မင်းသွေးပါဝင်သီဆိုခဲ့တဲ့ သီချင်းခွေရဲ့ အကျိုးအမြတ်တွေကို လှူဒါန်းသွားမယ်

ရန်ကုန် မတ် ၈-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

မင်းသွေးပါဝင်သီဆိုခဲ့တဲ့ ” ပထမသုံး “သီချင်းခွေရဲ့ ရောင်းရတဲ့အကျိုးအမြတ်တွေကို လှူဒါန်းပေးသွားမယ်လို့ မင်းသွေးရဲ့အကိုဖြစ်သူ ကိုနေတိုးက ပြောပါတယ်။

”ဒီခွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်အနေနဲ့ မင်းသွေးကို ရည်စူးပြီးတော့ပရဟိတလုပ်ငန်းတွေ လုပ်သွားဖို့ရှိပါတယ်။ဒီခွေရာင်းရတဲ့ ပိုက်ဆံတွေနဲ့ ပါဝင်ထားတဲ့ ညီမင်းခိုင်ရော သားငယ်တို့ရော ရည်ရွယ်ချက်လေးတွေရှိ ကြတော့ အလှူအတန်းတွေလုပ်သွားမှာပါ”လို့ ဆိုပါတယ်။

” ပထမသုံး ” တေးအယ်လ်ဘမ်မှာတော့ မင်းသွေး ၊ သားငယ် နဲ့ ညီမင်းခိုင်တို့  သုံးဦး ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးတော့ မတ် ၁၀ ရက်မှာ မြန်မာတစ်ပြည်လုံးကို ဖြန့်ချိမှာဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသွေးရဲ့ အစ်ကိုတော်စပ်သူ သရုပ်ဆောင် နေတိုးကလည်း ညီဖြစ် သူ မင်းသွေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာလို့ သိရပါတယ် ။

မင်းသွေးရဲ့ ကိုယ်စားပွဲတက်လာတာဖြစ်သလို ကျွန်တော်ကတော့ ရခိုင်အမျိုးသားတေးသံရှင် ၃ ဦး သီဆိုတဲ့ ခွေကို ဂုဏ်ပြုအားပေးပါတယ်။ ဒီ အခွေလေးရဲ့ Title ကိုတော့ မင်းသွေးပဲ ပေးဖြစ်ခဲ့တာပါ။ Title ကို သူပေးတဲ့ အချိန်မှာတော့ မကြိုက်လို့ဆိုပြီး ပြန်ပြောင်းမယ်ဆိုပြီးတော့ စဉ်းစားခဲ့တာပါ။ ဒါပေမယ့် သူကြားထဲမှာ ဆုံးသွားတော့ သူပေးတဲ့ဟာလေးကိုပဲ အမှတ်တရအနေနဲ့ Titleပေးထားဖြစ်ခဲ့တာပါ”လို့ဆိုပါတယ်။

ဒါ့အပြင် မင်းသွေးအတွက် ရည်ရွယ်ပြီးတော့ လာမဲ့ဧပြီလမှာတော့ ရခိုင်ပြည်နယ်က ဘုရားအနေကဇာတင် ဖို့ရှိတယ်လို့ သိရပါတယ်။

 

#voice of Myanmar #မင်းသွေး #နေတိုး

Related posts

Leave a Comment

VOM News

FREE
VIEW