တစ်ကိုယ်တော် အခွေထွက်တော့မယ့် သျှီ

ရန်ကုန် ဖေဖော်ဝါရီ ၂၆ – ၂၀၁၉

 

သင်းသဒ္ဒါ (VOM)

 

ရော့ခ်ဂီတနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့  အဆိုတော် သျှီကတော့ ပထမအခွေနဲ့ ၈နှစ်ကျော်ကြာမှ တစ်ကိုယ်တော်အခွေထွက်တော့မယ်လို့ သိရပါတယ်။

 

”အစ်မ အခွေလုပ်နေတာ လုံးဝ အခွေက အဆုံးသတ်နေပြီ။ ဒါပေမယ့် ဘယ်တော့ထွက်မယ်ဆိုတာသာ အတိအကျမပြောနိုင်သေးတာလေ။ ခေတ်ကလည်း ပြောင်းသွားသလို ထုတ်ရတဲ့ပုံစံကလည်း ပြောင်းသွားတယ်ဆိုတော့ ဒါကြီးကို ကိုယ်က သေသေချာချာ သပ်သပ်ရပ်ရပ်လေး နှစ်ပေါင်းများစွာ လုပ်လာတဲ့အခွေလေ ၊ ပြီးတော့ မှ ထွက်ကာနီးမှ ဗရမ်းဗတာ ဖြစ်သွားမှာစိုးလို့လေ။ အဓိကတော့ အခွေကိုနားထောင်စွဲ သူတွေလက်ထဲလည်းရောက်ချ  အသက်ရပ်ဆုံးနဲ့ အကောင်းမွန်ဆုံး ရောက်စေချင်တယ်။ အဲ့ဒါလေးကိုလုပ်နေတာဖြစ်တဲ့အတွက် ဒီနှစ်ထဲတော့ ထွက်မယ်၊ ရက်တွေလတွေတော့ သတ်မှတ်လို့မရသေးဘူး”လို့ဆိုပါတယ်။

 

သူမကတော့ ၂၀၁၀ ခုနှစ်က  ဂန္ဓဝင်စကားဆိုတဲ့ အခွေကိုထွက်ခဲ့ပြီးတော့ ၈နှစ်ကြာသွားပြီ။ မျှော်တဲ့ပရိသတ်တွေကိုတော့ မျှော်ရကျိုးမနပ်စေမယ့် အခွေမျိုးမဟုတ်ဘူး။ ပရိသတ် နောင်တမရစေအောင် အစ်မလုပ်ထားပါတယ်လို့ ပြောနိုင်ပါတယ်။ ကျန်တာကတော့ သူတို့အပိုင်းပေါ့လို့ ပြောပါတယ်။

 

”ဒီ အခွေမှာ ရော့ခ်တွေလည်းပါမယ်၊ ထင်မှတ်မထားတဲ့ ပုံစံတွေလည်းပါမယ်၊ ဒါပေမယ့်ကိုယ့်အသက်အရွယ် နဲ့ ကင်းလွတ်သွားမယ့်ဟာလည်း မဟုတ်ဘူး။ကိုယ့်လမ်းကြောင်းနဲ့ သွေဖီသွားမယ့်ဟာလည်း မဟုတ်ဘူး။ အကြောင်းအရာနဲ့ အစ်မက လူထဲကလူတစ်ယောက်မို့ အားလုံးနဲ့ သဟဇာတဖြစ်မှာပါ ။ နားထောင်ကြည့်ပါ လူ တွေထဲက လူတစ်ယောက်ရဲ့ သီချင်းတွေပါပဲလို့ပြောချင်တယ်”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW