွက်လာတဲ့ ဘင်္ဂလီ ၄၃ ယောက်ကို ဖေဖေါ်ဝါရီ ၁၄ ရက် မနက်အစောပိုင်းက ဖမ်းမိခဲ့ပါတယ်။

အခုဖမ်းမိတာဟာ သတင်းအရ မင်းလှမြို့နယ် လက်ပံတံခါးတိုက်နယ် အရိုချင်းရွာက လူငယ်လူရွယ်၂၅ဦးခန့်ကလည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်ရှာဖွေပေးခဲ့ကြတာဖြစ်ပြီး အမျိုးသား ၂၉ယောက် အမျိုးသမီး ၅ယောက်ကို ပရဆိုင်ရွာဘက်မှာဖမ်းမိခဲ့ပြီး ဝက်သွယ်ကျေးရွာအနီးမှာ အမျိုးသား ၉ယောက်ထပ်ဖမ်းမိတာမို့ စုစုပေါင်း၄၃ဦးလို့သိရပါတယ်။

အဲဒီလို အုပ်​စုလိုက်​ဖမ်းမိတဲ့အကြောင်းကို မင်းလှမြို့နယ် ရေနံမနယ်​​မြေရဲစခန်းမှူးရဲအုပ်​မျိုးမင်းထွန်း ပြောပြတာက

“​ကျောက်​​တော်​မြို့နယ်​ကလာတာဖြစ်​တယ်​ ၁၂ရက်​​နေ့ကမိတဲ့ ၁၆​ယောက်​ရဲ့ ထွက်​ဆိုချက်​အရ​ တောထဲမှာ ၄၃​ယောက်​ကျန်​တာသိရတယ်​။   အရင်​ကတည်းက​ ​နေ့ ညကင်းပုန်းဝတ်​ သတင်းရှာနဲ့ပိတ်​ဆို့​ရေးက တ​နေ့မှ မနားရတာကြာပါပီ အခုမိတာ​တွေက တောထဲမှာပွဲစားက ​လမ်း​ကြောင်းကြည့်​ဦးမယ်​ဆိုပြီး အ​ခြေအ​နေမ​ကောင်းလို့ ရှောင်​သွားရာက​နေ​ တောထဲမှာရက်​၂၀​ကျော်​  ရခိုင်​ရိုးထဲမှာကြာ​နေတာဖြစ်​တယ်​”လို့ ဆိုပါတယ်။

ကျောက်​​တော်​မြို့နယ်​ထဲက ရွာ​တွေမှာ​နေထိုင်​သူ​တွေလို့သိရပြီးမြန်​မာ​ကျောင်း​နေဘူးသူတွေလည်း ပါတယ်​လို့သိရပါတယ်

“မြန်​မာစကားတတ်​တယ်​ ၆တန်း၇တန်း​နေဘူးတဲ့သူ​တွေပါ​တွေ့​နေရတယ်​ သူတို့မမှတ်​မိလိုက်​တဲ့အဖိုးအဖွား​တွေကပြည်​တွင်းမှာ​ပေါက်​ပွားကြတာ​တွေ ပြည်​တွင်းမှာဘဲ လယ်​ ကိုင်း ငါးဖမ်းအလုပ်​​တွေနဲ့ရွာတည်​​နေကြတာကြာပြီ အစဉ်​အဆက်​ကတိကျတဲ့​ဖြေရှင်းနည်းမရှိခဲ့ဘူး ဟိုမသွားရဒီမလာရနဲ့​နေကြရာက အခု​ခေတ်​မှာ​ဖောက်​ထွက်​လာကြတာ ရခိုင်​ရိုးမကလမ်း​ကြောင်း​ပေါက်​တာ​ပေါ့ လွတ်​တာ​တွေလဲရှိတယ်​လို့​ပြောတယ်။ မင်းတုန်းမှာမိတဲ့လမ်းပြ သယ်​​ဆောင်​သူ​တွေကို​တော့ CIDကကိုင်​တွယ်​ပြီးတရားစွဲမယ်​လို့ “လည်း ရဲအရာရှိတဦးက​ပြောပါတယ်။

မင်းတုန်းမြို့ကပရဟိတလုပ်​​ဆောင်​သူကိုနိုင်​ဦးက​ “ အများထင်​သလိုအခုမှ တဖက်​နိုင်​ငံကခိုးဝင်​လာတာမဟုတ်​ဘူး ဒီနိုင်​ငံတွင်းမှာတရားမဝင်​​နေထိုင်​ကြတာနှစ်​​ပေါင်းကြာတဲ့သူ​တွေ ဘယ်​လိုဘဲဖြစ်​ဖြစ်​မူဝါဒတခုနဲ့ထိမ်းချုပ်​သင့်​ပီ ဖမ်​ပြီး​ထောင်​ချ ပြန်​ပို့ဆိုတာအ​ဖြေမဟုတ်​​တော့ဘူး ဘယ်​လိုလုပ်​မှာလဲ ပြတ်​သားဘို့လို​နေပါပြီ” လို့ပြောပါတယ်​။

 အခုဖမ်းမိထားသူတွေ ကိုလဝကအက်​ဥပ​ဒေ၆၂/၆၃နဲ့ မင်းလှမြို့နယ်​တရားရုံးမှာတရားစွဲမှာလို့သိရပါတယ်။ မင်းလှမြို့နယ်​ထဲမှာ ဒီလပိုင်းအတွင်း တရားမဝင်ဘင်္ဂလီ၂၃၀​ကျော်​ဖမ်းမိခဲ့တယ်​လို့ သိရပါတယ်​။

ဖေါ်ဝါရီ ၄ရက် မနက်​ ၄နာရီခွဲခန့်​ကလည်း မ​ကွေးတိုင်း၊ သရက်​ခရိုင်​ မင်းတုန်းမြို့နယ် ​ပုသိမ်​မုံရွာ လမ်းမကြီးပေါ်မှာ မူခင်းဂျာနယ်သတင်းထောက်မောင်းနှင်လာတဲ့ကားပေါ်က အ​ထောက်​အထားမဲ့ ဘင်္ဂလီ၁၀ဦးကို ​ဖမ်းမိခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW