မင်္ဂလာဆောင်ရင် စပွန်ဆာမတောင်းဘူးဆိုတဲ့ ဘေဘီမောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၁၉

သင်းသဒ္ဒါ

 

လက်ရှိမှာ အဆိုတော် သားဂန်းနဲ့တွဲနေတဲ့ သရုပ်ဆောင် ဘေဘီမောင်ကတော့ မင်္ဂလာဆောင်ရင် စပွန်ဆာမတောင်းဘူးလို့ ဆိုပါတယ်။

 

“ဘေဘီမောင် မင်္ဂလာဆောင်ကတော့ ပကာသနတွေမပါပဲ စိန်အစစ်တွေကိုလည်း မ၀တ်ပါဘူး။ စပွန် ဆာလည်း မတောင်းပါဘူး။ ပျောက်သွား ရင်လျော်နေရမယ်လေ။ ကံက ပြောလို့ မရဘူး။ မုန့်လက်ကောက် စား နေရမယ်ဆိုတော့ စိန်တွေ မ၀တ်ပါဘူး။ ဖန်စီလေးတွေ ၀တ်ပြီး ရိုးရိုးရှင်းရှင်းပဲ မင်္ဂလာဆောင်မှာပါ။ ပကာသန မပါတဲ့ အရိုးရှင်းဆုံး မင်္ဂလာပွဲကို ကျင်းပချင်တာပါ”လို့ ဆိုပါတယ်။

 

“အိမ်ထောင်ပြုဖို့ ဘေဘီရဲ့ Plan ကတော့ မိသားစုစုစည်းစည်း နေနိုင်ဖို့အတွက် သုံးထပ်တိုက်အိမ်လေး ဆောက် နေပါတယ်။ အိမ်ထောင်ကျရင် သူနဲ့အတူတူနေလို့လည်း ရတာပေါ့။ အခုနယ်မှာနေတာဆိုတော့ ရန်ကုန်မှာ အတူအခြေချကြမယ်။ သူ့ရဲ့သီချင်းခွေ နောက်တစ်ခွေ ထွက်ပြီးလို့ အိမ်လေးလည်း ပြီး သွားရင် ဘေဘီတို့ မင်္ဂလာဆောင်မှာပါလို့” သူက ပြောပါတယ်။

 

မြန်မာပြည်မှာ မနေတော့ပဲ အမေရိကကို ထွက်မယ့်လို့ ပြောလာတဲ့အပေါ်မှာ “အမေရိကကို ထွက်မယ်ဆိုတော့ စိတ်ကူးပြောင်းသွားပြီးလားဆိုတော့ ကိုယ့်နားမှာ ရှိလာတဲ့ သူပေါ်မှာ မူတည်ပါတယ်။ သူက ကိုယ့်ကို ကြင်နာမှု ၊နွေးထွေးမှု ၊ရိုသေတယ်။ လေးစားတယ်။ ကိုယ့်ဘ၀ထဲ သူဝင်လာချိန်မှာ နှစ်နှစ်ကာကာ သစ္စာ ရှိရှိဖြစ်လာတော့ လူတစ်ယောက်ကြောင့် ဘေဘီပြောင်းလဲ သွားတာဖြစ်နိုင်ပါတယ်။ ဘေဘီက အနုပညာ ခေတ်ကမကောင်း ၊ ကားရိုက်တွေကလည်း ပါးတော့ ပွင့်ပွင့်လင်း လင်း ပြောရရင် မိသားစုကိစ္စလေးတွေရှိခဲ့ တယ်။ အမေကလည်း ပထမပစ်မှတ်ထားတာ ဖြစ်ခဲ့ရင်ပါ။ အဝေးက ထောက်ပံ့ပါလို့ ပြောခဲ့တာမို့ပါ။ ဗီဇာလည်း လျှောက်ထားပါတယ်။ ဒီဗီဇာလျှောက်ချိန်မှာ သူနဲ့တွေ့လာခဲ့တယ်။ မေတ္တာနက်ရှိုင်းတာမို့ မလွန်ဆန်နိုင်ပဲနဲ့ မသွားဖြစ်တော့တာပါ”လို့ ဆိုပါတယ်။

 

မင်္ဂလာပွဲကို အကြီးကြီးမလုပ်ပဲ ရိုးရိုးရှင်းရှင်းပဲ ဘ၀ကို ဖြတ်သန်းမယ်။ ထားဝယ်မှာ ဆွေပြမျိုးပြ အလှူလေးတွေလုပ်ရင်း ထားဝယ်ရိုးရာလို မင်္ဂလာဆောင်မယ်။ ရန်ကုန်မှာလည်း ရိုးရိုးရှင်းရှင်းလေး ဆောင်မယ်လို့ ဘေဘီမောင်က ပြောပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW