အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်လေတပ်ပစ်ချ၊ လေယာဉ်မှူးတစ်ဦးကို ဖမ်းထား

ဒေလီ၊ ဖေဖော်ဝါရီ-၂၇-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်လေတပ်က အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ဖေဖော်ဝါရီ ၂၇ ရက်က ပစ်ချလိုက်ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်ဘက်က အတည်ပြုလိုက်ပါတယ်။

အိန္ဒိယလေတပ်က တိုက်လေယာဉ်တစင်းက ပါကစ္စတန်ထိန်းချုပ်ထားတဲ့နယ်မြေထဲကို ပျက်ကျခဲ့ပြီး နောက်တစ်စင်းကတော့ အိန္ဒိယပိုင်နက်ထဲ ပျက်ကျသွားတယ်လို့ ပါကစ္စတန်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး အာဆစ်ဂါဖိုးက ပြောပါတယ်။

ကက်ရှ်မီးယားဒေသ ပါကစ္စတန်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသရှိ စစ်သွေးကြွတွေကို အိန္ဒိယလေတပ်က စီးနှင်းတိုက်ခိုက်မှု ပြုလုပ်ပြီး တစ်ရက်အကြာမှာ ပါကစ္စတန် တိုက်လေယာဉ်သုံးစင်းက အိန္ဒိယလေပိုင်နက်အတွင်း ၀င်ရောက်ခဲ့ပြီး အိန္ဒိယတိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်တာကြောင့် လေယာဉ်မှူးနှစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ သေဆုံးသွားတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ကက်ရှ်မီးယားဒေသ ဆာရီနာဂါရှိ ရှိတ်ယူအလန် နိုင်ငံတကာလေဆိပ်ကို အိန္ဒိယအာဏာပိုင်တွေက လက်ရှိမှာ ပိတ်ထားလိုက်ပါတယ်။

မွတ်ဆလင်အများစုနေထိုင်ကြရာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံလုံးက အခိုင်အမာပြောဆိုထားကြပြီး လက်ရှိမှာတော့ နယ်မြေပိုင်းခြားပြီး အုပ်ချုပ်နေကြတာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှ ဗြိတိန်ထံက လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်နိုင်ငံအကြား စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

Ref : RT/BBC
Photo : Xinhua

Related posts

Leave a Comment

VOM News

FREE
VIEW