အ၀တ်မဲ့ ၀ိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မယ့် ရွှေအိမ်စည်

ရန်ကုန် မတ် ၁- ၂၀၁၉

သင်းသဒ္ဒါ(VOM)

 

အလှမယ်အပြင် သရုပ်ဆောင်ပိုင်းပါ လုပ်ဆောင်လာတဲ့ ရွှေအိမ်စည်ကတော့ The Naked Ghost ဇာတ်ကားမှ အ၀တ်မဲ့ဝိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

 

”လူတစ်ယောက်ဟာ သေခံနီးဖြစ်ပျက်တာကို နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အစွဲကို ဖော်ညွှန်းထားတာပါ။ အစုအဖွဲ့လိုက် မုဒိန်းကျင့်ခံရတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အမုန်းနဲ့ နာကျည်းမှုတွေ ထိတ်လန့်စွာနဲ့ ဖျောက်ဖျက်လိုက်တဲ့ မိန်းမပျိုရဲ့ အဝတ်မဲ့ခန္ဓာကိုယ်နဲ့ တရားမျှတမှုအတွက် လိုက်လံရှာဖွေတယ်။ ဒါ့အပြင် အဝတ်မဲ့ဝိဥာဉ်တစ်ကောင်ရဲ့ လိုက်လံ လက်စားချေမှုတွေကို ထိတ်လန့်ဖွယ် ပုံဖော်ရိုက်ကူးမယ့် The Naked Ghost ဖြစ်ပါတယ်”လို့ဆိုပါတယ်။

 

သူမကတော့ မတ်လ တတိယပတ်မှာတော့ Media 5 ရုပ်ရှင်ထုတ်လုပ်ရေးကနေ Horror ဇာတ်လမ်းပုံစံ ”The Naked Ghost@စွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ဇာတ်လမ်း ငြိမ်းချမ်းကျော်၊ဇာတ်ညွှန်း Mနိုး နဲ့ ငြိမ်းချမ်းကျော် ရေးသားပါတယ်။ ဒါရိုက်တာ အရုဏ်ဦး ပွင့်သဂီင်္ဇော် က သရုပ်ဆောင်များဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း ၊ငြိမ်းချမ်းကျော်၊ နေရဲ ၊ခန့်လင်းသိုက် စတဲ့ အနုပညာရှင်များစွာနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

” ဇာတ်ကားအစပိုင်းမှာတော့ အိမ်စည်က ရိုးရိုးယဉ်ယဉ် ကောင်မလေးတစ်ယောက်ပေါ့။ ကိုယ့်အတွက် လုပ်ကွက်ရလို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကားမှာ ပါဝင်လို့ ကိုယ်ကိုကိုယ် ရှုံးနိမ့်နေတယ်လို့ မခံယူထားဘူး ။ ဘယ်လိုကာရိုက်တာမို့ ဖြစ်နေရင် မလုပ်ချင်ဘူးဆိုရင် တိုးတက်သင့်သလောက် တိုးတက်လာမှာ မဟုတ်ပါဘူး အိမ်စည်ထင်ပါတယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

 

#voiceofmyanmar#ရွှေအိမ်စည်

Related posts

Leave a Comment

VOM News

FREE
VIEW