ကျောက်ဆည် မဟာရွှေသိမ်တော်ကို လာရောက်အဓိဌာန်ပြုဆုတောင်းသူ ဘာလို့များနေလဲ

ကျောက်ဆည်   ဖေဖော်ဝါရီ ၂၇

စောပြည့်ချမ်းသာ(VOM)

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ သင်တောင်ကြီးကျေးရွာရှိ ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားသို့ ယခုရက်ပိုင်းမှာလာရောက် အဓိဋ္ဌာန်ပြုဆုတောင်းတာများလာတယ်လို့ မဟာရွှေသိမ်တော် မြတ်စွာဘုရားဂေါပက အဖွဲ့ကနေသိရပါတယ်။

 

ယခုရက်ပိုင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုတော့မယ့် ကျောင်းသား၊ကျောင်းသူတွေ လာရောက် အဓိဋ္ဌာန်ပြုဆုတောင်းမှုဟာ အများဆုံးဖြစ်နေပါတယ်။

 

‘ဆယ်တန်း စာမေးပွဲကို  နှစ်ခြင်းပေါက် အောင်မြင်ဖို့နဲ့ အောင်မြင်တဲ့အခါမှာ ဂုဏ်ထူးတွေနဲ့ အမှတ်ကောင်းကောင်းရဖို့ ကန့်တော့ပွဲ ပေးပြီး ဆုတောင်းခဲ့ပါတယ် “ဟု ကျောက်ဆည်မြို့မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားတစ်ဦးက ပြောပါတယ်။

 

လာရောက် သစ္စာအဓိဌာန်ဝင်တဲ့ သာသနာပွဲပေးသူတွေကို ဘုရားဂေါပကအဖွဲ့ကဆုတောင်းပေးမှုများပြုလုပ်ဆောင်ရွက်ပေးပြီး  သာသနာပွဲများကို ညပိုင်းမှာဘုရားဂေါပက အဖွဲ့က ငှက်ပျောသုံးဖီးပါ ကန်တော့ပွဲ တပွဲကို ငွေကျပ် ၅၀၀ နဲ့ လေလံတင်ရောင်းချပြီး ဘုန်းတော်ကြီး ကျောင်းများနဲ့ပရဟိတ အသင်းများကို ပြန်လည်လှူဒါန်းပေးတယ်လို့ မဟာ ရွှေသိမ်တော် မြတ်စွာဘုရား ဂေါပက အဖွဲ့ ထံကနေသိရပါတယ်။

 

 

 

ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားစေတီတော်ကို ပုဂံခေတ်က အနော်ရထာမင်းတည်ထားကိုးကွယ်ခဲ့ပြီး အရှင်ဓမ္မဒဿီ     (ခေါ် )ရှင်အရဟံ က သိမ် သမုတ်တော်မူခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ အရသိရပါတယ်။

 

စောပြည့်ချမ်းသာ ရိုက်ကူးတင်ဆက်ထားပါတယ်။

 

#voiceofmyanmar#ရွှေသိမ်တော်#ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW