ချစ်သူရဲ့ရုပ်ရည်ကို စံနှုန်းသတ်မှတ်မထားဘူးဆိုတဲ့ဝတ်မှုန်ရွှေရည်

ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉

သင်းသဒ္ဒါ

 

ကာရိုက်တာပိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်င်တဲ့ ပရိသတ် အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ချစ်သူရဲ့ရုပ်ရည်ပုံစံကို စံနှုန်းသတ်မှတ်မထားပါဘူးလို့ ဆိုပါတယ်။

“အဓိကကတော့ ကစ် အပေါ်မှာ သစ္စာရှိပြီ ယောက်ျားပီသဖို့တော့ လိုတာပေါ့။ ကစ်ရဲ့ ကြိုက်တဲ့ ကောင်လေးပုံစံကတော့ ဘယ်လို ရုပ်မျိုးရှိမှရယ်လို့ စံနှုန်းစံထားရယ်လို့ မရှိပါဘူး”လို့ ဆိုပါတယ်။

ပရိသတ် စိတ်ဝင်စားနေတဲ့ အချစ်ရေးအပေါ် “ကစ်ရဲ့ အချစ်ရေးကိုတော့ ဘာမှကို မပြောချင်သေးပါဘူး။ ကစ်ရဲ့ ပရိသတ်တချို့  အနုပညာအလုပ် တွေပဲ အများကြီး လုပ်စေချင်ကြတယ်။ အလုပ်တွေ ပိုလုပ်ဖြစ် နေပါတယ်” လို့ ပြောပါတယ်။

ဟီးရိုး ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ သူက “ကစ် ဒီဇာတ်ကားရိုက်တော့ ဆိုင်ကယ်စီးလည်း သင်ရပါတယ်။ တစ်ဆင်းန်တောင် ပါသေးပါတယ်။ ဆိုင်ကယ်မစီးတတ်၊ စီးတတ်နဲ့ စီးတဲ့အခန်းပေါ့။ ဒီဇာတ်ကား ရိုက်ပြီးသွားတော့ ကစ်ဆိုင်ကယ်စီးတတ်သွားတယ်။ ကစ်က ကားမကြောက်ပေမယ့် ဆိုင်ကယ်တော့ ကြောက်တယ်။ ဆိုင်ကယ်စီးကတော့ တော်တော် လေး ကြောက်ပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာ ရုံတင်မယ့် Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး မလေးရှား ဒါရိုက်တာ R.Perakas ရဲ့ အကြမ်း၊ အလွမ်း၊ ရို့မန့်၊ ဟာသ ပုံစံတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ “Hero” ဟီးရိုး ရုပ်ရှင်ဇာတ် ကားကြီးမှာတော့ အကယ်ဒမီ မြင့်မြတ်၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ နေနော် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဓာတ်ပုံ – #၀တ်မှုန်ရွှေရည် facebook

Related posts

Leave a Comment

VOM News

FREE
VIEW