နှစ်လကျော် ထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်သားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်လွှဲပေး

ကော့ဘဇား၊ မတ်-၃-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကိုဖြတ်ပြီး တောအုပ်တစ်ခုအတွင်း လမ်းမှားနေတဲ့ မြန်မာစစ်သားတစ်ဦးကို နှစ်လကျော်ကြာ ထိန်းသိမ်းထားပြီးနောက် မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။

 

အသက် ၃၀ နှစ်အရွယ် မြန်မာစစ်သား အောင်ဘိုဘိုသိန်းကို နိုင်ခွန်ချာရီမြို့တောင်ဘက်အနီးတွင် ဇန်န၀ါရီ ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တပ်မှူးဖြစ်သူ ဆာဂျယ်ဒါ ရာမန်က ပြောပါတယ်။

 

မြန်မာစစ်သားဟာ နယ်စပ်ကိုဖြတ်ကျော်ခဲ့တာဖြစ်ပြီး ၎င်းကို တောအုပ်တစ်ခုမှာ တွေ့ရှိခဲ့ပြီး ယနေ့မှာတော့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ကတစ်ဆင့် လွှဲပြောင်းပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ဆိုပါတယ်။

 

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်ဘက်က စစ်ဆင်ရေးတွေလုပ်ဆောင်ပြီးနောက် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသကို ထွက်ပြေးသွားပြီးကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။

 

နှစ်နိုင်ငံသဘောတူညီချက်အရ ယမန်နှစ်ကတော့ ရိုဟင်ဂျာတွေကပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့ပေမယ့်လည်း ရိုဟင်ဂျာတွေက နေရပ်ပြန်ဖို့ ငြင်းဆိုပြီး နိုင်ငံသားအဖြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ကြာကြာလက်မခံနိုင်တော့ဘူးလို့ ယခုသီတင်းပတ်အတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ပြောဆိုခဲ့ပါတယ်။

 

Ref : Daily Mail

Photo : Getty Images

#voiceofmyanmar # ဘင်္ဂလားဒေရှ်#မြန်မာစစ်သား#မြန်မာ#ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW