ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ် ဇနီးဟောင်းအမ်ဘာဟက်ကိုတရားစွဲ

နယူးယောက်၊ မတ်-၃-၂၀၁၉

မျိုးဆက် (VOM)

 

Paradise of the Caribbean ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ်ဟာ ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ကို  အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။

 

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျွန်နီဒပ်ရဲ့ ဇနီးဟောင်း အမ်ဘာဟက်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ  ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့ပြီး ယင်းဆောင်းပါးမှာတော့  သူမသည် အိမ်တွင်းအကြမ်းဖက်မှုတွေခံခဲ့ရတာကို ဆိုးဆိုးရွားရွားဖော်ပြထားပါတယ်။

 

မစ္စတာဒပ်သည် အမ်ဘာဟက်ကို တစ်ကြိမ်တစ်ခါမျှ အကြမ်းဖက်ခဲ့တာမရှိဘဲ  ၎င်းရဲ့ ရေးသားမှုတွေဟာ စနစ်တကျအကွက်ချစီစဉ်ထားတဲ့ လိမ်လည်မှုတစ်ရပ်သာဖြစ်တယ်လို့ ဂျွန်နီဒပ်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။

 

ဝါရှင်တန်ပို့စ်သတင်းစာမှာ သူနဲ့ပတ်သက်ပြီး ဆောင်းပါးဖော်ပြခဲ့တဲ့အတွက် ဂျော်နီဒပ်ဟာ ဇနီးဟောင်းဆီကနေ  နစ်နာကြေး ဒေါ်လာသန်း၅၀ရရှိရန်ကြိုးပမ်းလျက်ရှိပါတယ်။

၎င်းတို့နှစ်ဦးလက်ထပ်ပြီး တစ်နှစ်အကြာ ၂၀၁၆ခုနှစ်မေလမှာ ဂျော်နီဒပ်က  အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်တယ်လို့ အမ်ဘာဟက်က ပထမဦးစွာ စွပ်စွဲခဲ့ပါတယ်။ ဒီလိုစွပ်စွဲတိုင်ကြားတာနဲ့ပတ်သက်ပြီး  ဂျော်နီဒပ်ကို  သူမနဲ့  အဝေးမှာနေဖို့ အမိန့်ထုတ်ခံရပြီးနောက် ၂၀၁၇ခုနှစ်မှာတော့ ၎င်းတို့ဇနီးမောင်နှံမှာ ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။

 

Ref : BBC

Photo : Getty Images

 

 

Related posts

Leave a Comment

VOM News

FREE
VIEW