တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတရားခံတွေကို အမိန့်ချမှတ်

အင်းစိန် ဖေဖေါ်ဝါရီ ၁၅-၂၀၁၉

TGH (VOM )

အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှုမှာ တရားခံတွေကို ဒီကနေ့ မှာ အင်းစိန်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ဦးကိုနီကိုသေနတ်နဲ့တေ့ပစ်တဲ့ ကြည်လင်းကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့သေဒဏ်၊ တဆက်တည်း သေနတ်သမားကြည်လင်းဟာ တက္ကစီသမား ကိုနေဝင်းကို ကြိုတင်ကြံစည်မှုမရှိဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့အနေအထားပေါ်မူတည်ပြီး နောက်ထပ်သေနတ်နဲ့ပစ်သတ်တာဖြစ်လို့ ၃၀၂ နဲ့ ထောင် အနှစ် ၂၀ချမှတ်လိုက်ပါတယ်။ အမှုတွဲမှာပါတဲ့ တရားခံတွေဖြစ်တဲ့ အောင်ဝင်းဇော်ကို ကြိုးမိန့်နဲ့သေဒဏ် ချမှတ်ခဲ့ပါတယ်။ နောက်ထပ်အမှုတွဲတရားခံတွေဖြစ်တဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်တယ်လို့ ၂ဖက်ရှေ့နေတွေကပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW